Showing posts with label Burmese Version. Show all posts
Showing posts with label Burmese Version. Show all posts

ဘဝ၏ အောက်ခြေမှ ထိပ်ဆုံးသို့


အသက် ၉ နှစ်အရွယ်တုန်းက ကျွန်မ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်...
>>>Oprah Winfrey<<<
- တက္ကသိုလ်ပညာရေးကိုတောင် ကျွန်တော်ဆုံးခန်းမတိုင်ခဲ့ပါဘူး...
>>>Bill Gates<<<
- ကျွန်မသိတတ်တဲ့အရွယ်ကစပြီး အသက် ၁၈ နှစ်အရွယ် အိမ်က မထွက်လာခင်အထိ ကျွန်မအဖေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ပြောဆိုပုတ်ခတ်မှုတွေ အနိုင်ကျင့်မှုစော်ကားမှုတွေကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်...
>>>Joyce Meyer<<<
- မူလတန်းကျောင်းသားဘဝ တစ်လျှောက်လုံး စာလိုက်နိုင်ဖို့ ကျွန်တော် ရုန်းကန်ကြိုးစားခဲ့ရပါတယ်...
>>>Dr Ben Carson<<<
- ကျွန်တော် ဘောလုံးလေ့ကျင်နိုင်ဖို့အတွက် ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည်ဖျော်ပေးတဲ့ အလုပ်ကို မကြာခဏလုပ်ခဲ့ရဖူးပါတယ်...
>>>Lionel Messi<<<
- ကျွန်တော့်သူငယ်ချင်းရဲ့ အခန်းကြမ်းပြင်ပေါ်မှာ ကျွန်တော်အိပ်ခဲ့ရတယ်... Coke ဗူးခွံတွေပြန်သွင်းပြီး ပိုက်ဆံရှာ...စားစရာတွေ ဝယ်ခဲ့ရတယ်... ပြီးတော့ အပတ်စဉ် အလကားကျွေးတဲ့ အနီးအနားက ဘုရားကျောင်းလေးမှာ ပုံမှန် သွားစားသောက်ခဲ့ဖူးတယ်....
>>>Steve Jobs<<<
- ကျွန်တော့်ဆရာတွေက ကျွန်တော့်ကို အရှုံးသမားလို့ ခေါ်လေ့ရှိတယ်...
>>>Tony Blair<<<
- ကျွန်တော် ၂၇ နှစ်လုံးလုံး ထောင်ထဲမှာ နေခဲ့ရတာပါ....
>>>Nelson Mandela<<<
ဘဝမှာ အခက်အခဲတွေအများကြီး တွေ့ကြုံပေမဲ့ ကျွန်တော်တို့ လက်မလျှော့သင့်ပါဘူး... ဘာကြောင့်လဲဆိုတာ့ ဘဝဆိုတာ
အခုအချိန်အထိ သင်မတတ်နိုင်ခဲ့တဲ့ အရာတွေကို ကိုယ်စားပြုနေတာ မဟုတ်ဘူး.... ဘဝဆိုတာ သင်အခုအချိန်အထိ ဘာလုပ်နိုင်သေးလဲဆိုတာပေါ် မူတည်နေလို့ပါပဲ....
ဒါကြောင့်... ဘယ်တော့မှ အရှုံးမပေးပါနဲ့...
Ref: Daily Health Tips
နှိုင်းရင့်နွေ

ကေအေစီ လူထုတွေ့ဆုံမှုမှ ကရင်မျိုးနွယ်စု ၇စုရှိဟု ကနဦး ရလဒ်ပေါ်ထွက်

ကရင်မျိုးနွယ်စု အမည်မှန် တရားဝင် ခေါ်ဆိုသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး ကရင်လူမျိုးအများစု နေထိုင်သည့်ဒေသများ၌ ကရင့်ရေးရာကော်မတီက ဦးဆောင်ကာ လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ရာတွင် ကရင်မျိုးနွယ်စုကြီး ၇စုရှိသည်ဟု ကနဦးရလဒ် ပေါ်ထွက်လာကြောင်း ကော်မတီအတွင်းရေးမှူး စောကျော်စွာက သြဂုတ် ၄ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
“အခုမျိုးနွယ်စု အမည်မှန်ဖော်ထုတ်ရေး ပထမအဆင့်က  ၇စု ရလဒ်ထွက်တယ်လို့ ပြောလို့ရတယ်။ အစိုးရ သန်းခေါင်စာရင်း ကောက်တုန်းက မျိုးနွယ်စုသတ်မှတ်ပေမဲ့ အခု မပါတော့တာက ကရင်ဆိုတာ မတွေ့တော့ဘူး။ မွန်ကရင်စာဖြူ မတွေ့ရဘူး။ ကလေရှီးက မိုပွာနဲ့ အတူတူပဲလို့ ပြန်ပြောတယ်။ နောက်တခါ သလေပွာနဲ့ မိုနီပွာက ပကူးနဲ့အတူတူပဲလို့ ပြောတယ်။ အစိုးရ သန်းခေါင်စာရင်းမှာမပါတဲ့ ဂယ်ဘားကတော့ ကရင်ထဲ ပြန်ဝင်လာတယ်”ဟု စောကျော်စွာက ပြောသည်။
အဆိုပါမျိုးနွယ်စုအမည်မှန် ဖော်ထုတ်ရေး လူထုတွေ့ဆုံပွဲများမှ ကနဦး ထွက်ပေါ်လာသည့် ကရင်မျိုးနွယ်စု ၇စုမှာ စကော၊ ပိုး၊ ဘွဲ၊ မိုပွာ၊ ကရင်ဖြူ၊ ပကူးနှင့် ဂေဘား တို့ဖြစ်သည်ဟု ကရင့်ရေးရာကော်မတီက ထုတ်ဖော်ပြောဆိုလိုက်သည်။ လက်ရှိအချိန် တွင် ကရင့်ရေးရာကော်မတီအနေဖြင့် ကရင်မျိုးနွယ်စု အမည်မှန်ဖော်ထုတ်ရေး လူထုတွေ့ဆုံပွဲများကို ပထမအဆင့် မြို့နယ်၊ ခရိုင်အလိုက် ပြုလုပ်မည်ဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် ပြည်နယ်နှင့် တိုင်းတွေ့ဆုံပွဲ ဆက်လက်ပြုလုပ်ပြီး တတိယအဆင့်ဖြင့် တနိုင်ငံလုံး အတိုင်းအတာ ပြုလုပ်ရန် စီစဉ်ထားသည်ဟု ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
ကရင်လူမျိုးများသည် နေထိုင်ရာဒေသ၊ ရိုးရာယုံကြည်မှု၊ ဘာသာတရားအရ ကွဲပြားမှုကို အခြေခံပြီး မျိုးနွယ်စု ကွဲပြားခဲ့သော် လည်း အနှစ်ချုပ်ပါက မျိုးနွယ်စု အများအပြားမရှိဟု ကရင့်ကြေးမုံမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မန်းနောင်မင်း(ထီမန်း)က ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဥပမာ လူတစ်ယောက်ထဲကို တစ်ယောက်တစ်မျိုးစီ လိုက်ခေါ်လို့ နာမည်တွေ ကွဲကုန်တာမျိုးပေါ့။ ပလေပွာတို့၊ ပလေချီးတို့ ဆိုတာ မျိုးနွယ်ခွဲမဟုတ်ဘဲနဲ့ ရွာကို အမှီပြုပြီးတော့ ပေါ်လာတာမျိုး။ လယ်ဂယ်တို့၊ တလေခုံးတို့ ဆိုတာလည်းပဲ စကော မျိုးနွယ်ပဲ။ သူ့ရဲ့ရိုးရာ၊ ဘာသာတရား ယုံကြည်မှုကြောင့် ဝတ်စားဆင်ယင်ပုံလေး ကိုင်လှုပ်လိုက်တာ ကွဲကုန်တာတွေပေါ့။ အဲဒီလိုနဲ့ မျိုးနွယ်စုတွေ အများကြီးကွဲကုန်တာ။ ချုပ်လိုက်ရင် ဘာမှမရှိဘူး”ဟု မန်းနောင်မင်း(ထီမန်း)က ပြောသည်။
လက်ရှိတွင် ကရင့်ရေးရာကော်မတီအနေဖြင့် ပထမအဆင့် မျိုးနွယ်စု အမည်မှန်ဖော်ထုတ်ရေး လူထုတွေဆုံပွဲများကို ကရင်ပြည် နယ်တွင် ၁၀ကြိမ်၊ ပဲခူးနှင့် တနသာင်္ရီတိုင်းဒေသကြီးများတွင် ၅ကြိမ်စီ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃ကြိမ်၊ မွန်ပြည်နယ်တွင် ၄ကြိမ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သကဲ့သို့ ၅ကြိမ်ခန့် ထပ်မံပြုလုပ်ရန်ရှိသည်ဟုလည်း ကော်မတီက ဆိုသည်။
အစိုးရက ပြီးခဲ့သည့် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် ကရင်မျိုးနွယ်စု ၁၁စု သတ်မှတ်ကောက်ယူခဲ့ခြင်းအပေါ် မှား ယွင်းသည်ဟု ဝေဖန်မှုများရှိနေသလို လက်ရှိအချိန်ထိ တိုင်းရင်းသားမျိုးနွယ်စုများ၏ သန်းခေါင်စာရင်းရလဒ်ကို အစိုးရအနေဖြင့် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သက်မွန်မြင့်ချစ်သူများအဖွဲ့မှ ပလက်ဝမြို့နယ်ရေဘေးသင့်သူများအတွက် လှူဒါန်း

နိုင်ငံကျော် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်ချစ်သူများအဖွဲ့မှ ပလက်ဝမြို့နယ်ရေဘေးသင့်သူများအတွက် ကျပ်သိန်း ၅၀ လှူဒါန်း
သြဂုတ် ၁၅ ---

မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင်များမှ နိုင်ငံကျော်ရုပ်ရှင်မင်းသမီး သက်မွန်မြင့်ထံလှူဒါန်းသော အလှူငွေများထဲမှ ကျပ်သိန်း၅၀ကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရေဘေးဒါဏ်သင့်ပြည်သူများအတွက်
ဖလမ်းမြို့နယ်မှတဆင့် လက်ခံရရှိကြောင်း သိရသည်။

"မသက်မွန်လှူတဲ့ သိန်း ၅၀ နှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက လောလောဆယ်လှူထားတဲ့ ၁၀ သိန်းကို ပေါင်းပြီး မနေ့ကစပြီးတော့ ဆမီးနှင့် သံထောင်ဘက်ကို သွားလှူနေပါပြီ။ အိမ်တွေဘာတွေဆောက်ဖို့အဆင်ပြေအောင် ငွေသားနဲ့ပဲ ပေးမှာပါ။ တစ်အိမ်လုံး ပျက်စီးသွားတာ၊ အစိတ်အပိုင်းပျက်စီးတာဆိုပြီး ခွဲခြားပြီး ပေးသွားမှာပါ။ အသေးစိတ်စာရင်းကို ရဖို့ခက်တော့ သွားရင်းနဲ့ စာရင်းပြုစုပြီး ပေးဖို့ စီစဉ်တာပါ" ဟု ပလက်ဝမြို့နယ် နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ ဘဏ္ဍာထိန်းမှ ခူမီးမီဒီယာသို့ ပြောသည်။
ဖလမ်းမြို့နယ်မှတာဝန်ရှိသူများက နှစ်ခြင်းအသင်းတော်သို့ တာဝန်ပေး ပေးပို့ခြင်းဖြစ်၍ နှစ်ခြင်းအသင်းတော်အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ

မင်းတပ်မြို့နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ
==================================
အမျိုးသားလွှတ်တော်
၁။ဦးဟာရှိန်ဘွေ ( ကြံ့ခိုင်ရေးပါတီ)
၂။ဦးကီးတမ် ( တိုင်းရင်းသားစည်းလုံးညွှတ်ရေးပါတီ)
၃။ဦးရှိန်းထွန်း (ချင်းတိုးတက်ရေးပါတီ)
၎။ဦးမောင်နိုင် ( ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
၅။ဦးမာန်လောမောင်း( NLD)
၆။ဒေါ်ဟုန်းရောင် ( ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)

ပြည်သူ့လွှတ်တော်
၁။ဦးနိုင်းလိန်း ( ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
၂။ဦးဟုန်းငိုင်း ( ကြံ့ခိုင်ရေးပါတီ)
၃။နေလင်းအေါင် ( NLD )
၎။ဒေလိုင်းကီး ( ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)
ပြည်နယ် ၁
၁။ဦးဟာရှိန်းကီး ( ချင်းဒီမိုကရေစီအဖွဲ့)
၂။ဦးနိန်နိုင် ( ကြံ့ခိုင်ရေးပါတီ)
၃။အောင်သန်း ( NLD)
၎။ဦးလိန်းထန်း ( ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)
၅။ဦးလောဟုန်းကီး ( တသီးပုဂ္ဂလ)
၆။ဒေါ်လိန်စိမ်း ( ချင်းတိုးတက်ရေးပါတီ)
ပြည်နယ် ၂
၁။ဦးအွမ်ယော ( ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
၂။ဦးထန်းလိန်း ( ပြည်ခိုင်ဖြိုးပါတီ)
၃။ဦးတိတ်ထန်း ( NLD)
၎။ဦးရွှီနိုင်း ( ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ)

ရှမ်းနီတိုင်းရင်းသာများမှဆန်အိတ် (၅၀) လှူဒါန်း

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ များအတွက် ရှမ်းနီတိုင်းရင်းသာများက ဆန်အိတ်များလာရောက်လှူ ဒါန်းခဲ့ကြောင်း တီးတိန်မြို့ TYF မှ တာန် ဇင်မာန် ကပြောသည်။
လှူ ဒါန်ခဲ့သည့် ဆန်အိတ် အရေအတွက်မှာ အိတ်၅၀ ဖြစ်သည်။ အဆိုပါဆန်အိတ်များ အား ကလေးမြို့မှ ကားဖြင့် သယ်ယူခဲပြီ TYF မှ လက်ခံပြီး ရေဘေးသင့်၊မြေဘေး သင့် ကျေးရွာတစ်ချို့ ဖြစ်သော တွီးဗျဲလ်ကျေးရွာကိုဆန်၁၀အိတ်၊ တမ်ပီးကျေးရွာကို ဆန်၅အိတ်၊ထန်နွဲကျေးရွာကို ဆန် ၁၀ အိတ်၊လိုင်ဘုံကျေးရွာကို ဆန် ၅ အိတ်၊တွီးဆောင်းကျေးရွာကို ဆန် ၅ အိတ် စသည့် ရွာများအား ဒီနေ့ ဆန်အိတ်များကို ကလေးမှတီးတိန်သို့ သယ်ဆောင်လာရင်းလှူ ဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ လှူ ဒါန်းရခြင်းသည် ဇူလိုင် နောက်ဆုံးပတ် အတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် မြေများပြို ကျ ကာ ကျေးရွာများ ပျက်စီးခဲ့သည့် ဒေသခံပြည်သူများစားဝတ်နေရေး ခက်ခဲမှာကို မကြည့်ရက်သောကြောင့်ဖြစ်သည် ဟု နောင်ပိုအောင် ကျေးရွာမှ ကို စိုင်းအောင်မျိုးဇော် က သြဂုတ် ၁၄ ရက်နေ့ကပြောသည်။

- Mungno

ချင်းပြည်နယ်ရဲ့ ဘူမိမြေပုံ

ချင်းပြည်နယ်ရဲ့ ဘူမိမြေပုံ
===================

ဗဟုသုတရအောင် တင်ပြလိုက်ပါတယ်။

Explanation အရောင်တွေကတော့
Sedimentary
အောက်ဆုံးက ခရမ်းဖျော့အရောင်ကတော့
သက်တမ်းအကြီးဆုံးပါ
အပေါ်အဝါဖျော့အရောင်ကတော့ သက်တမ်းအနုဆုံးပါ

မာကျောက် -Metamorphic
Igneous
ငလျင်လှုပ်နိုင်တဲ့ Fault တွေလဲပြထားပါတယ်

ဒါကိုကြည့်ခြင်းအားဖြင့် ဘယ်မြေကပိုခိုင်သလဲ ဆိုတာသိလို့ရပါပြီ။ လမ်းပြိုရခြင်းမှာ geologist တွေမပါဘဲ ဖောက်လုပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ် လို့ ဘူမိဝါရင့်ဆရာတစ်ယောက်ကပြောဖူး ပါတယ်။ လမ်းဖောက်တဲ့ company တွေက ပြီးရင်ပြီးရောဆိုပြီး ဆက်လုပ်နေရင်တော့ ဆက်ပြိုမှာဘဲ။ ချင်းပြည်နယ်ဟာ သက်နုမြေသားတွေနဲ့ဖွဲစည်းထားတဲ့အတွက် လမ်း၊ တံတား၊ မြို့ စသည်ဖြင့် လုပ်တော့မယ်ဆိုရင် geologist တွေနဲ့တွဲလုပ်သင့်ပါတယ်။

ချင်းပြည်နယ်တိုးတက်ကောင်းမွန်ဖို့ အတူလက်တွဲ လုပ်ဆောင်ကြပါစို့။

မကြာခင် ဒုက္ခဆင်းရဲ မြေပြို၊ ရေဘေးကနေ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။့ 

တီးတိန်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံး

တီးတိန်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာချင်းဆက်နှင့် အဝေးပြေးလမ်း ၁၄၃၂၁၄ ပေနှင့် တံတား ၅၁ စင်း ပျက်စီးဆုံးရှုံး
**************************************
တီးတိန် သြဂုတ် ၁၁
တီးတိန်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၅ အုပ်စု၊  ကျေးရွာ ၁၇ ရွာရှိ လူနေအိမ်ခြေ ၂၁၉ အိမ်၊ ဌာနဆိုင်ရာ အဆောက်အအုံနှစ်လုံး၊ ဘာသာရေးအဆောက်အအုံနှစ် လုံးပျက်စီး၍ လူဦးရေ ၁၄၁၉ ဦး ရေဘေးသင့်ခဲ့သည်။ကျေးရွာချင်းဆက်နှင့် အဝေးပြေးလမ်း ၁၄၃၂၁၄ ပေ ကာ လတန်ဖိုး ၅၇၂ သန်းကျော် ပျက်စီးခဲ့ရပြီး ပေ ၂ဝ အောက် တံတား ရှစ်စင်း၊ ပေ ၄ဝ အောက်တံတား ၂၂ စင်းနှင့် ပေ ၄ဝ  အထက် တံတား ၂၁ စင်း ပျက်စီးခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေအရ တီးတိန်-ကလေးလမ်း၊ တီးတိန်-ရိဒ်(ရိဒ်ခေါဒါရ်) လမ်းများတွင် ဂျစ်ဘီလူးများ၊ ယာဉ်ငယ်များ ပြေးဆွဲနိုင်သည်အထိ ယာယီပြုပြင်ပြီးစီး၍ တီးတိန်း-ဖလမ်း-ဟားခါးလမ်းမှာ ပြုပြင်ဆဲဖြစ်သည်။
ကျေးရွာအုပ်စု ၃၂ အုပ်စု၊ ကျေးရွာ ၃၉ ရွာရှိ စိုက်ပျိုးမြေဧက ၁၄၅၅ ဧကနှင့် ရေသွယ်မြောင်း ၂၃၄၃၇ ပေ ပျက်စီးပြီး ကာလတန်ဖိုး ၅၇၅ သန်းကျော် ဖြစ်သည်။ ကျေးရွာရေအား လျှပ်စစ် ၁၁ ခု (ကာလတန်ဖိုး ၂၅၃ သန်းကျော်) ပျက်စီးပြီး ငါးကန် တစ်ဧကနီးပါး ပျက်စီးခဲ့သည်။ တိရစ္ဆာန်သေ ပျောက်မှုအနေဖြင့် ဝက် ၁ဝ ကောင်၊ နွားနောက် ၅၂ ကောင်၊ မြင်း ၁၇ ကောင် ကာလတန်ဖိုး ၁၄ သန်းကျော် ဆုံးရှုံးခဲ့ရ ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဦးစီးကော်မတီမှ သိရသည်။ လက်ရှိ အချိန်အတွင်း နေရာအချို့တွင် မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
တီးတိန်မြို့နယ်တွင် သြဂုတ် ၇ ရက်၌ ရေဘေးသင့်ပြည် သူများအတွက် ကယ်ဆယ်ရေးစခန်းအမှတ်(၁) ကို စကောလမ်းနှစ်ခြင်းအသင်းတော်တွင်ဖွင့်လှစ်ထားပြီး မြေပြိုမှုများ နှင့် ကြုံတွေ့နေရသည့် ကဂင်ကျေးရွာအုပ်စု၊ ကဂင်ကျေးရွာမှ ပြောင်းရွှေ့လာသည့် ကျောင်းသား ကျောင်းသူ ၄၇ ဦးအပါ အဝင် လူဦးရေ ၁၂၇ ဦးကို လက်ခံစောင့်ရှောက်ထားသည်။
ကယ်ဆယ်ရေး စခန်း အမှတ် (၂) ကိုစကောလမ်းရပ် ကွက် ရိုမန်ကက်သလစ်အသင်းတော်တွင် ဖွင့်လှစ်ထားရှိ ပြီး ဝေါင်မွာလ်ကျေးရွာအုပ်စု ဝေါင်မွာလ်ကျေးရွာ မြေပြိုမှု ကြောင့် ပြောင်းရွှေ့လာသည့်လူဦးရေ ၁ဝဝ ကျော်ကို လက်ခံစောင့်ရှောက်ထားဆဲဖြစ်သည်။ ကလေးမြို့နှင့်ထိစပ်လျက် ရှိသည့် တီးတိန်နယ်အတွင်းမှ နောက်ထပ်ပြောင်းရွှေ့လာမည့် ရေဘေးသင့်ကျေးရွာများ ရှိသေးကြောင်းနှင့် သက်ဆိုင်ရာက မော်တော်ယာဉ်များနှင့် သွားရောက်ခေါ်ဆောင်နေကြောင်း သိရသည်။။
ကယ်ဆယ်ရေးစခန်းများ၏ နေထိုင်စားသောက်မှုကို တီးတိန်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော် မတီ၊ ဇိုမီးလူငယ်များအသင်း; (Zomi Youth Association)၊  တီးတိန်လူငယ်များအဖွဲ့ (Tedim Youth Fellowship)?၊ ရှလုန်လူမှုကူညီရေးအဖွဲ့ အစရှိသည့် လူမှုကူညီရေးအဖွဲ့များ၊ သက်ဆိုင်ရာ ဘာသာရေးအသင်းတော်များ ပူးပေါင်း ပြီး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လောလောဆယ် ကလေးမြို့သို့ ယာဉ်ငယ်များ သွားလာနိုင်ပြီဖြစ်၍ စားနပ်ရိက္ခာရရှိရေးအတွက် ပိုမိုအဆင်ပြေလာသည့် အနေအထားဖြစ်သည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ၄ဝ ကီလို ဂရမ်ပါ ဆန်ချောတစ်အိတ်ကို နှစ်သောင်းရှစ်ထောင်၊ ၅ဝ ကီလိုဂရမ်ပါ ဆန်ချောတစ်အိတ်ကို သုံးသောင်းသုံးထောင် ပတ်ဝန်းကျင်ဖြင့် တီးတိန်မြို့နယ်အရောက် ပို့ဆောင်ရောင်းချနေကြောင်း သိရသည်။
စားနပ်ရိက္ခာပြတ်လပ်ရှားပါးမှုများ ဖြစ်ပေါ်နေသည့် တွန်းဇံမြို့နယ်ကို သြဂုတ် ၈ ရက်တွင် ဇိုမီးလူငယ်များအသင်း(Zomi Youth Association) က ဆန်အိတ် ၁၅ဝ၊ လောင်စာဆီများ၊ စားသောက်ကုန်နှင့် အဝတ်အထည်များ သွားရောက်လှူဒါန်းခဲ့ပြီး သန့်ရှင်းသည့်သောက်သုံးရေရရှိရေးနှင့် လိုအပ်သည့်ထောက်ပံ့မှုများရရန် တီးတိန် လူငယ်များအဖွဲ့ (Tedim Youth Fellowship) ကလည်း ကိုယ်တိုင်သွားရောက်ဆောင်ရွက်နေကြပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ကလေးမြို့ဘက်လမ်းကို အဓိကလုပ်ကိုင်နေရသည့်အတွက် တွန်းဇံလမ်း ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက်နေသည့် ကယ်ဆယ်ရေးစခန်းများနှင့် ပြည်လည်ထူထောင်ရေးအတွက် အလှူရှင်များ လိုအပ်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လည်း တီးတိန်မြို့နယ်အတွင်းက ပျက်စီးသွားသည့် အိမ်အလုံး ၅ဝ အတွက် World Vision က သိန်းနှစ်ဆယ်တန် တန်ဖိုးနည်းအိမ်များ ဆောက်လုပ်ပေးနိုင်ရန် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်သည်။ ပျက်စီးသွားသည့် ကျေးရွာ ချင်းဆက်လမ်းများ၊ တံတားများနှင့် စိုက်ပျိုးမြေများကို သက်ဆိုင်ရာအနေဖြင့် ရန်ပုံငွေမရရှိသေးသောကြောင့် လက်ရှိအချိန်ထိ အကြီးစားပြုပြင်မှုများ မလုပ်နိုင်သေးဘဲ ရပ်ရွာလူထု၏အစီအစဉ်ဖြင့်သာ ဆောင်ရွက်နေရဆဲဖြစ်ကြောင်းသိရသည်။
ရွှေမိုးကျော်
MOI

12.08.2015
~ ယနေ့ နံနက် ၃း၀၀ နာရီခန့်တွင် ( ၃) လအရွယ် ကလေးငယ် တစ်ယောက် ဝမ်းလျှောရောဂါဖြင့် တီးတိန်မြို့  ပြည်သူဆေးရုံတွင် အသက်ကုန်ဆုံးသွားသည်ဟုတ် သတင်းရသည်။
~ အဆိုပါကလေးသည် ကဂင်ကျေးရွာမှ တီးတိန်မြိုသို့ရွေ့ပြောင်းလာသောရေဘေးသင့်သူများ ဖြစ်ပြီး တီးတိန်မြို ဒုက္ခသည်စခန်း အမှတ်(၁)တွင် ခိုလုံသော မိသားစုဝင် တစ်ဦးဖြစ်သည်
~ ကလေးအလောင်း ကို TBA မှတာဝန်ယူကာ အလောင်း အား ညနေ ၂း၀၀ နာရီတွင်သဂြိုလမ်ည်ဖြစ်ကြောင်း သတင်းရရှိသည

မြေပြို မြေကျွံမှုများကြောင့် ဟားခါးမြို့ နေရာရွှေ့ပြောင်းရမည်

ပြီးခဲ့တဲ့ ဇူလိုင်လက မိုးသည်ထန်စွာရွာသွန်ခဲ့ပြီး မြေပြို မြေကျွံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ချင်းပြည်နယ် ဟားခါး မြို့ ရပ်ကွက်ခြောက်ခုအနက် ၅ ခုကို ပြောင်းရွေ့ရမယ်လို့ ပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က ဒီဗွီဘီကို ပြောပါတယ်။
“အခုလက်ရှိဖြစ်နေတာက နေရာမပြောင်းလို့ မဖြစ်တဲ့ကိစ္စက ရပ်ကွက် ၆ ခုရှိတဲ့အထဲမှာ အခု အက်ကြောင်းရာတွေဖြစ်နေတာက ရပ်ကွက် ၅ ခုလောက်ထဲမှာ ပါနေပါတယ်။ အဲဒီတော့ အပိုင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ လက်ရှိပြိုနေတဲ့ မိသားစုတွေရယ် နောက် မပြိုသေးသော်လည်းပဲ အန္တရာယ်ရှိတဲ့ အက်ကြောင်းရာမှာပါတဲ့ မိသားစုတွေရယ်ကို နေရာသစ်မှာ အကွက်ချပေးဖို့လိုတယ်။ အစိုးရအနေနဲ့ ဘူမိဗေဒပညာရှင်ခေါ်တာ လေးယောက်တက်လာတယ်။ ဒီနေ့ ဟားခါးရောက်မယ်ထင်တယ်”လို့ ပြောပါတယ်။
သူ့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း တာဝန်ပေးအပ်ချက်အရ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရုံးဖွင့်ပြီး အလှူခံကောက်ယူမှာဖြစ်ပါတယ်။ ရွှေ့ပြောင်းမယ့်ရပ်ကွက်တွေကို ဘယ်နေရာမှာ ချထားမယ်ဆိုတာ ယတိပြတ် မဆုံးဖြတ်ရသေးပေမယ့် ဖလမ်းမြို့အထွက်မှာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။
ဦးနန်ဇမုန်က “ဖလမ်းအထွက်မှာ မြေနေရာကောင်းတွေတော့ ရှိတယ်။ အဲဒီနေရာတွေကို ရေရှည်မှာ ဘယ်လိုဖြစ်မယ်ဆိုတာကို ဘူမိဗေဒပညာရှင်တွေနဲ့ ကွင်းဆင်းမယ်ပေါ့ဗျာ။ သူတို့ အနေအထားကြည့်မယ်၊ ကြည့်တဲ့အခါကျတော့ ဒီနေရာကတော့ ကောင်းတယ်၊ ဒီတလျောက်တော့ ကောင်းတယ်ဆိုရင်တော့ ရေရှည်ကောင်းမယ့်နေရာကို နေရာသတ်မှတ် ပြီးတော့ အကွက်ချလုပ်မယ်ထင်ပါတယ်”လို့ ပြောပါတယ်။
မြေပြိုမှုတွေဟာ ဟားခါးမြို့က အဆိုးဝါးဆုံးခံစားခဲ့ရပြီး တီးတိန်မြို့က ကျေးရွာ ၄ ၊ ၅ ခန့်မှာ  အလားတူ မြေပြိုပြီးတော့ ရွာတွေပြောင်းရွှေ့ကြရတယ်လို့ဆိုပါတယ်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်ကို က ပြောပါတယ်။
“အရင်ဆုံးပြောချင်တာက ဟားခါးမြို့ရဲ့ ပထဝီအနေအထားပါ။ အရင်က ဖလမ်းနားက ဇာလိုင်ဆိုတာ ရွာလုံးကျွတ် အကြီးအကျယ်ပြိုဖူးတယ်။ အဲ့ဒီတုန်းက ဘူမိဗေဒပညာရှင် သုံး လေးယောက်လာပါတယ်။ ချင်းတောင်ထဲမှာ မြေပြိုနိုင်တဲ့စာရင်းထဲမှာ ဟားခါးလည်း ပါတယ်ပြောတယ်။ မြို့ပြောင်းဖို့ ကတော့ တဝက်တဝက် လောက်စီဖြစ်မယ် အတိအကျသာ ဆိုရင်ပေါ့လေ ဟိုဘက်တခြမ်းလုံးက ဟိုကမ်းပါးကဟာတွေက safe (လုံခြုံမှု) မဖြစ်တော့ဘူး အဲ့လို အနေအထားရှိတယ်။ ကျနော်တို့ ထန်တလန်လမ်းဘက်မှာ ရပ်ကွက်တွေ ရိုက်ပေးမယ်။ နောက်ဖလမ်းဘက်အထွက်မှာ ရပ်ကွက်တွေရိုက်ပေးဖို့စီစဉ်ထားပါတယ်။ မြို့လူဦးရေရဲ့ တဝက်လောက်ပြောင်းရမယ်လို့ ခန့်မှန်းပါတယ်။ လမ်းတို့ မီးတို့ လုပ်ပေးဖို့ စဉ်းစားထားတယ်။ ၆လလောက်ကြာမယ်မှန်းတယ်။ နောက်အကျဆုံး ၆ လလောက်ပေါ့။”လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဒေါက်တာဘမောင်က သြဂုတ်လ ၇ ရက်နေ့တုန်းက ဒီဗွီဘီ ကို ပြောခဲ့ပါတယ်။
ရပ်ကွက်တွေ ပြန်လည်နေရာချဖို့အတွက် အစိုးရကလုပ်ဆောင်နေသလို အနည်းဆုံး ၆ လလောက် အချိန်ယူရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဟားခါးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပြည်တော်သာ၊ မြို့ဟောင်း၊ ဈေးသစ်၊ ကျော်ဘုတ် စတဲ့ ရပ်ကွက်တွေက အိမ်ခြေ ၆၀၀ ကျော် ပျက်စီးသွားသလို မြို့နားရွာတွေဖြစ်တဲ့ ခွာဘဲ၊ ဘဲအိုသဲ၊ မဲန်နူး စတဲ့ရွာတွေက အိမ်ခြေပေါင်း၁၀၀ ကျော် ပျက်စီးသွားတယ်လို့ Hakha Rescue Committee က ပြောပါတယ်။
အဲ့ဒီပျက်စီးမှုတွေထဲမှာတော့ စာသင်ကျောင်း ၄ ကျောင်း ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နေအိမ်ပျက်ဆီးသွားသူတွေနဲ့ စိုးရိမ်ရတဲ့နေအိမ်တွေကို စွန်ခွာလာတဲ့ ဒုက္ခသည်တွေကတော့ မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံက တိုင်းရဲ့ပြည်နယ် ၁၄ ခုထဲမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးပြည်နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတ၀န်းဖြစ်ပွားတဲ့ သဘာဝဘေးဒဏ်သင့်မှုမှာ ပါဝင်ခဲ့ပြီး အစိုးရထုတ်ပြန်တဲ့ သဘာဝဘေးဒဏ်သင့် ဒေသ ၄ ခုထဲမှာ တခုဖြစ်ပါတယ်။

ဟားခါးမြို့ တမြို့လုံးပြောင်းရွှေ့ရန် စီစဉ်နေ

ချင်းပြည်နယ် ဟားခါးမြို့တွင် မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့တမြို့လုံးကို ပြောင်းရွှေ့ရန် အစိုးရက စီစဉ် နေပြီဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ အတွင်း ဟားခါးမြို့ပေါ်တွင် တောင်မြေများ ပြိုကျခဲ့ဖြင့် လူနေအိမ် အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ပြီး ဆက်သွယ်ရေး ကားလမ်းများလည်း ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် တောင်များ ဆက်လက်ပြိုကျနိုင်သည့် အနေအထားတွင်ရှိနေပြီး မြေကြီး အက် ကွဲကြောင်းများဖြစ်ပေါ်နေသည့်အတွက် ဟားခါးမြို့ကြီးကို ပြောင်းရွှေ့ပစ်ရန် စီစဉ်ကြခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။
“မြေကြီးတွေအက်ကွဲနေပြီး ဆက်ပြိုကျလာနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ မပြောင်းလို့ မဖြစ်တော့ဘူး။ ဒီတော့ မြို့ကိုပြောင်း ရွှေ့နိုင်ဖို့ အဆင်ပြေတဲ့မြေနေရာကို ကြည့်လို့ရအောင် ဘူမိဗေဒပညာရှင် ၃ ဦး ၄ ဦး လောက်ကိုခေါ်ပြီး တိုင်ပင်နေတယ်။ သူတို့နဲ့ အစိုးရအဖွဲ့ တိုင်ပင်ပြီးနေရာရှာမယ်။ ရေမြေစိတ်ချရမှု မြေကြီးခိုင်မာမှုတွေကို အရင်စဉ်းစားကြမယ်”ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍရေးဝန်ကြီး ဦးနန်ဇမုန် က ဧရာဝတီသို့ ပြောသည်။
ဟားခါးမြို့ပေါ်တွင် ရပ်ကွက် ၆ ခုရှိပြီး မြို့သစ်ရပ်ကွက်တခုသာ အန္တရာယ်ကင်းသည့် အနေအထားတွင်ရှိကြောင်း၊ ပြည်တော်သာ၊ ဒေါပုံ၊ မြို့ဟောင်းနှင့်ဈေးဟောင်း ရပ်ကွက်အပါအဝင် ရပ်ကွက် ၅ ခုသည် တောင်ပြိုကျမှုနှင့်မြေသားပြိုကျမှုများ ဆက်လက်ဖြစ် လာ နိုင်သည့်အတွက် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားရကြောင်း၊ မြို့ပြောင်းရွှေ့ပါက အဆိုပါ ရပ်ကွက်များရှိ ဒေသခံများကို ဦးစားပေး ပြောင်းရွှေ့စေမည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍရေးဝန်ကြီး ဦးနန်ဇမုန်က ဆက်လက်၍ “ကျနော့်အထင်တော့ ဟားခါးကနေ ဖလမ်းအထွက်မှာ မြေနေရာကောင်းတွေရှိတော့ အဲဒီဘက်ကို ပြောင်းဖို့များတယ်။ လျာထားတဲ့ မြေတွေကိုကြည့်မယ်။ စိတ်ချရရင် အကွက်ရိုက်မယ်။ လတ်တလောတော့ ကယ် ဆယ် ရေးစခန်းက လူတွေအတွက် ရိက္ခာမပြတ်လပ်အောင် မနည်းပံ့ပိုးနေရတဲ့ အနေအထားရှိတယ်။ စဖြစ်တော့ ကျနော်တို့မှာ ဆန် က လက်ထဲမရှိဘူး။ တပ်ကနေ ဆန်အိတ် ၅၀၀ ချေးထားပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးတာ။ တပ်ချုပ်ကြီး လာတုန်း ကတော့ ရိက္ခာမပြတ်လပ်အောင် ရဟတ်ယာဉ်တွေသုံးပြီး ထောက်ပံ့ပေးမယ်လို့တော့ ပြောသွားတယ်”ဟု ပြောပြသည်။
လက်ရှိတွင် ကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်လှစ်ထားပြီး လာရောက်ခိုလှုံနေရသည့် ဒုက္ခသည် ၅၆၆၆ ဦးရှိကြောင်း၊ မြေပြိုမှုကြောင့် လူနေအိမ် ၅၅၈ လုံးပျက်စီးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။
“အိမ်သာတွေ၊ ရေတွေ လိုအပ်တယ်။ ရိက္ခာကတော့ ပြည်နယ်အစိုးရက ဆန်အိတ်တွေထောက်ပံ့မယ် ပြောထားတယ်။ ဒုက္ခသည် စခန်းတွေမှာ စားသောက်ဖို့အတွက် မြို့မှာရှိတဲ့ အသင်းတော်တွေနဲ့ ဘုရားကျောင်းတွေမှာ ချက်ပြုတ်ပြီးတော့ ကျွေးမွေးတယ်။ အစိုးရပိုင်းက ကျနော်တို့နဲ့ ပိုပြီးပူးပေါင်း လုပ်ဆောင်ဖို့ လိုတယ်။ မလုပ်ရင်မလွယ်ဘူး”ဟု ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလန်ကျဲအို က ပြောသည်။
ဟားခါးမြို့ပေါ်ရှိ ဒေသခံအများစုသည် တောင်မြေပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ဖွင့်လှစ်ကူညီနေသည့် ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်နေထိုင်နေကြရသည်။
ချင်းပြည်နယ်အစိုးရက ဒုက္ခသည်များအတွက် ဆန်အိတ် ၅၀၀၊ ဆား ၅ အိတ်၊ ပဲအိတ် ၅၀ နှင့် ဆီ ၃ ပေပါကို ထောက်ပံ့ပေးထား ကြောင်း၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ကလည်း ဆန်အိတ် ၁၀၀၀ ထောက်ပံ့ပေးထားကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ဆေးကုသခန်းများလည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ဟားခါးမြို့ကို ပြောင်း ရွှေ့မည်ဖြစ်ကြောင်း သတင်းရရှိ

မြေပြိုမှုများ ဆက်တိုက် ကြုံတွေ့နေသော ချင်းပြည်နယ် ၏မြို့တော် ဟားခါးမြို့ကို ပြောင်း ရွှေ့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟားခါးမြို့ပြောင်းရွှေ့နိုင် ရန် လူနေထိုင်ရေး စိတ်ချရမည့်နေ ရာရှာဖွေရေးအတွက် ဘူမိဗေဒ ပညာရှင်များဖြင့် လေ့လာမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးကျင် လျန်းပေါင်က ပြောသည်။
ာပြန် ချပေးမယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။
‘‘လူနေဖို့ မသင့်တော်လို့ ရွှေ့ဖို့လုပ်လိုက်တာပါ။ အိမ်ခြေ သုံးရာလောက်ကိုတော့ မဖြစ် မနေ အရင်ဆုံးရွှေ့ပြောင်းထား တယ်။ သူတို့နေထိုင်လို့ စိတ်ချရ မယ့်နေရာကို ရှာဖွေပြီး နေရ
အိမ်ခြေ သုံးရာကျော်ကို ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ၄ မိုင်နှင့် ၇ မိုင်ကြားတွင် ယာယီ ရွှေ့ပြောင်းထားကြောင်း ဦးကျင်လျန်းပေါင်က ပြောသည်။
ဟားခါးမြို့တွင် လူနေရပ် ကွက်ခြောက်ခုအနက် ငါးခုကျော် သည် မြေပြိုကျမှုကြုံတွေ့ခံစားခဲ့ ရသည်။ ယခုလက်ရှိအနေအထား အရ ရွှေ့ပြောင်းရာတွင် ပြည်နယ် အစိုးရရုံးများပါဝင်ဦးမည်မဟုတ် ဘဲ လူနေထိုင်ရန်သာ ရွှေ့ပြောင်းရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဟားခါး၊ ဂန့်ဂေါလမ်းမှ လမ်းပိုင်းအချို့တွင်လည်း မြေပြိုကျကာ ပျက်စီးခဲ့သဖြင့် တပ်မတော် ဧရိယာများအတွင်းရှောင်ကွင်းလမ်းများ ဖောက်လုပ်သွားမည်ဟု ဩဂုတ် ၈ ရက်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
ဟားခါးမြို့သို့ ဆက်သွယ် ရာလမ်းများအားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ကောင်းမွန်သည့် အခြေအနေတစ်ခု ရရှိရန် မလွယ်ကူတော့ကြောင်း ဒေသခံ ဦးဇမ်ကျင်ကပြောသည်။
‘‘မြို့က အစကတည်းက သွားရေးလာရေး ခက်တဲ့အပြင် မြေအနေအထားကလည်း စိတ်ချ ရမှုမရှိတော့ ဒေသခံတွေကို အ ဆင်ပြေအောင် လုပ်ပေးမယ်ဆို ရင်တော့ လက်ခံရမှာပါ’’ဟု ၎င်း က ပြောသည်။
မြေပြိုမှုအန္တရာယ်ကြီးထွား နေသည့် နေရာအချို့ကိုအန္တရာယ် ဇုန်အဖြစ်သတ်မှတ်ထားပြီး ဒေ သခံများကိုလည်း သတိပေးမှုပြု လုပ်ထားသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။
ဇူလိုင်ကုန်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ချင်းတောင်တန်းတွင် မြေသား များပြိုကျခဲ့ပြီး လမ်းပန်းဆက် သွယ်ရေးပြတ်တောက်ခဲ့သည်။ မြေပြိုမှုကြောင့် အိမ်ခြေလေး ထောင်ကျော်ရှိသည့် ဟားခါးမြို့ တွင် အိမ်ခြေလေးရာကျော်(မြို့ရှိအိမ်ခြေအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်) ပြိုကျပျက်စီးခဲ့ပြီး တံတား ၂၁ စင်းနှင့်လယ်ယာဧက ၂၀၀ ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ်အစိုးရက သတင်းထုတ်ပြန် သည်။ချင်းပြည်နယ်တွင်း ဩဂုတ် ၁၀ ရက်စာရင်းများအရ မြေပြိုမှု များကြောင့် ဆုံးရှုံးပျက်စီးမှုမှာ ကျပ် ၃ ဒသမ ၈ ဘီလီယံရှိပြီဖြစ် ကြောင်း ပြည်နယ် အစိုးရထံမှ သတင်းရရှိသည်။
ချင်းပြည်နယ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး မြေပြိုကျမှုများ ကြောင့် ကယ်ဆယ်ရေးစခန်းရှစ် ခုဖွင့်လှစ်ထားကာ လာရောက်ခို လှုံနေရသည့် ဒုက္ခသည် ၇,၆၇၈ ဦးရှိသည်။ မြေပြိုမှုကြောင့် လူ နေအိမ် ၁,၁၁၉ လုံး ပျက်စီးခဲ့ပြီး သေဆုံးသူလေးဦးရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ 7Days

တက်ဇန် ကျေးရွာ တွင် သောက်သုံးရေသန့် နှင့် ဆန် လိုအပ်နေ

တက်ဇန် ကျေးရွာ တွင် သောက်သုံးရေသန့် နှင့် ဆန် လိုအပ်နေ
သြဂုတ် ၁၀၊ ၂၀၁၅

တီးတိန်မြို့ မှ ၁၉ မိုင်ကျော် ခန့် ဝေးသော တက်ဇန် ကျေးရွာတွင် သောက်သုံးရေ သန့် ရှားပါးလျက်ရှိ ကြောင်း သိရသည်။
"ပြီးခဲ့ သည့် လ က မိုး အဆက်မပြတ် ရွာသွန်း တော့ တောင်ကျရေတွေ ကလဲများ၊ ဘေးမှာရှိတဲ့ မဏိပူရ မြစ်ကလည်း ကြီးတော့ ပျိုးပင် ပေါက်ကာစ ယာတွေ ရေတိုက်စားတော့ အောက်ခံ ကျောက်သားလွှာပဲ ကျန်တော့ ပြန်ဖော်လို့ မရတော့ဘူး။ ကျေးရွာ သောက်သုံးဖို့ သွယ်ယူထားတဲ့ ရေလမ်းကလဲ ပျက်၊ ချောင်းရေကလဲ နောက်ပြီး နံ နေတော့ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေဘူး၊ ကိုယ်ထူကိုထ လုပ်ထားတဲ့ ရေအားလျှပ်စစ် စက်လဲ ရေတိုက်စား တဲ့ ထဲပါသွားပြီ" ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဇိန်ဆောလ်သို့ ပြောသည်။
"ကားလမ်းတွေ မှာ မြေပြို တော့ သွားရလာရလဲ အဆင်မပြေဘူး အငတ်ဘေး ပါ ဆိုက်ရောက်နေပါပြီ" ဟု ငှင်း က ဆက်ပြောသည်။
မြို့နယ်အုပ်ချုပ်ရေး ရုံးမှ ထုတ်ပြန်သော အပျက်အစီး စားရင်းအရ တက်ဇန် ကျေးရွာ တွင် စပါးစိုက်ခင်း 25 acres လုံးဝ ပျက်စီး၊ အသေးစား ရေအားလျှပ်စစ် စက် ရေစီးကြောင့် ပျက်စီးပျောက်ဆုံး၊ သောက်သုံးရေ သွယ် ပိုက်လိုင်း ပျက်စီး ပျောက်ဆုံး၊ တက်ဇန် - တွန်းဇံ ဆက်သွယ်သည့် တံတား ပျက်စီး၊ တက်ဇန် - တီးတိန် ကားလမ်း ပိုင်း မြေပြို ပိတ်ဆို့ ကြောင်း သိရသည်။
တက်ဇန်ကျေးရွာသည် တီးတိန်မြို့ နဲ့ တွန်းဇန် ကားလမ်းပေါ်တွင် ရှိသည့် အိမ်ခြေ ၂၅ ရှိသော ရွာဖြစ်သည်။

တက်ဇန် နဲ့ ဗဲလ်ကျင်း ကြားက ပျက်စီးသောသော တံတား

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်ေ်န

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်ေ်န၊ ယနေ့အထိ တီးတိန်မြို့နှင့် အဆက်အသွယ်ပြတ်နေဆဲ
===========================
ပျက်စီးဆုံးရှုံးမှုစာရင်းနှင့် ဒုက္ခရောက်သူဦးရေ
၁. Leisan ရပ်ကွက် အိမ်ခြေ၄၇၈ လူဦးရေ ၂၇၉၆ယောက်
၂. Khualai ရပ်ကွက် အိမ်ခြေ ၁၇၃လူဦးရေ ၉၈၂ ယောက်
၃. Tung Tuang ကျေးရွာ အိမ်ခြေ ၁၁၈လူဦးရေ ၆၄၆ ယောက်
၎. Tuitum ကျေးရွာ အိမ်ခြေ ၁၂၃ လူဦးရေ ၆၇၇ယောက်
၅. Sebawk ကျေးရွာ အိမ်ခြေ ၂၆လုံး ၇ယောက်သေဆုံး
၆. Taakzang ကျေးရွာ အိမ်ခြေ ၂၉လုံး
၇. Balbil ကျေးရွာ အိမ်ခြေ ၃လုံးပျက်စီး
၈. Siallum ကျေရွာ အိမ်ခြေ ၂ လုံးပျက်စီး
၉. Khiang Zang ကျေးရွာ အိမ်ခြေ ၅လုံးပျက်စီး
၁၀. Kham Zang ကျေးရွာ အိမ်ခြေ ၇လုံးပျက်စီး
credit to Mung No

ပြည်နယ်အစိုးရမှ မြေနေရာသစ်ရွေးချယ်ထားသည့် ဟားခါးအနီးဒေသ

ပြည်နယ်အစိုးရမှ မြေနေရာသစ်ရွေးချယ်ထားသည့် ဟားခါးအနီးဒေသနှင့် ပတ်သက်ပြီး ဘူမိဗေဒပညာရှင် များနှင့်ယခုရက်ပိုင်းတွင်းဆွေးနွေးမည်
==========================
Salai Hung Tun Gei
၁၁ သြဂုတ် ၂၀၁၅
ဇူလိုင်လအတွင်းမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုဖြစ်ပေါ်နေသည့် ဟားခါးမြို့ပေါ်တွင် ဆက်လက် နေထိုင်ရင် မဖြစ်နိုင်တော့ခြင်းကြောင့် ချင်းပြည်နယ်အစိုးရမှ မြေနေရာအသစ်ရွေးချယ်ထားသည့် ဒေသနှင့် ပတ်သက်ပြီး ဘူမိဗေဒပညာရှင်များနှင့် ယခုရက်ပိုင်းအ တွင်းဆွေးနွေး မည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင် ၀န်ကြီးဦးနိန်နိုင်းက သြဂုတ်လ (၁၀) ရက်နေ့တွင်ပြောသည်။
ဦးနိန်နိုင်းက “ ဟားခါးမှာက မြို့သစ်ရပ်ကွက်တစ်ခုတည်းပဲအခြေ အနေကောင်းတယ်။ အခုနေရာကောင်း နိုင်မယ့်ဒေသအနေနဲ့ ဟားခါးဖက်သွားတဲ့လမ်းဖက်နဲ့ ထန်တလန်ဖက်သွား တဲ့လမ်းဖက်ကို စဉ်းစားထားတယ်။ ဒါပေမယ့် အဲဒီမှာကလည်း စုပြုံပြီးနေပြီး မြေပြန်ပြိုရင် မထူးဘူး။ ဒါကြောင့် ဘူမိဗေဒပညာရှင် တွေနဲ့အဲဒီနေရာ မှာ ဒီရက်ပိုင်း အတွင်း သွားပြီးကြည့်ကြမယ်” ဟုပြောသည်။
သူကဆက်ပြီး “ အခုနေပြည်တော်ကနေ သတ္တုတွင်းဝန်ကြီးဌာနကနေ ဘူမိဗေဒပညာရှင်တွေလာနေကြတယ်။ ပြီးတော့ ကုမ္ပဏီအချို့က ဘူမိဗေ ဒပညာရှင်တွေလည်း လာမယ်။ သူတို့ရောက်လာလို့ရှိရင် ဒီကမြို့မိမြို့ ဖတွေနဲ့ပေါင်းပြီး ကြည့်ကြမယ်။ အဲဒါတွေကိုကြည့်ပြီးမှ ဘယ်နေရာမှာ ဆက်နေလို့ရမလဲဆိုတာကိုထပ်ကြည့်ကြမယ်” ဟုပြောသည်။
ကားလမ်းများပျက်စီးသည့်အတွက် ယနေ့အချိန်အထိ ကားကြီးများမသွားနို င်သေးခြင်းကြောင့် မြေနေရာအတည်ဖြစ်လျှင်လည်း မိုးရာသီကုန်ပိုင်းမှ လုပ်ငန်းများအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်လောလောဆယ်တွင် သဘာဝဘေးဒုက္ခသည်များအတွက် ယာယီကယ်ဆယ်ရေးကိုသာလုပ်ဆောင်ပေးနေရကြောင်းသိရသည်။
ဦးနိန်နိုင်းက “ လောလောဆယ်တော့ အိမ်တွေကို ဖျက်နေတဲ့သူတွေရှိတယ်။ သူတို့ကို ကားတွေနဲ့ပစ္စည်းတွေသယ်ပြီး တစ်နေရာမှာစုထားပေးတယ်။ အခုကားအသေးတွေနဲ့ရွက်ဖျင်တဲ့တွေရောက်လာမယ်။ အဲဒါကိုပဲ လောလော ဆယ်အိမ်ထောင်စုတွေအတွက် ဝေပေးနေတယ်၊ တခြားစားရေးသောက်ေ ရးနေရေးတွေနဲ့ပတ်သက်ပြီးလည်း မြို့မိမြို့ဖတွေနဲ့ပူးပေါင်းဆောက် ရွက်နေတယ်” ဟုပြောသည်။
ဇူလိုင်လအတွင်းမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ချင်းပြည်နယ်မြို့များနှ င့် ကျေးရွာတိုင်းတွင် လမ်း၊ တံတား၊ အိမ်များစွာပျက်စီးခဲ့ရပြီး ယနေ့အထိ ဒုက္ခသည်ပေါင်း (၈၀၀၀) ခန့်ရှိကြောင်း ပြည်နယ်အစိုးရစာရင်း အရသိရသည်။
Ref: Chin World

တွန်းဇံ မြို့နယ်အတွင်း ရှိ သဘာဝဘေးသင့် ရွာ တချို့ အရေးပေါ် ကူညီထောက်ပံ့မှု မရရှိသေး

တွန်းဇံ မြို့နယ်အတွင်း ရှိ သဘာဝဘေးသင့် ရွာ တချို့ အရေးပေါ် ကူညီထောက်ပံ့မှု မရရှိသေး
သြဂတ် ၁၀၊ ၂၀၁၅

ချင်းပြည်နယ် တွန်းဇံ မြို့နယ် အတွင်းရှိ ကျေးရွာ အချို့မှာ မိုးကြီး မြေပြိုမှု များကြောင့် နေရပ်စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာများသို့ ပြောင်းရွှေ့ နေကြောင်း သိရသည်။
"တာခ်ဇန် ရွာ ကတော့ အိမ်ခြေ ၂၀ ကျော်လောက် ရှိတယ်၊ သူတို့က ဆာလ်ဇန်ရွာသို့ ရွှေ့ကြတယ်။ ခမ်ဇန်ရွာ ကတော့ အိမ်ခြေ ၇ အိမ်လောက်ရှိတယ်၊ သူတို့က ဖိုင်တူရွာ သို့ ရွှေ့ကြကုန်ပြီ။ သူတို့ကတော့ အကူအညီ ထောက်ပံ့မှု အများကြီးလိုတယ်။ ဆေးဝါး နှင့် စားသောက်ကုန် တွေလိုတယ်။ ဘာမှ ထောက်ပံ့ပေးမှု မရှိသေးဘူး" ဟု တွန်းဇံ မြို့ခံ တဦးက ဇိန်ဆောလ် သို့ပြောသည်။
ယခုလိုမျိုး အခြေအနေ မေးမြန်းချက်အား မြို့နယ်အုပ်ချုပ်ရေးမှူး က "ဒီမှာ အပျက်အစီးတို့ လူစာရင်းတို့ အတိအကျ ပြောလို့မရဘူး။ အခု ပြောတဲ့ဟာတွေက ဒုကှသည် အဆင့်တောင်မဟုတ်ဘူး။ မြေပြိုကျတာ မဟုတ်ဘူး။ ရွာထိပ်က တောင်က မြေအက် မြေကျွံ နေတာ ကို ပြိုကျမှာ ကြောက်လို့ ပြေးတာ၊ တာ မြေပြိုကျတာလဲ မဟုတ်တော့ ဒုက့သည် အဆင့် မဟုတ်ဘူး ဒုတိယ အဆင့်ဘဲ ရှိတယ်" ဟု ပြန်လည်ဖြေကြား ခဲ့သည်။
"ရွာတွေမှာတော့ အရပ်ဘက် အဖွဲ့အစည်းတွေ လာလှူတာတွေရှိတယ်။ တချို့ရပ်ရွာတွေ ကျတော့ ကြီးကြီးမားမား ဘေးသင့်တာ မရှိပေမဲ့ စားနိပ်ရိကှာ ပြတ်လပ်တာတွေတော့ ကြုံနေရတယ်။ AD (မြို့နယ် အုပ်) ကလဲ အစိုးရက ထောက်ပံ့ထားတဲ့ ဆန်တွေ မမျှမတဝေတယ်၊ ဒေသခံ ပြည်သူနဲ့ အစိုးရဝန်ထမ်း တွေ ခွဲခြားတယ်။ ဝန်ထမ်းတွေ မှာမှ သူ့ ရုံးဝန်ထမ်း နဲ့ တခြား ဝန်ထမ်းတွေ ခွဲခြားတယ်။ ကျွန်တော်တို့ မိသားစုဆိုရင် ဒီတပတ်စာလောက်ပဲ စားဖို့ ရှိတော့တယ်။ ဒီတပတ်ကုန် ရင်ငတ်တော့မယ်၊ နယ်မှာ တာဝန်ထမ်းနေတဲ့ အစိုးရဝန်ထမ်း ဆိုတော့ မြို့ပေါ်ထိတက်လာတာလဲ လမ်းကမလွယ်ဘူး။ ချောင်းရေကြီးတော့ တံတားတွေလဲ ပျက်ကုန်ပြီ၊ ကျွန်တော်တို့ တအား ဒုကှ ရောက်နေတယ်၊ အခု တီးတိန်မြို့ထိ တက်လာပြီး ဆန်ဝယ်ဖို့လာတာ" ဟု တွန်းဇံ မြို့နယ် ရှိ ကျေးရွာတခုတွင် တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်း တယောက်က ဇိန်ဆောလ်သို့ ပြောသည်။
တွန်းဇံ မြို့နယ်တွင် နာခ်ဇန် ကယ်ဆယ်ရေး စခန်းသာရှိကြောင်း သိရသည်။

Zomi Students Association donate to Victims Camps in Tedim, Chin State

Zomi Students Association - Universities Myanmar donate foods, household medicines and utilities to Victims Camps in Tedim
August 9, 2015
Due to the heavy rain and massive landslides in the villages, such as Kah Ngen and Vong Mual villagers in Tedim township are moved to the disaster victims camps, (1) and (2) opened in Tedim, Chin state. And there the Zomi Students Association -Myanmar has donated foods, household medicines and utilities.

The camps are opened in Sakollam Baptist Church, Camp 1 and Sakollam Roman Catholic Church Camp 2. There are about 250 villagers in the camps.
.....

ဇိုမီးကျောင်းသားများအသင်း- မြန်မာပြည် မှ တီးတိန်မြို့ရှိ သဘာဝဘေးသင့် ပြည်သူများ ကယ်ဆယ်ရေး စခန်းများ သို့ပေးအပ်လှူဒါန်း
သြဂုတ် ၉၊ ၂၀၁၅
အဆက်မပြတ် မိုးရွာသွန်းခြင်းကြောင့် ရွာလုံးကျွတ် မြေပြိုသည့် ဘေးနဲ့ တွေ့ကြုံနေသော ကဂင်ကျေးရွာ နဲ့ ဝုန်မွောလ် ကျေးရွာ ပြည်သူများ အတွက်ဖွင့်လှစ်ထားသော တီးတိန်မြို့ရှိ သဘာဝဘေးသင့် ပြညာသူများ ကယ်ဆယ်ရေး စခန်း (၁) နှင့် (၂)သို့ ဇိုမီးကျောင်းသားများအသင်း- မြန်မာပြည် မှ အစားအသောက၊် အခြေခံလိုအပ်သောဆေးဝါးများနှင့် အသုံးအဆောင်ပစွည်းများ ပေးအပ်လှူဒါန်း ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေး စခန်း (၁) နှင့် (၂) တွင် သဘာဝဘေးရှောင် ပြည်သူ ပေါင်း ၂၅၀ ကျော်ရှိကြောင်း သိရသည်။




တရွာလုံး ရေဘေးဒုက္ခခံရတဲ့အပြင် တရွာလုံးစစ်ပြေးဒုက္ခသည် ခံစားရခြင်း

 အထူးသတင်း တရွာလုံး ရေဘေးဒုက္ခခံရတဲ့အပြင် တရွာလုံးစစ်ပြေးဒုက္ခသည် ခံစားရခြင်း သတင်း။

အကြောင့်ရင်းမှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့မှ ဒေသခံ လူထုဆန္ဒ မရှိ ဘဲ တရွာလုံး ရွာမှ ပြောင်းရွှေ့ ကြ ရန် အာဏာနဲ့အမိန်ချကြောင်း
့ ရွာသူရွာသား ဒေသခံပြည်သူလူထုများအပေါ်မှ သတင်းရရှိပါသည်။
ဒေသခံရွာသူရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူး အပေါ် အကြောင်း
့်ရင်း မေးကြည့်သော် ကျေးရွာအုပ်ချုပ်ရေးမှူးမှ စစ်ဗျုဟာမှူး ကိုယ်တိုင်က ရာဇဂြိုလ် ရေလောင်တမာန် ပေါက်ကွဲနိုင်ကြောင့်
အန္တရာယ် ရှိကြောင်း တရွာလုံးပြောင်းရွှေ့ကြရန် မှာကြားကြောင်း
့် ပြန်ပြော ပါတယ်ဟု ဒေသခံရွာသူရွာသာုးများ အပေါ်သတင်းရရှိပါသည်။
ဘယ်သူ စစ်ဗျုဟာမှူးမှန်း ဒေသခံ ပြည်သူလူထု ရွာသူရွာသားများက အသေအခြာ နားမလည် မသိ ကြကြောင့်လဲ့ ဒေသခံပြည်သူလူထုအပေါ် သတင်းရရှိပါသည်။
ကျေးရွာအုပ်စု အုပ်ချုပ်မှူးမှ ဘယ်တူ စစ်ဗျုဟားမှူး ဆိုဒါ မပြောပြကြောင့် ဒေသခံရွာသူရွာသားများအပေါ် သတင်းရရှိပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ရွာ၏ နယ်နိမိတ် မဟုတ်သော အခြား နယ်နိမိန်ရွာ၏ တော ထဲတွင် ခြံနေရာ ရာထားပေးပြီ အရင်သွားတူက နေရာကောင်း ရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့မှ ချိမ်းခြောက် ကြကြောင့် ရွာသူရွားသား မုဆိုးမ များနဲ့ အလွန်ကျေက်ရွံ့သော ရွာသူရွာသားများ အဖွဲ့တဖွဲ့များမှ ခြံနေရာ သွားကြည့်ကြကြောင့် ဒေသခံ ရွာသူရွာသားများ အပေါ် သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် စိန်းဂဲလ်ရွာ(ခေါ်) မြစိမ်းကျေးရွာ တွင် စစ်အာဏာရှင် ပုံစံ စနစ်ဖြစ်ပေါ်လာသည်။
၎င်း စိန်းဂဲလ်ရွာ(ခေါ်) မြစိမ်းကျေးရွာ ဒေသခံများသည် လယ်ယာ ဧက ပေါင်းများစွာ ပိုင်ဆိုင်သော လယ်ယာများ စွန်းခွာ သွားပြီး ဆုံးရှုံးသွား မှာကို အလွန် စိုးရိမ် ပူပန်နေကြဒါ မက မကြာသေးခင် ၂၀၁၅ မတ်လ ထဲတွင် ကျေးရွာ တည်ထောင်ဒါ နှစ် (၅၀)ပြည့် ရွှေရတု အခမ်းအနားပွဲ့တော် လုပ်ကြဒါလဲ မကြသေးဘူး ဆိုပြီး ဒေသခံရွာသူရွာသားများ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခပေါင်းများစွာ ခံစား ကြကြောင်း ဒေသခံရွာသူရွာသားများ အပေါ် သတင်း ရရှိပါသည်။
သတင်း
ဒေသခံ လူမူအဖွဲ့အစည်း
By.Zomi Paul Pau.

တီးတိန်တွင် ကျေးရွာ ၁၂ ရွာ အစားအသောက်၊ ကယ်ဆယ်ရေးနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်

တီးတိန်တွင် ကျေးရွာ ၁၂ ရွာ အစားအသောက်၊ ကယ်ဆယ်ရေးနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်
------------------------------------------
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ကာ မိုးသည်းထန်ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပေါ်နေကာ ကျေးရွာ ၁၂ ရွာတွင် အစားအသောက်၊ ကယ်ဆယ်ရေးနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် ဇိုမီးလူငယ်အသင်း(တီးတိန်) ဥက္ကဌ ဦးတွောင်ဂင့်မန်က ပြောကြားသည်။
“ရွာလုံးကျွတ် ရွှေ့ပြောင်းရတာတွေတော့ မရှိသေးဘူး။ ဒါပေမယ့် တစ်ရွာကို ၁၀ အိမ်၊ ၁၅ အိမ်မျိုး ထိခိုက်ကြတယ်။ ရွာချင်းဆက်သွယ်ထားတဲ့ လမ်းတွေ၊ တံတားတွေလည်း မိုးရေကြောင့် ပျက်စီးပြီး သွားလာရေး ခက်သွားတယ်” ဟု ၄င်းက ပြောသည်။
ယင်းကျေးရွာများအနက် လတ်တလောတွင် သွားလာဆက်သွယ်၍ မရသည့် ကျေးရွာ ၄ ရွာရှိပြီး အုပ်ချုပ်ရေးအဖွဲ့နှင့် ဇိုမီးလူငယ်အသင်း(တီးတိန်)တို့ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနေပြီး သွားလာရေး မလွယ်ကူမှုကြောင့် ရွာများသို့ အကူအညီများ ပေးရန် ခက်ခဲနေကြောင်း တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် အစိုးရအနေဖြင့် သဘာဝဘေးဒဏ် ခံစားရသည့် ဝန်ထမ်းတစ်ဦးလျှင် ကျပ်တစ်ထောင်စီနှင့် ဌာနဆိုင်ရာ တစ်ခုလျှင် ဆန်တစ်အိတ်နှုန်း ထောက်ပံ့ကြောင်း ဒေသခံဝန်ထမ်းများထံမှ သိရသည်။

“အခုလို အရေးအပေါ် အခြေအနေမှာ ကျွန်တော်တို့ဘက်က ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အားနည်းတယ်။ လုံလောက်မှုမရှိဘူး။ မီဒီယာလည်း အင်အားနည်းတော့ ဘယ်သူမှ ဒီဘက်က ဖြစ်ပျက်နေတာတွေ မသိဘူးပေါ့ဗျာ။ အဲဒီတော့ ဒီဘက်ကို အစိုးရရော မြန်မာနိုင်ငံမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေက အကူအညီတွေ ဒီဘက်မှာ ဘာမှမရဘူး ဖြစ်နေတယ်။ ဒီမှာရှိတဲ့ လူငယ်အသင်းတွေ တတ်န်ုင်သလောက် လုပ်ပေမယ့်လည်း ဖြစ်တဲ့ရွာတွေ သိပ်များတော့ မနိုင်ဘူး ဖြစ်နေတယ်” ဟု တီးတိန်အခြေစိုက် တီးတိန်ပို့စ်မီဒီယာမှ တာန်ဂင့်ကိမ်းမန်က ပြောသည်။
လက်ရှိတွင် တီးတိန်မြို့နယ် အတွင်း အန္တရာယ်ရှောင်ပြည်သူ ၁၃၈၀ ဦးထက်မနည်းရှိကာ ဘုရားကျောင်းများတွင် ခိုလှုံနေကြရပြီး တီးတိန်-ကလေး ကားလမ်းမှာလည်း သွားမရသေးသဖြင့် ဆန်ပြတ်လပ်မည့်အခြေအနေ ဖြစ်လာနိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုသည်။
(တီးတိန်မြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ် ခံရသည့် ကဂင်ကျေးရွာ မြင်ကွင်း၊ ဓာတ်ပုံ - @Tg Ever Zomi /Mangbawi)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ရွာသား ၂၆၀ခန့်ပိတ်မိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ရွာသား ၂၆၀ခန့်ပိတ်မိနေသော ကဂင်ကျေးရွာ အကြောင်း နောက်ဆုံးရသတင်း
================================================================
တိန်မြို့နယ်၊ ကဂင်ကျေးရွာသို့ တီးတိန်မြို့နယ်အတွင်းရှိ အစိုးရ၀န်ထမ်းများနှင့် လူမှုအဖွဲ့အစည်းများပူးပေါင်း၍ လတ်တလောလိုအပ်သည့် အစားအသောက်၊ ဆေးဝါးများကို သွားရောက်ပေးပို့ခဲ့ရာ ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင် တီးတိန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဇိုမီးလူငယ်အသင်း(တီးတိန်)မှ ဥက္ကဌ ဦးတွောင်ဂင့်မာန်နှင့် ဒု-ဥက္ကဌ ဦးဆွောင်ဇနန် တို့မှ သတင်းရရှိပါသည်။
တီးတိန်မြို့နယ်၊ ကဂင်ကျေးရွာမှ အရေးပေါ်လိုအပ်ချက်များ
======================================
၁။ သောက်သုံးရေ လိုအပ်လျှက်ရှိသည်။
၂။ တပါတ်ကြာလျှင် စားနပ်ရိက္ခာပြတ်လပ်မည်။
၃။ တစ်ရွာလုံး လူပေါင်း ၂၆၀ ခန့် စားနပ်ရိက္ခာလိုအပ်လျှက်ရှိပါသည်။
၎။ ဟောက်ပီးရွာနှင့် ကဂင်ကျေးရွာကြား အရေးပေါ်လမ်းလွှဲဖောက်ပေးရန်လိုအပ်သည်။ The Tedim Post

ထူးဖောင်ဒေးရှင်းနာယက ချင်းပြည်နယ်၊ ဟားခါးရောက်ရှိ ငွေကျပ် သိန်း(၅၀၀) စတင်လှူဒါန်း


"ထူးဖောင်ဒေးရှင်းနာယက ချင်းပြည်နယ်၊ ဟားခါးရောက်ရှိ၊ လမ်းပန်းဆက်သွယ်ရေးအတွက် ငွေကျပ် သိန်း(၅၀၀) စတင်လှူဒါန်း"
ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ ဦးဆောင်သော အဖွဲ့သည် ယနေ့သြဂုတ်လ(၂)ရက်နေ့ ညနေ (၃း၂၂) အချိန်တွင် ရဟတ်ယာဉ်(၂)စီးဖြင့် ပုဂံညောင်ဦးလေဆိပ်မှ စတင်ထွက်ခွာလာရာ
ညနေ(၄း၂၅) အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိခဲ့ပါသည်။
ဟားခါးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ လတ်တလော ဖြစ်ပွားနေသည့် ရေဘေးကိစ္စများအား ဆွေးနွေးပြီး ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ချင်းပြည်နယ်အတွင်း သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားနေသည့် နေရာများအား လိုက်လံ ကြည့်ရှုခဲ့ပါသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း(၅၀၀) အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဦးတေဇနှင့်အဖွဲ့သည် ဟားခါးမြို့တွင် ယနေ့ညအိပ် အခြပြုမည်ဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါသည်။

ပလက်ဝမြို့နယ်မှ ရေဘေး လေဘေး ဒုက္ခသည်စာရင်း

ဇူလိုင်၂၆ရက်နေ့မှသြဂုတ်၂ရက်နေ့အထိ‬ နောက်ဆုံးရရှိသည့် ပလက်ဝမြို့နယ်မှ ရေဘေး လေဘေး ဒုက္ခသည်စာရင်းကို အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

၁) ပလက်ဝမြို့
မြို့မရပ်ကွက် ရေမြုပ်/မျော - ၁၁၈ အိမ် မြေပြို -၉ အိမ်
ရွာမရပ်ကွက် ရေမြုပ်/မျော - ၁၁၂ အိမ် မြေပြို - ၅ အိမ်
ရိက္ခာရပ်ကွက် ရေမြုပ်/မျော - ၁၇ အိမ်

၂) ဆမီး ရေမြုပ်/မျော ၁၄၂ အိမ်
၃) တရွန်အိုင် ရေမြုပ်/မျော - ၇၀ အိမ်
၎) ရှင်းလက်ဝ ရေမြုပ်/မျော - ၆၂ အိမ် မြေပြို - ၁အိမ်
၅) အောက်မီးလက်ဝ မြေပြို -၁၀ အိမ် လေတိုက် - ၁၅ အိမ်
၆) ကာရမိတ် ရေမြုပ် ၂ အိမ်
၇) ခဝဲ ရေမြုပ်-၄၂ အိမ်
၈) ဆင်အိုးဝရွာ ရေမြုပ် ၁၅ အိမ်
၉) တွီကင်းဝ သစ်ပင်လှဲ - ၁ အိမ်
၁၀) အထက်ဘောင်းဝီး သစ်ပင်လှဲ - ၁အိမ်

စုစုပေါင်း ရေမြုပ်/မျော - ၅၈၀ အိမ်
စုစုပေါင်း မြေပြို - ၂၅ အိမ်
စုစုပေါင်း လေတိုက် - ၁၇ အိမ်
‪#‎စုစုပေါင်းပျက်စီးသောအိမ်ခြေ၆၂၂အိမ်‬

စုစုပေါင်း ရေဘေးဒါဏ်သင့်ဒုက္ခသည် ခန့်မှန်းခြေစာရင်း ‪#‎၃၁၂၀ယောက်‬

‪#‎အစိုးရအဆောက်အဦးပျက်စီးမှုစာရင်း‬ အကြမ်း
၁) ပထိန်တလန် အ.ထ.က (ခွဲ) ဘော်ဒါဆောင် (၁)ဆောင် လေတိုက်လို့ပျက်စီး
၂) ရာရီတောင် အ.မ.က (၁) ကျောင်း လေတိုက်လို့ပျက်စီး
၃) ဆိုက်ဟား အ.မ.က (၁) ကျောင်း လေတိုက်လို့ပျက်စီး
၎) ပလက်ဝ နတလ ကျောင်း ရေမြုပ်

သံထောင်ဘက်က ဝက်ချောင်းရွာမှာ ၁၅ အိမ်ခန့်ရေထဲမျောပါသွားတယ်လို့သိရပါတယ်။

‪#‎မှတ်ချက်‬-အထက်ပါဖော်ပြတဲ့စာရင်းဟာ သြဂုတ် ၂ရက်နေ့အထိ လက်လှမ်းမီသလောက် ဆက်သွယ်ပြီး စာရင်းပြုစုထားတာပါ။ ရွာတော်တော်များများဟာ မြစ်ကမ်းဘေးတွေမှာ တည်ကြတဲ့အတွက် စာရင်းမရှိသေးတဲ့ အပျက်အစီးတွေ အများကြီးရှိနေပါသေးတယ်။