Showing posts with label BV Regional. Show all posts
Showing posts with label BV Regional. Show all posts

သက်မွန်မြင့်ချစ်သူများအဖွဲ့မှ ပလက်ဝမြို့နယ်ရေဘေးသင့်သူများအတွက် လှူဒါန်း

နိုင်ငံကျော် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်ချစ်သူများအဖွဲ့မှ ပလက်ဝမြို့နယ်ရေဘေးသင့်သူများအတွက် ကျပ်သိန်း ၅၀ လှူဒါန်း
သြဂုတ် ၁၅ ---

မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင်များမှ နိုင်ငံကျော်ရုပ်ရှင်မင်းသမီး သက်မွန်မြင့်ထံလှူဒါန်းသော အလှူငွေများထဲမှ ကျပ်သိန်း၅၀ကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရေဘေးဒါဏ်သင့်ပြည်သူများအတွက်
ဖလမ်းမြို့နယ်မှတဆင့် လက်ခံရရှိကြောင်း သိရသည်။

"မသက်မွန်လှူတဲ့ သိန်း ၅၀ နှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက လောလောဆယ်လှူထားတဲ့ ၁၀ သိန်းကို ပေါင်းပြီး မနေ့ကစပြီးတော့ ဆမီးနှင့် သံထောင်ဘက်ကို သွားလှူနေပါပြီ။ အိမ်တွေဘာတွေဆောက်ဖို့အဆင်ပြေအောင် ငွေသားနဲ့ပဲ ပေးမှာပါ။ တစ်အိမ်လုံး ပျက်စီးသွားတာ၊ အစိတ်အပိုင်းပျက်စီးတာဆိုပြီး ခွဲခြားပြီး ပေးသွားမှာပါ။ အသေးစိတ်စာရင်းကို ရဖို့ခက်တော့ သွားရင်းနဲ့ စာရင်းပြုစုပြီး ပေးဖို့ စီစဉ်တာပါ" ဟု ပလက်ဝမြို့နယ် နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ ဘဏ္ဍာထိန်းမှ ခူမီးမီဒီယာသို့ ပြောသည်။
ဖလမ်းမြို့နယ်မှတာဝန်ရှိသူများက နှစ်ခြင်းအသင်းတော်သို့ တာဝန်ပေး ပေးပို့ခြင်းဖြစ်၍ နှစ်ခြင်းအသင်းတော်အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံး

တီးတိန်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာချင်းဆက်နှင့် အဝေးပြေးလမ်း ၁၄၃၂၁၄ ပေနှင့် တံတား ၅၁ စင်း ပျက်စီးဆုံးရှုံး
**************************************
တီးတိန် သြဂုတ် ၁၁
တီးတိန်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၅ အုပ်စု၊  ကျေးရွာ ၁၇ ရွာရှိ လူနေအိမ်ခြေ ၂၁၉ အိမ်၊ ဌာနဆိုင်ရာ အဆောက်အအုံနှစ်လုံး၊ ဘာသာရေးအဆောက်အအုံနှစ် လုံးပျက်စီး၍ လူဦးရေ ၁၄၁၉ ဦး ရေဘေးသင့်ခဲ့သည်။ကျေးရွာချင်းဆက်နှင့် အဝေးပြေးလမ်း ၁၄၃၂၁၄ ပေ ကာ လတန်ဖိုး ၅၇၂ သန်းကျော် ပျက်စီးခဲ့ရပြီး ပေ ၂ဝ အောက် တံတား ရှစ်စင်း၊ ပေ ၄ဝ အောက်တံတား ၂၂ စင်းနှင့် ပေ ၄ဝ  အထက် တံတား ၂၁ စင်း ပျက်စီးခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေအရ တီးတိန်-ကလေးလမ်း၊ တီးတိန်-ရိဒ်(ရိဒ်ခေါဒါရ်) လမ်းများတွင် ဂျစ်ဘီလူးများ၊ ယာဉ်ငယ်များ ပြေးဆွဲနိုင်သည်အထိ ယာယီပြုပြင်ပြီးစီး၍ တီးတိန်း-ဖလမ်း-ဟားခါးလမ်းမှာ ပြုပြင်ဆဲဖြစ်သည်။
ကျေးရွာအုပ်စု ၃၂ အုပ်စု၊ ကျေးရွာ ၃၉ ရွာရှိ စိုက်ပျိုးမြေဧက ၁၄၅၅ ဧကနှင့် ရေသွယ်မြောင်း ၂၃၄၃၇ ပေ ပျက်စီးပြီး ကာလတန်ဖိုး ၅၇၅ သန်းကျော် ဖြစ်သည်။ ကျေးရွာရေအား လျှပ်စစ် ၁၁ ခု (ကာလတန်ဖိုး ၂၅၃ သန်းကျော်) ပျက်စီးပြီး ငါးကန် တစ်ဧကနီးပါး ပျက်စီးခဲ့သည်။ တိရစ္ဆာန်သေ ပျောက်မှုအနေဖြင့် ဝက် ၁ဝ ကောင်၊ နွားနောက် ၅၂ ကောင်၊ မြင်း ၁၇ ကောင် ကာလတန်ဖိုး ၁၄ သန်းကျော် ဆုံးရှုံးခဲ့ရ ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဦးစီးကော်မတီမှ သိရသည်။ လက်ရှိ အချိန်အတွင်း နေရာအချို့တွင် မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
တီးတိန်မြို့နယ်တွင် သြဂုတ် ၇ ရက်၌ ရေဘေးသင့်ပြည် သူများအတွက် ကယ်ဆယ်ရေးစခန်းအမှတ်(၁) ကို စကောလမ်းနှစ်ခြင်းအသင်းတော်တွင်ဖွင့်လှစ်ထားပြီး မြေပြိုမှုများ နှင့် ကြုံတွေ့နေရသည့် ကဂင်ကျေးရွာအုပ်စု၊ ကဂင်ကျေးရွာမှ ပြောင်းရွှေ့လာသည့် ကျောင်းသား ကျောင်းသူ ၄၇ ဦးအပါ အဝင် လူဦးရေ ၁၂၇ ဦးကို လက်ခံစောင့်ရှောက်ထားသည်။
ကယ်ဆယ်ရေး စခန်း အမှတ် (၂) ကိုစကောလမ်းရပ် ကွက် ရိုမန်ကက်သလစ်အသင်းတော်တွင် ဖွင့်လှစ်ထားရှိ ပြီး ဝေါင်မွာလ်ကျေးရွာအုပ်စု ဝေါင်မွာလ်ကျေးရွာ မြေပြိုမှု ကြောင့် ပြောင်းရွှေ့လာသည့်လူဦးရေ ၁ဝဝ ကျော်ကို လက်ခံစောင့်ရှောက်ထားဆဲဖြစ်သည်။ ကလေးမြို့နှင့်ထိစပ်လျက် ရှိသည့် တီးတိန်နယ်အတွင်းမှ နောက်ထပ်ပြောင်းရွှေ့လာမည့် ရေဘေးသင့်ကျေးရွာများ ရှိသေးကြောင်းနှင့် သက်ဆိုင်ရာက မော်တော်ယာဉ်များနှင့် သွားရောက်ခေါ်ဆောင်နေကြောင်း သိရသည်။။
ကယ်ဆယ်ရေးစခန်းများ၏ နေထိုင်စားသောက်မှုကို တီးတိန်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော် မတီ၊ ဇိုမီးလူငယ်များအသင်း; (Zomi Youth Association)၊  တီးတိန်လူငယ်များအဖွဲ့ (Tedim Youth Fellowship)?၊ ရှလုန်လူမှုကူညီရေးအဖွဲ့ အစရှိသည့် လူမှုကူညီရေးအဖွဲ့များ၊ သက်ဆိုင်ရာ ဘာသာရေးအသင်းတော်များ ပူးပေါင်း ပြီး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လောလောဆယ် ကလေးမြို့သို့ ယာဉ်ငယ်များ သွားလာနိုင်ပြီဖြစ်၍ စားနပ်ရိက္ခာရရှိရေးအတွက် ပိုမိုအဆင်ပြေလာသည့် အနေအထားဖြစ်သည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ၄ဝ ကီလို ဂရမ်ပါ ဆန်ချောတစ်အိတ်ကို နှစ်သောင်းရှစ်ထောင်၊ ၅ဝ ကီလိုဂရမ်ပါ ဆန်ချောတစ်အိတ်ကို သုံးသောင်းသုံးထောင် ပတ်ဝန်းကျင်ဖြင့် တီးတိန်မြို့နယ်အရောက် ပို့ဆောင်ရောင်းချနေကြောင်း သိရသည်။
စားနပ်ရိက္ခာပြတ်လပ်ရှားပါးမှုများ ဖြစ်ပေါ်နေသည့် တွန်းဇံမြို့နယ်ကို သြဂုတ် ၈ ရက်တွင် ဇိုမီးလူငယ်များအသင်း(Zomi Youth Association) က ဆန်အိတ် ၁၅ဝ၊ လောင်စာဆီများ၊ စားသောက်ကုန်နှင့် အဝတ်အထည်များ သွားရောက်လှူဒါန်းခဲ့ပြီး သန့်ရှင်းသည့်သောက်သုံးရေရရှိရေးနှင့် လိုအပ်သည့်ထောက်ပံ့မှုများရရန် တီးတိန် လူငယ်များအဖွဲ့ (Tedim Youth Fellowship) ကလည်း ကိုယ်တိုင်သွားရောက်ဆောင်ရွက်နေကြပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ကလေးမြို့ဘက်လမ်းကို အဓိကလုပ်ကိုင်နေရသည့်အတွက် တွန်းဇံလမ်း ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက်နေသည့် ကယ်ဆယ်ရေးစခန်းများနှင့် ပြည်လည်ထူထောင်ရေးအတွက် အလှူရှင်များ လိုအပ်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လည်း တီးတိန်မြို့နယ်အတွင်းက ပျက်စီးသွားသည့် အိမ်အလုံး ၅ဝ အတွက် World Vision က သိန်းနှစ်ဆယ်တန် တန်ဖိုးနည်းအိမ်များ ဆောက်လုပ်ပေးနိုင်ရန် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်သည်။ ပျက်စီးသွားသည့် ကျေးရွာ ချင်းဆက်လမ်းများ၊ တံတားများနှင့် စိုက်ပျိုးမြေများကို သက်ဆိုင်ရာအနေဖြင့် ရန်ပုံငွေမရရှိသေးသောကြောင့် လက်ရှိအချိန်ထိ အကြီးစားပြုပြင်မှုများ မလုပ်နိုင်သေးဘဲ ရပ်ရွာလူထု၏အစီအစဉ်ဖြင့်သာ ဆောင်ရွက်နေရဆဲဖြစ်ကြောင်းသိရသည်။
ရွှေမိုးကျော်
MOI

12.08.2015
~ ယနေ့ နံနက် ၃း၀၀ နာရီခန့်တွင် ( ၃) လအရွယ် ကလေးငယ် တစ်ယောက် ဝမ်းလျှောရောဂါဖြင့် တီးတိန်မြို့  ပြည်သူဆေးရုံတွင် အသက်ကုန်ဆုံးသွားသည်ဟုတ် သတင်းရသည်။
~ အဆိုပါကလေးသည် ကဂင်ကျေးရွာမှ တီးတိန်မြိုသို့ရွေ့ပြောင်းလာသောရေဘေးသင့်သူများ ဖြစ်ပြီး တီးတိန်မြို ဒုက္ခသည်စခန်း အမှတ်(၁)တွင် ခိုလုံသော မိသားစုဝင် တစ်ဦးဖြစ်သည်
~ ကလေးအလောင်း ကို TBA မှတာဝန်ယူကာ အလောင်း အား ညနေ ၂း၀၀ နာရီတွင်သဂြိုလမ်ည်ဖြစ်ကြောင်း သတင်းရရှိသည

မြေပြို မြေကျွံမှုများကြောင့် ဟားခါးမြို့ နေရာရွှေ့ပြောင်းရမည်

ပြီးခဲ့တဲ့ ဇူလိုင်လက မိုးသည်ထန်စွာရွာသွန်ခဲ့ပြီး မြေပြို မြေကျွံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ချင်းပြည်နယ် ဟားခါး မြို့ ရပ်ကွက်ခြောက်ခုအနက် ၅ ခုကို ပြောင်းရွေ့ရမယ်လို့ ပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က ဒီဗွီဘီကို ပြောပါတယ်။
“အခုလက်ရှိဖြစ်နေတာက နေရာမပြောင်းလို့ မဖြစ်တဲ့ကိစ္စက ရပ်ကွက် ၆ ခုရှိတဲ့အထဲမှာ အခု အက်ကြောင်းရာတွေဖြစ်နေတာက ရပ်ကွက် ၅ ခုလောက်ထဲမှာ ပါနေပါတယ်။ အဲဒီတော့ အပိုင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ လက်ရှိပြိုနေတဲ့ မိသားစုတွေရယ် နောက် မပြိုသေးသော်လည်းပဲ အန္တရာယ်ရှိတဲ့ အက်ကြောင်းရာမှာပါတဲ့ မိသားစုတွေရယ်ကို နေရာသစ်မှာ အကွက်ချပေးဖို့လိုတယ်။ အစိုးရအနေနဲ့ ဘူမိဗေဒပညာရှင်ခေါ်တာ လေးယောက်တက်လာတယ်။ ဒီနေ့ ဟားခါးရောက်မယ်ထင်တယ်”လို့ ပြောပါတယ်။
သူ့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း တာဝန်ပေးအပ်ချက်အရ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရုံးဖွင့်ပြီး အလှူခံကောက်ယူမှာဖြစ်ပါတယ်။ ရွှေ့ပြောင်းမယ့်ရပ်ကွက်တွေကို ဘယ်နေရာမှာ ချထားမယ်ဆိုတာ ယတိပြတ် မဆုံးဖြတ်ရသေးပေမယ့် ဖလမ်းမြို့အထွက်မှာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။
ဦးနန်ဇမုန်က “ဖလမ်းအထွက်မှာ မြေနေရာကောင်းတွေတော့ ရှိတယ်။ အဲဒီနေရာတွေကို ရေရှည်မှာ ဘယ်လိုဖြစ်မယ်ဆိုတာကို ဘူမိဗေဒပညာရှင်တွေနဲ့ ကွင်းဆင်းမယ်ပေါ့ဗျာ။ သူတို့ အနေအထားကြည့်မယ်၊ ကြည့်တဲ့အခါကျတော့ ဒီနေရာကတော့ ကောင်းတယ်၊ ဒီတလျောက်တော့ ကောင်းတယ်ဆိုရင်တော့ ရေရှည်ကောင်းမယ့်နေရာကို နေရာသတ်မှတ် ပြီးတော့ အကွက်ချလုပ်မယ်ထင်ပါတယ်”လို့ ပြောပါတယ်။
မြေပြိုမှုတွေဟာ ဟားခါးမြို့က အဆိုးဝါးဆုံးခံစားခဲ့ရပြီး တီးတိန်မြို့က ကျေးရွာ ၄ ၊ ၅ ခန့်မှာ  အလားတူ မြေပြိုပြီးတော့ ရွာတွေပြောင်းရွှေ့ကြရတယ်လို့ဆိုပါတယ်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်ကို က ပြောပါတယ်။
“အရင်ဆုံးပြောချင်တာက ဟားခါးမြို့ရဲ့ ပထဝီအနေအထားပါ။ အရင်က ဖလမ်းနားက ဇာလိုင်ဆိုတာ ရွာလုံးကျွတ် အကြီးအကျယ်ပြိုဖူးတယ်။ အဲ့ဒီတုန်းက ဘူမိဗေဒပညာရှင် သုံး လေးယောက်လာပါတယ်။ ချင်းတောင်ထဲမှာ မြေပြိုနိုင်တဲ့စာရင်းထဲမှာ ဟားခါးလည်း ပါတယ်ပြောတယ်။ မြို့ပြောင်းဖို့ ကတော့ တဝက်တဝက် လောက်စီဖြစ်မယ် အတိအကျသာ ဆိုရင်ပေါ့လေ ဟိုဘက်တခြမ်းလုံးက ဟိုကမ်းပါးကဟာတွေက safe (လုံခြုံမှု) မဖြစ်တော့ဘူး အဲ့လို အနေအထားရှိတယ်။ ကျနော်တို့ ထန်တလန်လမ်းဘက်မှာ ရပ်ကွက်တွေ ရိုက်ပေးမယ်။ နောက်ဖလမ်းဘက်အထွက်မှာ ရပ်ကွက်တွေရိုက်ပေးဖို့စီစဉ်ထားပါတယ်။ မြို့လူဦးရေရဲ့ တဝက်လောက်ပြောင်းရမယ်လို့ ခန့်မှန်းပါတယ်။ လမ်းတို့ မီးတို့ လုပ်ပေးဖို့ စဉ်းစားထားတယ်။ ၆လလောက်ကြာမယ်မှန်းတယ်။ နောက်အကျဆုံး ၆ လလောက်ပေါ့။”လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဒေါက်တာဘမောင်က သြဂုတ်လ ၇ ရက်နေ့တုန်းက ဒီဗွီဘီ ကို ပြောခဲ့ပါတယ်။
ရပ်ကွက်တွေ ပြန်လည်နေရာချဖို့အတွက် အစိုးရကလုပ်ဆောင်နေသလို အနည်းဆုံး ၆ လလောက် အချိန်ယူရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဟားခါးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပြည်တော်သာ၊ မြို့ဟောင်း၊ ဈေးသစ်၊ ကျော်ဘုတ် စတဲ့ ရပ်ကွက်တွေက အိမ်ခြေ ၆၀၀ ကျော် ပျက်စီးသွားသလို မြို့နားရွာတွေဖြစ်တဲ့ ခွာဘဲ၊ ဘဲအိုသဲ၊ မဲန်နူး စတဲ့ရွာတွေက အိမ်ခြေပေါင်း၁၀၀ ကျော် ပျက်စီးသွားတယ်လို့ Hakha Rescue Committee က ပြောပါတယ်။
အဲ့ဒီပျက်စီးမှုတွေထဲမှာတော့ စာသင်ကျောင်း ၄ ကျောင်း ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နေအိမ်ပျက်ဆီးသွားသူတွေနဲ့ စိုးရိမ်ရတဲ့နေအိမ်တွေကို စွန်ခွာလာတဲ့ ဒုက္ခသည်တွေကတော့ မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံက တိုင်းရဲ့ပြည်နယ် ၁၄ ခုထဲမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးပြည်နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတ၀န်းဖြစ်ပွားတဲ့ သဘာဝဘေးဒဏ်သင့်မှုမှာ ပါဝင်ခဲ့ပြီး အစိုးရထုတ်ပြန်တဲ့ သဘာဝဘေးဒဏ်သင့် ဒေသ ၄ ခုထဲမှာ တခုဖြစ်ပါတယ်။

ဟားခါးမြို့ တမြို့လုံးပြောင်းရွှေ့ရန် စီစဉ်နေ

ချင်းပြည်နယ် ဟားခါးမြို့တွင် မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့တမြို့လုံးကို ပြောင်းရွှေ့ရန် အစိုးရက စီစဉ် နေပြီဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ အတွင်း ဟားခါးမြို့ပေါ်တွင် တောင်မြေများ ပြိုကျခဲ့ဖြင့် လူနေအိမ် အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ပြီး ဆက်သွယ်ရေး ကားလမ်းများလည်း ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် တောင်များ ဆက်လက်ပြိုကျနိုင်သည့် အနေအထားတွင်ရှိနေပြီး မြေကြီး အက် ကွဲကြောင်းများဖြစ်ပေါ်နေသည့်အတွက် ဟားခါးမြို့ကြီးကို ပြောင်းရွှေ့ပစ်ရန် စီစဉ်ကြခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။
“မြေကြီးတွေအက်ကွဲနေပြီး ဆက်ပြိုကျလာနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ မပြောင်းလို့ မဖြစ်တော့ဘူး။ ဒီတော့ မြို့ကိုပြောင်း ရွှေ့နိုင်ဖို့ အဆင်ပြေတဲ့မြေနေရာကို ကြည့်လို့ရအောင် ဘူမိဗေဒပညာရှင် ၃ ဦး ၄ ဦး လောက်ကိုခေါ်ပြီး တိုင်ပင်နေတယ်။ သူတို့နဲ့ အစိုးရအဖွဲ့ တိုင်ပင်ပြီးနေရာရှာမယ်။ ရေမြေစိတ်ချရမှု မြေကြီးခိုင်မာမှုတွေကို အရင်စဉ်းစားကြမယ်”ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍရေးဝန်ကြီး ဦးနန်ဇမုန် က ဧရာဝတီသို့ ပြောသည်။
ဟားခါးမြို့ပေါ်တွင် ရပ်ကွက် ၆ ခုရှိပြီး မြို့သစ်ရပ်ကွက်တခုသာ အန္တရာယ်ကင်းသည့် အနေအထားတွင်ရှိကြောင်း၊ ပြည်တော်သာ၊ ဒေါပုံ၊ မြို့ဟောင်းနှင့်ဈေးဟောင်း ရပ်ကွက်အပါအဝင် ရပ်ကွက် ၅ ခုသည် တောင်ပြိုကျမှုနှင့်မြေသားပြိုကျမှုများ ဆက်လက်ဖြစ် လာ နိုင်သည့်အတွက် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားရကြောင်း၊ မြို့ပြောင်းရွှေ့ပါက အဆိုပါ ရပ်ကွက်များရှိ ဒေသခံများကို ဦးစားပေး ပြောင်းရွှေ့စေမည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍရေးဝန်ကြီး ဦးနန်ဇမုန်က ဆက်လက်၍ “ကျနော့်အထင်တော့ ဟားခါးကနေ ဖလမ်းအထွက်မှာ မြေနေရာကောင်းတွေရှိတော့ အဲဒီဘက်ကို ပြောင်းဖို့များတယ်။ လျာထားတဲ့ မြေတွေကိုကြည့်မယ်။ စိတ်ချရရင် အကွက်ရိုက်မယ်။ လတ်တလောတော့ ကယ် ဆယ် ရေးစခန်းက လူတွေအတွက် ရိက္ခာမပြတ်လပ်အောင် မနည်းပံ့ပိုးနေရတဲ့ အနေအထားရှိတယ်။ စဖြစ်တော့ ကျနော်တို့မှာ ဆန် က လက်ထဲမရှိဘူး။ တပ်ကနေ ဆန်အိတ် ၅၀၀ ချေးထားပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးတာ။ တပ်ချုပ်ကြီး လာတုန်း ကတော့ ရိက္ခာမပြတ်လပ်အောင် ရဟတ်ယာဉ်တွေသုံးပြီး ထောက်ပံ့ပေးမယ်လို့တော့ ပြောသွားတယ်”ဟု ပြောပြသည်။
လက်ရှိတွင် ကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်လှစ်ထားပြီး လာရောက်ခိုလှုံနေရသည့် ဒုက္ခသည် ၅၆၆၆ ဦးရှိကြောင်း၊ မြေပြိုမှုကြောင့် လူနေအိမ် ၅၅၈ လုံးပျက်စီးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။
“အိမ်သာတွေ၊ ရေတွေ လိုအပ်တယ်။ ရိက္ခာကတော့ ပြည်နယ်အစိုးရက ဆန်အိတ်တွေထောက်ပံ့မယ် ပြောထားတယ်။ ဒုက္ခသည် စခန်းတွေမှာ စားသောက်ဖို့အတွက် မြို့မှာရှိတဲ့ အသင်းတော်တွေနဲ့ ဘုရားကျောင်းတွေမှာ ချက်ပြုတ်ပြီးတော့ ကျွေးမွေးတယ်။ အစိုးရပိုင်းက ကျနော်တို့နဲ့ ပိုပြီးပူးပေါင်း လုပ်ဆောင်ဖို့ လိုတယ်။ မလုပ်ရင်မလွယ်ဘူး”ဟု ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလန်ကျဲအို က ပြောသည်။
ဟားခါးမြို့ပေါ်ရှိ ဒေသခံအများစုသည် တောင်မြေပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ဖွင့်လှစ်ကူညီနေသည့် ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်နေထိုင်နေကြရသည်။
ချင်းပြည်နယ်အစိုးရက ဒုက္ခသည်များအတွက် ဆန်အိတ် ၅၀၀၊ ဆား ၅ အိတ်၊ ပဲအိတ် ၅၀ နှင့် ဆီ ၃ ပေပါကို ထောက်ပံ့ပေးထား ကြောင်း၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ကလည်း ဆန်အိတ် ၁၀၀၀ ထောက်ပံ့ပေးထားကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ဆေးကုသခန်းများလည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ဟားခါးမြို့ကို ပြောင်း ရွှေ့မည်ဖြစ်ကြောင်း သတင်းရရှိ

မြေပြိုမှုများ ဆက်တိုက် ကြုံတွေ့နေသော ချင်းပြည်နယ် ၏မြို့တော် ဟားခါးမြို့ကို ပြောင်း ရွှေ့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟားခါးမြို့ပြောင်းရွှေ့နိုင် ရန် လူနေထိုင်ရေး စိတ်ချရမည့်နေ ရာရှာဖွေရေးအတွက် ဘူမိဗေဒ ပညာရှင်များဖြင့် လေ့လာမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးကျင် လျန်းပေါင်က ပြောသည်။
ာပြန် ချပေးမယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။
‘‘လူနေဖို့ မသင့်တော်လို့ ရွှေ့ဖို့လုပ်လိုက်တာပါ။ အိမ်ခြေ သုံးရာလောက်ကိုတော့ မဖြစ် မနေ အရင်ဆုံးရွှေ့ပြောင်းထား တယ်။ သူတို့နေထိုင်လို့ စိတ်ချရ မယ့်နေရာကို ရှာဖွေပြီး နေရ
အိမ်ခြေ သုံးရာကျော်ကို ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ၄ မိုင်နှင့် ၇ မိုင်ကြားတွင် ယာယီ ရွှေ့ပြောင်းထားကြောင်း ဦးကျင်လျန်းပေါင်က ပြောသည်။
ဟားခါးမြို့တွင် လူနေရပ် ကွက်ခြောက်ခုအနက် ငါးခုကျော် သည် မြေပြိုကျမှုကြုံတွေ့ခံစားခဲ့ ရသည်။ ယခုလက်ရှိအနေအထား အရ ရွှေ့ပြောင်းရာတွင် ပြည်နယ် အစိုးရရုံးများပါဝင်ဦးမည်မဟုတ် ဘဲ လူနေထိုင်ရန်သာ ရွှေ့ပြောင်းရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဟားခါး၊ ဂန့်ဂေါလမ်းမှ လမ်းပိုင်းအချို့တွင်လည်း မြေပြိုကျကာ ပျက်စီးခဲ့သဖြင့် တပ်မတော် ဧရိယာများအတွင်းရှောင်ကွင်းလမ်းများ ဖောက်လုပ်သွားမည်ဟု ဩဂုတ် ၈ ရက်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
ဟားခါးမြို့သို့ ဆက်သွယ် ရာလမ်းများအားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ကောင်းမွန်သည့် အခြေအနေတစ်ခု ရရှိရန် မလွယ်ကူတော့ကြောင်း ဒေသခံ ဦးဇမ်ကျင်ကပြောသည်။
‘‘မြို့က အစကတည်းက သွားရေးလာရေး ခက်တဲ့အပြင် မြေအနေအထားကလည်း စိတ်ချ ရမှုမရှိတော့ ဒေသခံတွေကို အ ဆင်ပြေအောင် လုပ်ပေးမယ်ဆို ရင်တော့ လက်ခံရမှာပါ’’ဟု ၎င်း က ပြောသည်။
မြေပြိုမှုအန္တရာယ်ကြီးထွား နေသည့် နေရာအချို့ကိုအန္တရာယ် ဇုန်အဖြစ်သတ်မှတ်ထားပြီး ဒေ သခံများကိုလည်း သတိပေးမှုပြု လုပ်ထားသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။
ဇူလိုင်ကုန်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ချင်းတောင်တန်းတွင် မြေသား များပြိုကျခဲ့ပြီး လမ်းပန်းဆက် သွယ်ရေးပြတ်တောက်ခဲ့သည်။ မြေပြိုမှုကြောင့် အိမ်ခြေလေး ထောင်ကျော်ရှိသည့် ဟားခါးမြို့ တွင် အိမ်ခြေလေးရာကျော်(မြို့ရှိအိမ်ခြေအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်) ပြိုကျပျက်စီးခဲ့ပြီး တံတား ၂၁ စင်းနှင့်လယ်ယာဧက ၂၀၀ ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ်အစိုးရက သတင်းထုတ်ပြန် သည်။ချင်းပြည်နယ်တွင်း ဩဂုတ် ၁၀ ရက်စာရင်းများအရ မြေပြိုမှု များကြောင့် ဆုံးရှုံးပျက်စီးမှုမှာ ကျပ် ၃ ဒသမ ၈ ဘီလီယံရှိပြီဖြစ် ကြောင်း ပြည်နယ် အစိုးရထံမှ သတင်းရရှိသည်။
ချင်းပြည်နယ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး မြေပြိုကျမှုများ ကြောင့် ကယ်ဆယ်ရေးစခန်းရှစ် ခုဖွင့်လှစ်ထားကာ လာရောက်ခို လှုံနေရသည့် ဒုက္ခသည် ၇,၆၇၈ ဦးရှိသည်။ မြေပြိုမှုကြောင့် လူ နေအိမ် ၁,၁၁၉ လုံး ပျက်စီးခဲ့ပြီး သေဆုံးသူလေးဦးရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ 7Days

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်ေ်န

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်ေ်န၊ ယနေ့အထိ တီးတိန်မြို့နှင့် အဆက်အသွယ်ပြတ်နေဆဲ
===========================
ပျက်စီးဆုံးရှုံးမှုစာရင်းနှင့် ဒုက္ခရောက်သူဦးရေ
၁. Leisan ရပ်ကွက် အိမ်ခြေ၄၇၈ လူဦးရေ ၂၇၉၆ယောက်
၂. Khualai ရပ်ကွက် အိမ်ခြေ ၁၇၃လူဦးရေ ၉၈၂ ယောက်
၃. Tung Tuang ကျေးရွာ အိမ်ခြေ ၁၁၈လူဦးရေ ၆၄၆ ယောက်
၎. Tuitum ကျေးရွာ အိမ်ခြေ ၁၂၃ လူဦးရေ ၆၇၇ယောက်
၅. Sebawk ကျေးရွာ အိမ်ခြေ ၂၆လုံး ၇ယောက်သေဆုံး
၆. Taakzang ကျေးရွာ အိမ်ခြေ ၂၉လုံး
၇. Balbil ကျေးရွာ အိမ်ခြေ ၃လုံးပျက်စီး
၈. Siallum ကျေရွာ အိမ်ခြေ ၂ လုံးပျက်စီး
၉. Khiang Zang ကျေးရွာ အိမ်ခြေ ၅လုံးပျက်စီး
၁၀. Kham Zang ကျေးရွာ အိမ်ခြေ ၇လုံးပျက်စီး
credit to Mung No

ပြည်နယ်အစိုးရမှ မြေနေရာသစ်ရွေးချယ်ထားသည့် ဟားခါးအနီးဒေသ

ပြည်နယ်အစိုးရမှ မြေနေရာသစ်ရွေးချယ်ထားသည့် ဟားခါးအနီးဒေသနှင့် ပတ်သက်ပြီး ဘူမိဗေဒပညာရှင် များနှင့်ယခုရက်ပိုင်းတွင်းဆွေးနွေးမည်
==========================
Salai Hung Tun Gei
၁၁ သြဂုတ် ၂၀၁၅
ဇူလိုင်လအတွင်းမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုဖြစ်ပေါ်နေသည့် ဟားခါးမြို့ပေါ်တွင် ဆက်လက် နေထိုင်ရင် မဖြစ်နိုင်တော့ခြင်းကြောင့် ချင်းပြည်နယ်အစိုးရမှ မြေနေရာအသစ်ရွေးချယ်ထားသည့် ဒေသနှင့် ပတ်သက်ပြီး ဘူမိဗေဒပညာရှင်များနှင့် ယခုရက်ပိုင်းအ တွင်းဆွေးနွေး မည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင် ၀န်ကြီးဦးနိန်နိုင်းက သြဂုတ်လ (၁၀) ရက်နေ့တွင်ပြောသည်။
ဦးနိန်နိုင်းက “ ဟားခါးမှာက မြို့သစ်ရပ်ကွက်တစ်ခုတည်းပဲအခြေ အနေကောင်းတယ်။ အခုနေရာကောင်း နိုင်မယ့်ဒေသအနေနဲ့ ဟားခါးဖက်သွားတဲ့လမ်းဖက်နဲ့ ထန်တလန်ဖက်သွား တဲ့လမ်းဖက်ကို စဉ်းစားထားတယ်။ ဒါပေမယ့် အဲဒီမှာကလည်း စုပြုံပြီးနေပြီး မြေပြန်ပြိုရင် မထူးဘူး။ ဒါကြောင့် ဘူမိဗေဒပညာရှင် တွေနဲ့အဲဒီနေရာ မှာ ဒီရက်ပိုင်း အတွင်း သွားပြီးကြည့်ကြမယ်” ဟုပြောသည်။
သူကဆက်ပြီး “ အခုနေပြည်တော်ကနေ သတ္တုတွင်းဝန်ကြီးဌာနကနေ ဘူမိဗေဒပညာရှင်တွေလာနေကြတယ်။ ပြီးတော့ ကုမ္ပဏီအချို့က ဘူမိဗေ ဒပညာရှင်တွေလည်း လာမယ်။ သူတို့ရောက်လာလို့ရှိရင် ဒီကမြို့မိမြို့ ဖတွေနဲ့ပေါင်းပြီး ကြည့်ကြမယ်။ အဲဒါတွေကိုကြည့်ပြီးမှ ဘယ်နေရာမှာ ဆက်နေလို့ရမလဲဆိုတာကိုထပ်ကြည့်ကြမယ်” ဟုပြောသည်။
ကားလမ်းများပျက်စီးသည့်အတွက် ယနေ့အချိန်အထိ ကားကြီးများမသွားနို င်သေးခြင်းကြောင့် မြေနေရာအတည်ဖြစ်လျှင်လည်း မိုးရာသီကုန်ပိုင်းမှ လုပ်ငန်းများအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်လောလောဆယ်တွင် သဘာဝဘေးဒုက္ခသည်များအတွက် ယာယီကယ်ဆယ်ရေးကိုသာလုပ်ဆောင်ပေးနေရကြောင်းသိရသည်။
ဦးနိန်နိုင်းက “ လောလောဆယ်တော့ အိမ်တွေကို ဖျက်နေတဲ့သူတွေရှိတယ်။ သူတို့ကို ကားတွေနဲ့ပစ္စည်းတွေသယ်ပြီး တစ်နေရာမှာစုထားပေးတယ်။ အခုကားအသေးတွေနဲ့ရွက်ဖျင်တဲ့တွေရောက်လာမယ်။ အဲဒါကိုပဲ လောလော ဆယ်အိမ်ထောင်စုတွေအတွက် ဝေပေးနေတယ်၊ တခြားစားရေးသောက်ေ ရးနေရေးတွေနဲ့ပတ်သက်ပြီးလည်း မြို့မိမြို့ဖတွေနဲ့ပူးပေါင်းဆောက် ရွက်နေတယ်” ဟုပြောသည်။
ဇူလိုင်လအတွင်းမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ချင်းပြည်နယ်မြို့များနှ င့် ကျေးရွာတိုင်းတွင် လမ်း၊ တံတား၊ အိမ်များစွာပျက်စီးခဲ့ရပြီး ယနေ့အထိ ဒုက္ခသည်ပေါင်း (၈၀၀၀) ခန့်ရှိကြောင်း ပြည်နယ်အစိုးရစာရင်း အရသိရသည်။
Ref: Chin World

တွန်းဇံ မြို့နယ်အတွင်း ရှိ သဘာဝဘေးသင့် ရွာ တချို့ အရေးပေါ် ကူညီထောက်ပံ့မှု မရရှိသေး

တွန်းဇံ မြို့နယ်အတွင်း ရှိ သဘာဝဘေးသင့် ရွာ တချို့ အရေးပေါ် ကူညီထောက်ပံ့မှု မရရှိသေး
သြဂတ် ၁၀၊ ၂၀၁၅

ချင်းပြည်နယ် တွန်းဇံ မြို့နယ် အတွင်းရှိ ကျေးရွာ အချို့မှာ မိုးကြီး မြေပြိုမှု များကြောင့် နေရပ်စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာများသို့ ပြောင်းရွှေ့ နေကြောင်း သိရသည်။
"တာခ်ဇန် ရွာ ကတော့ အိမ်ခြေ ၂၀ ကျော်လောက် ရှိတယ်၊ သူတို့က ဆာလ်ဇန်ရွာသို့ ရွှေ့ကြတယ်။ ခမ်ဇန်ရွာ ကတော့ အိမ်ခြေ ၇ အိမ်လောက်ရှိတယ်၊ သူတို့က ဖိုင်တူရွာ သို့ ရွှေ့ကြကုန်ပြီ။ သူတို့ကတော့ အကူအညီ ထောက်ပံ့မှု အများကြီးလိုတယ်။ ဆေးဝါး နှင့် စားသောက်ကုန် တွေလိုတယ်။ ဘာမှ ထောက်ပံ့ပေးမှု မရှိသေးဘူး" ဟု တွန်းဇံ မြို့ခံ တဦးက ဇိန်ဆောလ် သို့ပြောသည်။
ယခုလိုမျိုး အခြေအနေ မေးမြန်းချက်အား မြို့နယ်အုပ်ချုပ်ရေးမှူး က "ဒီမှာ အပျက်အစီးတို့ လူစာရင်းတို့ အတိအကျ ပြောလို့မရဘူး။ အခု ပြောတဲ့ဟာတွေက ဒုကှသည် အဆင့်တောင်မဟုတ်ဘူး။ မြေပြိုကျတာ မဟုတ်ဘူး။ ရွာထိပ်က တောင်က မြေအက် မြေကျွံ နေတာ ကို ပြိုကျမှာ ကြောက်လို့ ပြေးတာ၊ တာ မြေပြိုကျတာလဲ မဟုတ်တော့ ဒုက့သည် အဆင့် မဟုတ်ဘူး ဒုတိယ အဆင့်ဘဲ ရှိတယ်" ဟု ပြန်လည်ဖြေကြား ခဲ့သည်။
"ရွာတွေမှာတော့ အရပ်ဘက် အဖွဲ့အစည်းတွေ လာလှူတာတွေရှိတယ်။ တချို့ရပ်ရွာတွေ ကျတော့ ကြီးကြီးမားမား ဘေးသင့်တာ မရှိပေမဲ့ စားနိပ်ရိကှာ ပြတ်လပ်တာတွေတော့ ကြုံနေရတယ်။ AD (မြို့နယ် အုပ်) ကလဲ အစိုးရက ထောက်ပံ့ထားတဲ့ ဆန်တွေ မမျှမတဝေတယ်၊ ဒေသခံ ပြည်သူနဲ့ အစိုးရဝန်ထမ်း တွေ ခွဲခြားတယ်။ ဝန်ထမ်းတွေ မှာမှ သူ့ ရုံးဝန်ထမ်း နဲ့ တခြား ဝန်ထမ်းတွေ ခွဲခြားတယ်။ ကျွန်တော်တို့ မိသားစုဆိုရင် ဒီတပတ်စာလောက်ပဲ စားဖို့ ရှိတော့တယ်။ ဒီတပတ်ကုန် ရင်ငတ်တော့မယ်၊ နယ်မှာ တာဝန်ထမ်းနေတဲ့ အစိုးရဝန်ထမ်း ဆိုတော့ မြို့ပေါ်ထိတက်လာတာလဲ လမ်းကမလွယ်ဘူး။ ချောင်းရေကြီးတော့ တံတားတွေလဲ ပျက်ကုန်ပြီ၊ ကျွန်တော်တို့ တအား ဒုကှ ရောက်နေတယ်၊ အခု တီးတိန်မြို့ထိ တက်လာပြီး ဆန်ဝယ်ဖို့လာတာ" ဟု တွန်းဇံ မြို့နယ် ရှိ ကျေးရွာတခုတွင် တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်း တယောက်က ဇိန်ဆောလ်သို့ ပြောသည်။
တွန်းဇံ မြို့နယ်တွင် နာခ်ဇန် ကယ်ဆယ်ရေး စခန်းသာရှိကြောင်း သိရသည်။

တရွာလုံး ရေဘေးဒုက္ခခံရတဲ့အပြင် တရွာလုံးစစ်ပြေးဒုက္ခသည် ခံစားရခြင်း

 အထူးသတင်း တရွာလုံး ရေဘေးဒုက္ခခံရတဲ့အပြင် တရွာလုံးစစ်ပြေးဒုက္ခသည် ခံစားရခြင်း သတင်း။

အကြောင့်ရင်းမှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့မှ ဒေသခံ လူထုဆန္ဒ မရှိ ဘဲ တရွာလုံး ရွာမှ ပြောင်းရွှေ့ ကြ ရန် အာဏာနဲ့အမိန်ချကြောင်း
့ ရွာသူရွာသား ဒေသခံပြည်သူလူထုများအပေါ်မှ သတင်းရရှိပါသည်။
ဒေသခံရွာသူရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူး အပေါ် အကြောင်း
့်ရင်း မေးကြည့်သော် ကျေးရွာအုပ်ချုပ်ရေးမှူးမှ စစ်ဗျုဟာမှူး ကိုယ်တိုင်က ရာဇဂြိုလ် ရေလောင်တမာန် ပေါက်ကွဲနိုင်ကြောင့်
အန္တရာယ် ရှိကြောင်း တရွာလုံးပြောင်းရွှေ့ကြရန် မှာကြားကြောင်း
့် ပြန်ပြော ပါတယ်ဟု ဒေသခံရွာသူရွာသာုးများ အပေါ်သတင်းရရှိပါသည်။
ဘယ်သူ စစ်ဗျုဟာမှူးမှန်း ဒေသခံ ပြည်သူလူထု ရွာသူရွာသားများက အသေအခြာ နားမလည် မသိ ကြကြောင့်လဲ့ ဒေသခံပြည်သူလူထုအပေါ် သတင်းရရှိပါသည်။
ကျေးရွာအုပ်စု အုပ်ချုပ်မှူးမှ ဘယ်တူ စစ်ဗျုဟားမှူး ဆိုဒါ မပြောပြကြောင့် ဒေသခံရွာသူရွာသားများအပေါ် သတင်းရရှိပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ရွာ၏ နယ်နိမိတ် မဟုတ်သော အခြား နယ်နိမိန်ရွာ၏ တော ထဲတွင် ခြံနေရာ ရာထားပေးပြီ အရင်သွားတူက နေရာကောင်း ရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့မှ ချိမ်းခြောက် ကြကြောင့် ရွာသူရွားသား မုဆိုးမ များနဲ့ အလွန်ကျေက်ရွံ့သော ရွာသူရွာသားများ အဖွဲ့တဖွဲ့များမှ ခြံနေရာ သွားကြည့်ကြကြောင့် ဒေသခံ ရွာသူရွာသားများ အပေါ် သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် စိန်းဂဲလ်ရွာ(ခေါ်) မြစိမ်းကျေးရွာ တွင် စစ်အာဏာရှင် ပုံစံ စနစ်ဖြစ်ပေါ်လာသည်။
၎င်း စိန်းဂဲလ်ရွာ(ခေါ်) မြစိမ်းကျေးရွာ ဒေသခံများသည် လယ်ယာ ဧက ပေါင်းများစွာ ပိုင်ဆိုင်သော လယ်ယာများ စွန်းခွာ သွားပြီး ဆုံးရှုံးသွား မှာကို အလွန် စိုးရိမ် ပူပန်နေကြဒါ မက မကြာသေးခင် ၂၀၁၅ မတ်လ ထဲတွင် ကျေးရွာ တည်ထောင်ဒါ နှစ် (၅၀)ပြည့် ရွှေရတု အခမ်းအနားပွဲ့တော် လုပ်ကြဒါလဲ မကြသေးဘူး ဆိုပြီး ဒေသခံရွာသူရွာသားများ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခပေါင်းများစွာ ခံစား ကြကြောင်း ဒေသခံရွာသူရွာသားများ အပေါ် သတင်း ရရှိပါသည်။
သတင်း
ဒေသခံ လူမူအဖွဲ့အစည်း
By.Zomi Paul Pau.

တီးတိန်တွင် ကျေးရွာ ၁၂ ရွာ အစားအသောက်၊ ကယ်ဆယ်ရေးနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်

တီးတိန်တွင် ကျေးရွာ ၁၂ ရွာ အစားအသောက်၊ ကယ်ဆယ်ရေးနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်
------------------------------------------
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ကာ မိုးသည်းထန်ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပေါ်နေကာ ကျေးရွာ ၁၂ ရွာတွင် အစားအသောက်၊ ကယ်ဆယ်ရေးနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် ဇိုမီးလူငယ်အသင်း(တီးတိန်) ဥက္ကဌ ဦးတွောင်ဂင့်မန်က ပြောကြားသည်။
“ရွာလုံးကျွတ် ရွှေ့ပြောင်းရတာတွေတော့ မရှိသေးဘူး။ ဒါပေမယ့် တစ်ရွာကို ၁၀ အိမ်၊ ၁၅ အိမ်မျိုး ထိခိုက်ကြတယ်။ ရွာချင်းဆက်သွယ်ထားတဲ့ လမ်းတွေ၊ တံတားတွေလည်း မိုးရေကြောင့် ပျက်စီးပြီး သွားလာရေး ခက်သွားတယ်” ဟု ၄င်းက ပြောသည်။
ယင်းကျေးရွာများအနက် လတ်တလောတွင် သွားလာဆက်သွယ်၍ မရသည့် ကျေးရွာ ၄ ရွာရှိပြီး အုပ်ချုပ်ရေးအဖွဲ့နှင့် ဇိုမီးလူငယ်အသင်း(တီးတိန်)တို့ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနေပြီး သွားလာရေး မလွယ်ကူမှုကြောင့် ရွာများသို့ အကူအညီများ ပေးရန် ခက်ခဲနေကြောင်း တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် အစိုးရအနေဖြင့် သဘာဝဘေးဒဏ် ခံစားရသည့် ဝန်ထမ်းတစ်ဦးလျှင် ကျပ်တစ်ထောင်စီနှင့် ဌာနဆိုင်ရာ တစ်ခုလျှင် ဆန်တစ်အိတ်နှုန်း ထောက်ပံ့ကြောင်း ဒေသခံဝန်ထမ်းများထံမှ သိရသည်။

“အခုလို အရေးအပေါ် အခြေအနေမှာ ကျွန်တော်တို့ဘက်က ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အားနည်းတယ်။ လုံလောက်မှုမရှိဘူး။ မီဒီယာလည်း အင်အားနည်းတော့ ဘယ်သူမှ ဒီဘက်က ဖြစ်ပျက်နေတာတွေ မသိဘူးပေါ့ဗျာ။ အဲဒီတော့ ဒီဘက်ကို အစိုးရရော မြန်မာနိုင်ငံမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေက အကူအညီတွေ ဒီဘက်မှာ ဘာမှမရဘူး ဖြစ်နေတယ်။ ဒီမှာရှိတဲ့ လူငယ်အသင်းတွေ တတ်န်ုင်သလောက် လုပ်ပေမယ့်လည်း ဖြစ်တဲ့ရွာတွေ သိပ်များတော့ မနိုင်ဘူး ဖြစ်နေတယ်” ဟု တီးတိန်အခြေစိုက် တီးတိန်ပို့စ်မီဒီယာမှ တာန်ဂင့်ကိမ်းမန်က ပြောသည်။
လက်ရှိတွင် တီးတိန်မြို့နယ် အတွင်း အန္တရာယ်ရှောင်ပြည်သူ ၁၃၈၀ ဦးထက်မနည်းရှိကာ ဘုရားကျောင်းများတွင် ခိုလှုံနေကြရပြီး တီးတိန်-ကလေး ကားလမ်းမှာလည်း သွားမရသေးသဖြင့် ဆန်ပြတ်လပ်မည့်အခြေအနေ ဖြစ်လာနိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုသည်။
(တီးတိန်မြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ် ခံရသည့် ကဂင်ကျေးရွာ မြင်ကွင်း၊ ဓာတ်ပုံ - @Tg Ever Zomi /Mangbawi)

ထူးဖောင်ဒေးရှင်းနာယက ချင်းပြည်နယ်၊ ဟားခါးရောက်ရှိ ငွေကျပ် သိန်း(၅၀၀) စတင်လှူဒါန်း


"ထူးဖောင်ဒေးရှင်းနာယက ချင်းပြည်နယ်၊ ဟားခါးရောက်ရှိ၊ လမ်းပန်းဆက်သွယ်ရေးအတွက် ငွေကျပ် သိန်း(၅၀၀) စတင်လှူဒါန်း"
ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ ဦးဆောင်သော အဖွဲ့သည် ယနေ့သြဂုတ်လ(၂)ရက်နေ့ ညနေ (၃း၂၂) အချိန်တွင် ရဟတ်ယာဉ်(၂)စီးဖြင့် ပုဂံညောင်ဦးလေဆိပ်မှ စတင်ထွက်ခွာလာရာ
ညနေ(၄း၂၅) အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိခဲ့ပါသည်။
ဟားခါးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ လတ်တလော ဖြစ်ပွားနေသည့် ရေဘေးကိစ္စများအား ဆွေးနွေးပြီး ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ချင်းပြည်နယ်အတွင်း သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားနေသည့် နေရာများအား လိုက်လံ ကြည့်ရှုခဲ့ပါသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း(၅၀၀) အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဦးတေဇနှင့်အဖွဲ့သည် ဟားခါးမြို့တွင် ယနေ့ညအိပ် အခြပြုမည်ဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါသည်။

ပလက်ဝမြို့နယ်မှ ရေဘေး လေဘေး ဒုက္ခသည်စာရင်း

ဇူလိုင်၂၆ရက်နေ့မှသြဂုတ်၂ရက်နေ့အထိ‬ နောက်ဆုံးရရှိသည့် ပလက်ဝမြို့နယ်မှ ရေဘေး လေဘေး ဒုက္ခသည်စာရင်းကို အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

၁) ပလက်ဝမြို့
မြို့မရပ်ကွက် ရေမြုပ်/မျော - ၁၁၈ အိမ် မြေပြို -၉ အိမ်
ရွာမရပ်ကွက် ရေမြုပ်/မျော - ၁၁၂ အိမ် မြေပြို - ၅ အိမ်
ရိက္ခာရပ်ကွက် ရေမြုပ်/မျော - ၁၇ အိမ်

၂) ဆမီး ရေမြုပ်/မျော ၁၄၂ အိမ်
၃) တရွန်အိုင် ရေမြုပ်/မျော - ၇၀ အိမ်
၎) ရှင်းလက်ဝ ရေမြုပ်/မျော - ၆၂ အိမ် မြေပြို - ၁အိမ်
၅) အောက်မီးလက်ဝ မြေပြို -၁၀ အိမ် လေတိုက် - ၁၅ အိမ်
၆) ကာရမိတ် ရေမြုပ် ၂ အိမ်
၇) ခဝဲ ရေမြုပ်-၄၂ အိမ်
၈) ဆင်အိုးဝရွာ ရေမြုပ် ၁၅ အိမ်
၉) တွီကင်းဝ သစ်ပင်လှဲ - ၁ အိမ်
၁၀) အထက်ဘောင်းဝီး သစ်ပင်လှဲ - ၁အိမ်

စုစုပေါင်း ရေမြုပ်/မျော - ၅၈၀ အိမ်
စုစုပေါင်း မြေပြို - ၂၅ အိမ်
စုစုပေါင်း လေတိုက် - ၁၇ အိမ်
‪#‎စုစုပေါင်းပျက်စီးသောအိမ်ခြေ၆၂၂အိမ်‬

စုစုပေါင်း ရေဘေးဒါဏ်သင့်ဒုက္ခသည် ခန့်မှန်းခြေစာရင်း ‪#‎၃၁၂၀ယောက်‬

‪#‎အစိုးရအဆောက်အဦးပျက်စီးမှုစာရင်း‬ အကြမ်း
၁) ပထိန်တလန် အ.ထ.က (ခွဲ) ဘော်ဒါဆောင် (၁)ဆောင် လေတိုက်လို့ပျက်စီး
၂) ရာရီတောင် အ.မ.က (၁) ကျောင်း လေတိုက်လို့ပျက်စီး
၃) ဆိုက်ဟား အ.မ.က (၁) ကျောင်း လေတိုက်လို့ပျက်စီး
၎) ပလက်ဝ နတလ ကျောင်း ရေမြုပ်

သံထောင်ဘက်က ဝက်ချောင်းရွာမှာ ၁၅ အိမ်ခန့်ရေထဲမျောပါသွားတယ်လို့သိရပါတယ်။

‪#‎မှတ်ချက်‬-အထက်ပါဖော်ပြတဲ့စာရင်းဟာ သြဂုတ် ၂ရက်နေ့အထိ လက်လှမ်းမီသလောက် ဆက်သွယ်ပြီး စာရင်းပြုစုထားတာပါ။ ရွာတော်တော်များများဟာ မြစ်ကမ်းဘေးတွေမှာ တည်ကြတဲ့အတွက် စာရင်းမရှိသေးတဲ့ အပျက်အစီးတွေ အများကြီးရှိနေပါသေးတယ်။

ကလေးမြို့ရေဘေး အရေးပေါ်ကူညီမှုတွေလိုအပ်

ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံနေရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရေနစ်မြုပ်နေတဲ့ နေအိမ်တွေထဲ ပိတ်မိနေပြီး သွားကယ်လို့လည်းမရဖြစ်နေတဲ့ ရေဘေးဒုက္ခသည်တွေရဲ့အန္တရာယ်က အတော်လေးကို စိုးရိမ်စရာဖြစ်နေလို့ အာဏာပိုင်တွေဘက်က ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ကူညီကယ်ဆယ် ပေးနေတဲ့ ကလေးဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ ကလေးမြို့က ဒုက္ခသည်စခန်းတွေမှာ ရေဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ နဲ့ အဝတ်အစားစတဲ့ အခြေခံလိုအပ်ချက်တွေ အရေးတကြီးလိုအပ်နေသလို ရောက်လာတဲ့ဒုက္ခသည်တွေ နေရာချထားရေးအတွက်လည်း အာဏာပိုင်တွေဘက်က ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် အခက်အခဲတွေ့နေတယ်လို့ဆိုပါတယ်။ ကလေးမြို့နောက်ဆုံးရအခြေအနေကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ဒေသတွေအဖြစ် အရေးပေါ်အခြေအနေကြေညာထားတဲ့ ဒေသကြီးလေးခုထဲက တခုဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ကလေးမြို့တမြို့လုံးနီးပါး ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ဒီနေ့သြဂုတ်လ (၁) ရက်နေ့မှာလည်း သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကလေးမြို့ကို သွားရောက်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ရေဘေးသင့်ဒေသခံပြည်သူတွေဆီကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်လုပ်ဆောင်ပေးနိုင်ဖို့က စက်လှေ အခက်အခဲရှိနေတဲ့အတွက် ရေထဲမှာပိတ်မိနေတဲ့ ဒုက္ခသည်တွေကို သွားကယ်နိုင်ဖို့ အတော်လေး အခက်အခဲဖြစ် နေ ပါတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ကလေးဒေသခံ မသန့်ဝေကျော်က ပြောပါတယ်။
“အစိုးရဘက်က ထိထိရောက်ရောက်နဲ့လာနိုင်မှကို အဆင်ပြေမှာ။ ဒီနေ့ သမ္မတကြီးတို့လာပါတယ်။ လာပြီးတော့ ကျမတို့ကို ဓာတ်ပုံရိုက်သွားရုံလောက်နဲ့ကအဆင်မပြေဘူး။ ဒီမှာ တကယ်ဖြစ်ပျက်နေတဲ့အနေအထား၊ ရေအနေအထားတွေ၊ ဘယ်လိုပုံစံမျိုးနဲ့ နည်းစနစ်ကျကျသွားပြီးတော့ ကယ်ထုတ်မလဲဆိုတဲ့ဟာမျိုးတွေက အဖွဲ့အစည်းတွေအနေနဲ့ မတတ်နိုင်တဲ့ကိစ္စတွေဖြစ်သွားတယ်၊ အဲဒီအပိုင်းတွေကျတော့လေ။ ကျမတို့အနေနဲ့ တော်တော် ခက်ခဲပါတယ်။ အဲဒါတွေက - တတ်နိုင်သလောက် ရွှေ့တာပြောင်းတာတွေ ကူတယ်။ ကယ်ပေးတယ်။ ဒါပေမယ့် အားလုံးမှာခက်ခဲတာက စက်လှေအခက်အခဲက တော်တော်ကြီးဖြစ်တယ်။ ဒီနေ့ဆို (၆) ရက်မြောက် ဖြစ်သွားပြီပေါ့နော်၊ (၆) ရက်မြောက်အတွင်းမှာ စက်လှေကမရှိဘူး။ ရွာတွေမှာ လှေရှိတဲ့ အစင်းရေကလည်း တကယ်နစ်နေတဲ့ အိမ်ခြေနဲ့က လုံးဝမလောက်နိုင်တော့ ကျမတို့ ဘယ်လိုပဲငှားငှား လိုက်မယ့်သူက မရှိဘူး။ သွားနိုင်ရင် ဘောကွင်းတွေဘာတွေနဲ့ပဲ အဲလောက်လေးနဲ့ပဲ သွားနိုင်တော့ စက်လှေက အဓိကလိုအပ်ချက်ဖြစ်နေတော့ ကယ်ဆယ်ရေးပိုင်းမှာက တော်တော်ကြီး လိုအပ်ချက်တွေ အများကြီးရှိတယ်။ နောက်ပြီးတော့ စခန်းထဲကို မရောက်ဘဲနဲ့ အိမ်တွေမှာ ကျန်နေခဲ့တဲ့ ရေမြုပ်တဲ့ နေရာတွေမှာ အသက်ရှင်လျက်နဲ့လူတွေ ရှိနေတယ်။ ဘယ်လိုမှ ထွက်လို့မရဘူး၊ ကျမတို့ကိုလည်း လာကယ်ပါ ဆိုပြီးတော့ ဖုန်းတွေဆက်တယ်။ ကျမတို့လည်း စက်လှေတွေငှားတယ်။ ဘယ်လိုမှ ငှားလို့မရတဲ့အခါကျတော့ အဓိက-က အစိုးရဘက်ပိုင်းက စက်လှေတွေ ဘာတွေနဲ့ စနစ်တကျနဲ့ တကယ့်ကို ကယ်ဆယ်ရေးလုပ်ဆောင်မှပဲ လူတွေကို အသက်ရှင်လျက်နဲ့ကယ်ထုတ်နိုင်လိမ့်မယ်။ အခုဆိုလို့ရှိရင် သေဆုံးတဲ့သူဟာ ဘယ်လောက်ဆိုတဲ့ ကိန်းဂဏန်းအတိအကျကိုတောင်မှ ကျမတို့ မသိနိုင်ဘူးဖြစ်နေတယ်။”
ကလေးမြို့က ဒုက္ခသည်စခန်းတွေကို ရောက်လာနိုင်တဲ့ ရေဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ နဲ့ အဝတ်အစားစတဲ့ အခြေခံလိုအပ်ချက်တွေ အရေးတကြီးလိုအပ်နေသလို ကူညီကယ်ဆယ်ပေးနေတဲ့ ကလေးဒေသခံတွေကပြောပါတယ်။
“မြို့ပေါ်စခန်းတွေကိုရောက်နေတဲ့လူကလည်း အခုဟာက သောင်းဂဏန်းတက်နေပြီ။ မနေ့ကအထိက (၆) ထောင် ဂဏန်း။ ဒီကနေ့နဲ့ဆိုလို့ရှိရင် တသောင်းနားကို ကပ်နေပြီ။ ဒီနေ့ နောက်ထပ်သွားတာတောင် ကယ်ဆယ်ရေးစခန်း (၈) ခု ထပ်တိုးတယ်ဆိုတော့လေ။ စာသင်ကျောင်းတွေမှာရယ်၊ ဘုန်းကြီးကျောင်းတွေမှာရယ်၊ တချို့ Church ကျောင်းတွေမှာလည်း ရှိပါတယ်ရှင့်။ ကယ်ဆယ်ရေးစခန်းတွေကို ကျမတို့သွားတော့ အဓိကသူတို့လိုအပ်တာက ကယ်ဆယ်ရေးစခန်းတွေမှာ ချက်ပြုတ်ရေးအဖွဲ့တွေရှိတယ်၊ ချက်ပြုတ်ရေးအဖွဲ့တွေမှာ ဆန်မလုံလောက်တာတွေ ရှိတယ်။ နောက်ပြီးတော့ ဟင်းချက်စရာတွေပေါ့နော်။ ဒီနေ့မနက်ဆိုလို့ရှိရင် ဆန်တအိတ်ကို ၅ သောင်းဖြစ်သွားပြီ။ အဲလိုမျိုးတွေ ဆိုတော့ ပစ္စည်းလိုအပ်ချက်တွေရှိနေတယ်။ နောက်ပြီးတော့ စခန်းထဲက အနေအထားပေါ့၊ အဝတ်အစားတွေ၊ အဝတ် တထည်၊ ကိုယ်တခုနဲ့ပဲ ပြေးလာခဲ့ရသူတွေလည်း ရှိတယ်ပေါ့နော်။ သူတို့တွေလည်း အဝတ်တွေ လိုအပ်တယ်။ သောက် သုံးရေ လိုအပ်တယ်။ အစိုးရဘက်ကဦးဆောင်ပြီးတော့ စက်လှေတွေနဲ့လိုက်ပြီးတော့မှ အသက်ရှင်လျက် ကျန်နေတဲ့ လူတွေ အတိအကျကယ်ဆယ်နိုင်ဖို့ကိုတော့ လုပ်ဆောင်တာ အခုအချိန်အထိ မရှိသေးဘူး။ရှင့်”
ကလေးမြို့ထဲမှာ ဒုက္ခသည်တွေအတွက် နေရာချထားပေးရေးမှာလည်း အာဏာပိုင်တွေဘက်ကလည်း ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် ဒုက္ခသည်တွေနေရာချထားပေးရေး အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။
“ကလေးတက္ကသိုလ်ထဲမှာ ဒုက္ခသည်တွေပြေးလာတယ်ပေါ့နော်။ အားကစားခန်းမကြီးထဲမှာ ထားပေးထားတယ်။ ဒါပေမယ့်လို့ ဒါကို ခရိုင်ကနေပြီးတော့ ထားခွင့်မရှိဘူးဆိုပြီးတော့မှ လှမ်းတားတယ်။ အစည်းအဝေးခေါ်တယ်လို့ ကျမတို့ သိထားတယ်။ မနက်ကဆန်သွားလှူဖို့လည်း သွားပြီးတော့ ကြည့်တယ်။ ဆရာဆရာမတွေကတော့ ချက်ပြုတ်ပြီးတော့မှ ကျွေးနေတယ်။ ဒါပေမယ့် ဒီဒုက္ခသည်တွေ ပြန်လွှတ်နေမယ့် အနေအထားမျိုးတွေလည်း ရှိနေတယ်။ ဒါမျိုးက မလုပ်ကို မလုပ်သင့်ဘူးလို့ပဲ ကျမတို့က မြင်တယ်။ ကူညီနိုင်တဲ့သူတွေက အရမ်းကူညီနေတဲ့အချိန်မှာ အစိုးရဘက်ကနေပြီးတော့မှ ပိုပြီးတော့ အတတ်နိုင်ဆုံး ကူညီတာမျိုးပဲဖြစ်သင့်ပါတယ်။ ဘယ်လို …ကိုပဲဖြစ်ဖြစ် ဟန့်တားတာမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။”
ကလေးမြို့ ရေဘေးဒုက္ခသည်တွေဆီကို မြန်မာနိုင်ငံအရပ်ရပ်က ပြည်သူတွေ လှူဒါန်းလိုတဲ့ အလှူပစ္စည်းတွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်စည်ဌာနကို လာရောက်ပို့ဆောင်ကြမယ်ဆိုရင် ကလေးမြို့အထိ အခမဲ့ သယ်ယူ ပို့ဆောင်ပေးဖို့ကိုလည်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီနေ့ကစလို့ စတင်လက်ခံပေးဖို့ စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကုန်စည်ဌာန တာဝန်ခံကိုအောင်ကျော်စိုးက ပြောပါတယ်။
“လှူမယ့်ပစ္စည်းတွေအားလုံးကို ကျနော်တို့ ရန်ကုန်ကနေပြီးတော့ ကလေးကို လေယာဉ်ပျံနဲ့ပို့ပေးပါမယ်။ ရန်ကုန်ကနေ ကလေးကို လှူမယ့်ပစ္စည်းတွေကို မန္တလေးကိုပို့မယ်။ မန္တလေးကနေပြီးတော့ ကလေးကိုတော့ ….။ ကျနော်တို့ ဟိုမှာရှိတဲ့အခေါက်တိုင်းကို ကျနော်တို့ ဒီက …နဲ့ ပို့မှာပါ။”
အလှူရှင်တွေအနေနဲ့ မိမိတို့လှူဒါန်းလိုတဲ့ ပစ္စည်းတွေကို ရန်ကုန်လေဆိပ်နဲ့ မန္တလေးလေဆိပ်က ကုန်စည်ဌာနတွေကို တိုက်ရိုက်ဆက်သွယ်နိုင်ကြပြီး အလှူပစ္စည်းတွေကို ချမ်းမြသာစည်လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေ ကလေးမြို့ကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေသိလိုတယ်ဆိုရင် မြန်မာ အမျိုးသားလေကြောင်း လိုင်းကိုလည်း ဆက်သွယ်နိုင်ပါတယ်လို့ သိရပါတယ်။ VOA

အရှိန်အဟုန်ဖြင့် တိုးတက်နေသော တီးတိန်မြို့


တီးတိန်မြို့တွင် စစ်သား ဘောလုံးကွင်း၊ လူငယ် ဘောလုံးကွင်း (Border Tual)၊ ကမ်ဟောက် ဘောလုံးကွင်း (ပင်မ) နှင့် ရပ်ကွက်လိုက်၊ ကျောင်းလိုက် ဘောလုံးကွင်းများရှိရာ
- ကမ်ဟောက် ဘောလုံးကွင်း တွက် ကျပ်ငွေ သိန်းပေါင်း ၂၀၀၊
- လူငယ် ဘာလုံးကွင်း တွက် ကျပ်ငွေ သိန်းပေါင်း ၂၅၀၊
- Tennis ကစားကွင်းတွက် ၁၇ သိန်း ရရှိကာ Tennis ကွင်ကို အဟောင်းပြင်မှာလား တစ်ပြင့်နေရာမှာ အသစ်လုပ်မှာလား ဆိုတာတော့ မသိရသေးပါ။
ဂေါက်ကွင်းကို မြို့ခံ ဝါသနာရှင်များကသာ ပြုပြင်ထိမ်းသိမ်းလျက် ရှိနေသေးကြောင်း သတင်းရရှိပါသည်။
တွန်းဇန်မြို့တွင် အစိုးရ စာသင်ကျောင်းကို ဂျပန်နိုင်ငံအကူညီဖြင့် တည်ဆောက်လျက် ရှိကာ ကျပ်ငွေ သိန်းပေါင်း ၂၀၀ ဝန်းကျင်ကုန်ကျနိုင်မည်ဟု တွက်ဆသူရှိပါသည်။
မြန်မာ-အိန္ဒိယနိုင်ငံ ကုန်းလမ်း ဆက်သွယ်ရေးတွက်
တီးတိန် နှင့် မီဇိုရမ်ပြည်နယ် ကို တီးတိန်-လိုင်တွီး-ဟိုင်မွယ် မက
တီးတိန်-လိုင်လိုး-ထာလ်မွာလ်-ဖိုင်ယား-ဘုတ်ဖီလ်-ဖာရ်တလန်ကျေးရွာ မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရာလမ်းကိုလည်း ပြင်ဆင်နေပါသည်။
တီးတိန်မြို့မှ မီဇိုးပြည်နယ်၊ အိန္ဒိယနိုင်ငံ ကို လမ်းကြောင်း သုံးကြောင်း၊
မဏိပူ ပြည်နယ်၊ အိန္ဒိယနိုင်ငံ ကို လမ်းကြောင်း နှစ်ကြောင်း၊
ကလေးမြို့မှ တွန်းဇန်-အိန္ဒိယနိုင်ငံ ကို လမ်းကြောင်းတစ်ကြောင်း ဖြင့် ဆက်သွယ် သွားလာလို့ရရှိနေပါသည်။
ဤလမ်းကြောင်းများ၏ ဖြတ်နေသော နယ်စပ်ဖက် ရွာတစ်ခုခုတွင် နယ်စပ်ကုန်သွယ်ရေးဗဟို ထားရှိရန် အစီစဉ်ရှိကြောင်းလည်း ထပ်မှန်ပြီး သတင်းရရှိပါသည်။

တီးတိန်မြို့နယ်အတွင်း မြေကွက်သစ် ၂၅၀ ကျော်ကို တိုးချဲ့ဖော်ထုတ်


ချင်းပြည်နယ်တွင် လူဦးရေ ဒုတိယအများဆုံးမြို့နယ် တစ်ခုဖြစ်သည့် တီးတိန်မြို့နယ်တွင် ပေ (၂၀ ) ပေ(၅၀) ကျယ်ဝန်းသောမြေကွက်သစ် ၂၅၀ နီးပါးကိုဖော်ထုတ်လျက်ရှိပြီးယခုနှစ်အတွင်းအိမ်ယာများဆောက်လုပ်နေထိုင် နိုင်မည်ဟုသိရသည်။
အဆိုပါ မြေကွက်သစ်များကို အုပ်စု (၅)စုခွဲကာမဲနှိုက်ပြီး ''အိမ်ဌားဖြစ် သာနေ ထိုင်နေရသော ဌာနဆိုင်ရာအငြိမ်းစားဝန်ထမ်းများ၊ အိမ်ပိုင်မရှိသော တပ်မတော်အငြိမ်းစားများ၊ကျေးရွာများမှမြို့ပေါ်တွင်အိမ်ဌားဖြင့်လာရောက်နေထိုင်သူများ၊ဘာသာရေးဆရာများ ကိုအဓိကဦးစားပေးပြီးဖော်ဆောင်ခြင်းဖြစ် သည်'' ဟုဆရာထန်ပီး ( ဥက္ကဌ)မြို့နယ်စည်ပင်သာယာရေးကော်မတီ မှပြောသည်။
မြေကွက်သစ်ဖော်ဆောင်ခြင်းအတွက် နိုင်ငံတော်မှ တစ်စုံ တစ်ရာထောက်ပံ့ငွေ ရယူခြင်းမရှိပဲ တီးတိန်မြို့နယ်မှ ကိုယ်ထူကိုယ်ထဖြင့်သာဖော်ဆောင်ခြင်းဖြစ်သည်။ဆက်လက်ပြီး တပ်ကုန်းအောက်ဘက်ခြမ်းတွင်လည်း မြေကွက်သစ်များကို ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ Burmese Version by Chin World

တီးတိန်မှ မီဇိုရမ်သို့ ဆက်သွယ်ပေးမည့် ဖီလ်ချောင်းတံတား ဆောက်လုပ်ပြီးစီး

တီးတိန်မှ မီဇိုရမ်သို့ ဆက်သွယ်ပေးမည့် ဖီလ်ချောင်းတံတား ဆောက်လုပ်ပြီးစီး
=====================================
တီးတိန် ဇူလိုင် ၂၂         (Zomi Version >> Click)
ချင်းပြည်နယ် တီးတိန်မြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းလုပ်ငန်းဖြင့် ဆောင်ရွက်သော တီးတိန်-လိုင်လိုး-ထာလ်မွာလ်-ဖိုင်ယား-ဘုတ်ဖီလ်-ဖာရ်တလန်ကျေးရွာ မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ဆက်သွယ်ပေးမည့် ဖီလ်ချောင်းကူး သံပေါင်ရက်မတံတားမှာ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့သည်။
အဆိုပါတံတားမှာ အရှည် ၆ဝ ပေ၊ အကျယ် ၁၄ ပေအား ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၂ဝဝ ဖြင့် ထာလ်မွာလ်ကျေးရွာမှ ကန်ထရိုက်တာ ဦးကမ် ဇထန်(ခ)ထန်ပီးက တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။
''အခု ဒီချောင်းကူးတံတားကို မိုးရာသီမတိုင်ခင် အချိန်မီပြီးစီး ဆောက်လုပ်ခဲ့တဲ့အတွက် ဒေသခံ ပြည်သူတွေနဲ့ ခရီးသွားလာသူတွေ အဆင်ပြေချောမွေ့ စွာ သွားလာလို့ ရပါပြီ။ အရင်က ဒီချောင်းကို မိုးတွင်းကာလမှာ ဖြတ်ကူးဖို့ အလွန်ခက်ခဲပါတယ်။ ဒီတံတားဖြစ်မြောက်ဖို့အတွက် ငွေကျပ် သိန်း ၃ဝဝ လောက်ကုန်ကျပြီး နိုင်ငံတော်က သိန်း ၂ဝဝ နဲ့ တံတားဆောက်လုပ်ပေးတဲ့ ကန်ထရိုက်တာ ကပဲ ငွေကုန်ကြေးကျသမျှတာဝန်ယူစိုက်ထုတ်ပေးပါတယ်။
''အခုဆိုရင် မီဇိုရမ်ပြည်နယ်ကို တစ်ရက်တည်းခရီးနင်လို့ရတဲ့ နယ်
စပ်လမ်းတစ်လမ်းဖြစ်လာပါပြီ။ ဒီ ဒေသမှာနေထိုင်သူတွေအတွက် သာ ရေး၊ နာရေးနဲ့ အရေးပေါ်ကိစ္စတစ်ခုခုကြုံရင် နွေမိုးဆောင်းရာသီမရွေး ကူး လူးဆက်သွယ်သွားလာနိုင်ပြီဖြစ်လို့ဝမ်းသာပီတိဖြစ်နေကြတာတွေ့မြင်ရ ပါတယ်'' ဟု ဒေသခံ ဦးခုပ်ပေါင်က ပြောသည်။
အဆိုပါဖီလ် ချောင်းကူးတံတား သည် ယခင်နှစ်များတွင် ယာယီ တံတားခင်း၍ သွားလာကြရာမှ ယခု အခါ နိုင်ငံတော်၏စေတနာနှင့် အလှူရှင်ကန်ထရိုက်တာ၏ စေတနာ ဖြင့် သံပေါင်ရက်မတံတား တည်ဆောက်ပေးခြင်းကြောင့် အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့ ခြင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်လာခြင်း၊ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီး
ပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများခံစားရ မည်ဖြစ်သည်။
ဇိုဟေဆာ

ရိဒ် မြို့ -မြို့နယ်ခွဲအဆင့်မှ ကျေးရွာအုပ်စု အဆင့်သို့ လျှော့ချခံ

More Photos >> Click

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ မြို့နယ်ခွဲ ဖွဲ့စည်းအုပ်ချုပ်မှု ဥပဒေ မပါတော့ လက်ရှိ ရိဒ်မြို့နယ် ခွဲဖွဲ့စည်းမှု ပြန်လည် ရုတ်သိမ်းခြင်းခံလိုက်ရသည်၊ ယခု ရိဒ်မြို့နယ်ခွဲကို ဖလမ်းမြို့နယ် ကော်သုံး ကော်ကနေ တိုက်ရိုက်ကိုင် တွယ်ရတော့တဲ့ အနေ အထားသို့ ပြန်ရောက် သွားရ ပါတော့ သည်။ သို့ကြောင့် ရိဒ်မြို့သည်၊ မြို့ မဆန် တောမကျ အဆင့်ကို ပြန် ရောက် သွားတော့ ဒေသဖွံ့ဖြို့ရေး ပမာဏဟာလည်း တဟုန်ထိုး လျှော့ကျသွားတော့သည်။

ရိဒ်ခေါ်ဒါရ်မြို့ကို တကယ့်မြို့ခံ အမှတ် (၁) ရပ်ကွက် ( ရိဒ်ရေကန်တည်ရှိရာ) နှင့် အမှတ် (၂) ရပ်ကွက် တီအိုချောင်း ဟူ၍  ရပ်ကွက်နှစ်ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နှစ်မိုင်ခန့်ကွာဝေးပါသည်။ ကျတော်တို့ နေထိုင်ရာ အမှတ်(၁) ရပ်ကွက်တွင် အိမ်ခြေ ၂၀၀ ရှိပြီး  အစိုးရမြို့နယ်ခွဲ ရုံးခွဲများ ကို ထားရှိခဲ့သည်။ အမှတ် (၂) ရပ်ကွက်တွင် အိမ်ခြေ (၅၀၀) ခန့်ရှိပြီး အနေအစား ပိုမိုချောင်လည်သူများနေထိုင်ကြသည်။  အမှတ် (၁) ရပ်ကွက်နေ ပြည်သူလူထု အားလုံး သည် ဆင်းရဲသားတောင် သူများဖြစ်ကြသည်။

သတိပြုရမည်မှာ ရိဒ်ခေါ်ဒါရ်မြို့သည် ချင်းမျိုးနွယ်စု ပေါင်းစုံ နေထိုင်ခဲ့ကြရာ လူသဘော သဘာဝ အရ ခွဲခြား ဆက်ဆံမှုလည်း အနည်းနဲ့အများရှိခဲ့သည်။ ၀မ်းနည်းစရာတခုသည် ၂၀၁၀ ခုနှစ် အရွေးခံ လွှတ်တော်ကိုယ်စား လှယ်ဆိုသူများသည်လည်း သက်တမ်းကုန်ခါနီး မှသာ ပေါ်လာကြ သည်။ ဒါတောင် သူတို့ကို မဲပေးသည့် ကျေးရွာလူထုတွေကို သာ အဆက်အဆံပြုခဲ့ကြသည်။

မြို့နယ်ခွဲရရှိသည်မှ ၁၅ နှစ်တာ ကာလအတွင်း ကျတော်တို့ အမှတ် (၁) ရပ်ကွက်တွင် ကတ္တရာလမ်းနတ္တိ၊ မြို့ဥပဒေ အရ အခွန်ပေးဆောင်ရသည်လည်း မနည်း၊ အမှတ်(၂) ရပ်ကွက်နဲ့စာယင် အခွင့်အရေးပိုမိုဆုံးရှုံးနေရသည်မှာ ၀မ်းနည်းစရာကောင်းလှပါသည်။

ပူး ချန်လျံနာ
ဥက္ကဌ
အမှတ် (၁) ရပ်ကွက် စည်ပင်ကော်မီတီ
ရိဒ်ခေါ်ဒါရ်

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပဏာမရွေးချယ်

Zomi Version >> Click

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်(ZCD)ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပဏာမရွေးချယ် ထားလိုက်ပြီဟု သိရသည်။
ချင်းပြည်နယ် တီးတိန်မြို့ ZCD ပါတီရုံးချုပ်၌ ယမန်နေ့က ကျင်းပသော ပါတီညီလာခံတွင် မြို့နယ် အသီးသီးမှ ပါတီကိုယ်စားလှယ်များက လာမည့် ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ တင်သွင်းခဲ့ကြသည်ဟု ZCD ပါတီမှ ပြောခွင့်ရ ပူး Anthony Kap Khan Khual က ပြောသည်။
“လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်အတည်ပြုတဲ့အဆင့်တော့ မဟုတ်သေးဘူး။ မြို့နယ် အသီးသီးက Nominate (လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အဲဒါတွေ အားလုံးကို ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက ပြန်လည်စီစစ်ပြီး ဒီလမကုန်ခင် ရွေးချယ်အတည်ပြုသွားမှာပါ’’ဟု ပူး Anthony က ပြောသည်။
ပူးကျင့်ရှင်းထန်ဦးဆောင်သော ZCD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်၊ တွန်းဇံ၊ ဟားခါး၊ ကလေး၊ တမူးမြို့ နယ်စသည့် မဲဆန္ဒနယ်မြေ စုစုပေါင်းအနည်း ဆုံး ၁၅ နေရာ တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယခုလက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသည် စာရင်းများမှာ တီးတိန်တွင် ၈ ဦး၊ တွန်းဇံတွင် ၉ ဦး၊ ကလေးမြို့တွင် ၃ ဦး၊ ဟားခါးတွင် ၁ ဦး စုစုပေါင်း  ၂၀ ဦး ရှိသည်ဟု သိရသည်။
၁၉၉၀ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ် ၀ါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သော ZCD ပါတီဥက္ကဌ ပူးကျင့်ရှင်းထန်သည် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
 မြို့နယ်ပါတီအသီးသီးမှ တင်သွင်းသော လွှတ်တော်လှယ်လောင်းများ၏ အမည်စာရင်းများမှာ-
ကလေးမြို့
1. Pu Gin Sian Kham
2. Pu Kap Khan Khual
3. Pu Ngul Do Tuang
ဟားခါး
1. Pu Khup San Thang
တီးတိန်
1. Pu Chin Sian Thang
2. Pu Gin Kam Lian
3. Pu Ngin Thang
4. Pu Thang Deih Khup
5. Pi Kam Khan Dim
6. Pi Ciin Do Niang
7.Pu Zam Za Mung leh Pu Nung Sian Tuang
တွန်းဇံ
1. Pu Do Khan Lian
2. Pu Pau Lun Min Thang
3. Pu Cin Suan Mang
4. Pu Mung Lan Thang
5. Pu Langh Kap Thang
6. Pi Cing Ngaih Mang
7. Pu Kham Khan Thang
8. Pu H Vum Za Nang
9. Pu Thang Za Mang







ခရစ်ယာန်သချိုင်းဖျက်စီးခံရမှု ခရစ်ယာန်ဂုဏ်းပေါင်းစုံဆန္ဒဖော်ထုတ်မှုတွင် ဗုဒ္ဓဘာသာဝင်များပူးပေါင်း

ခရစ်ယာန်သချိုင်းဖျက်စီးခံရမှု ခရစ်ယာန်ဂုဏ်းပေါင်းစုံဆန္ဒဖော်ထုတ်မှုတွင် ဗုဒ္ဓဘာသာဝင်များပူးပေါင်း
====================================
၁ ဇွန်၊ ၂၀၁၅
အာဏာပိုင်များမှ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ ခရစ်ယာန်ဂုဏ်းပေါင်း စုံပိုင် ခရစ်ယာန် သချိုင်းအား ကျူးကျော်ဖျက်စီးခြင်းနှင့်ပတ်သက်ပြီး ကလေး မြို့တွင် ဇွန်လ (၂၉) ရက်နေ့က အာဏာပိုင်၏ခွင့်ပြုချက်အရဆန္ဒဖော်ထုတ် ခဲ့ရာ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများ လည်းပါဝင်ကြောင်း သိရသည်။
ခရစ်ယာန်ဂိုဏ်းပေါင်းစုံသချိုင်းကို အာဏာပိုင်များမှ ဇွန်လ (၄) ရက်နေ့တွင် ဖျက်စီးခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်များမှ ကျူးကျော်ဖျက်စီးမှုကို မကျေ နပ်သဖြင့် သက်ဆိုင်ရာအာဏာပိုင်များထံ ဆန္ဒဖော်ထုတ်ခွင့်တောင်းပြီး ခွင့်ပြုချက်ဖြင့် ဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒဖော်ထုတ်ပွဲသို့ပါဝင်သည့် အသင်းတော်ပါစတာတစ်ဦးဖြစ်သည့် စီဂျေဟရန်မှုန်းက “ သချိုင်း ကိုမူလပိုင်ရှင်လက်ထဲကိုပြန်အပ်ဖို့ ခရစ်တော် နာမနဲ့ဆုတောင်းကူကြပါ။ ပြည်ထောင်စု လွှတ်တော်မှာ ဒီအရေးနဲ့ ပတ်သက်ပြီး တင်ပြဖို့လွှတ်တော် အမတ်တွေလည်းဆောင်ရွက်နေပါ တယ်” ဟုပြောသည်။

ဘိုးဘွားပိုင်ဓားမဦးချ ဘာသာရေးပိုင်သချိုင်းအား တည်ဆဲဥပဒေနှင့် မကိုက် ညီပဲ မတရားသိမ်း ဆည်းခြင်းအလိုမရှိ၊ သန်းခေါင်ယံချိန်တွင် ရဲအင်အား သုံးပြီး မတရားစွာသချိုင်းမြေပေါ်ရှိ ဇရပ်၊ အုတ်ဂူ၊ ခြံစည်းရိုးနှင့် နှစ်ရှည်ပင်များ အား စက်ယန္တယားဖြင့် ဖျက်စီးမှုကိုအရေးယူပေး၊ အများပြည်သူ့ဆန္ဒဖော် ထုတ်ပေးစသည့် စာတန်းများကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ ကြခြင်း ဖြစ် သည်။
ဤဆန္ဒဖော်ထုတ်ပွဲသို့ တောင်ဖီလာနှစ်ခြင်းအသင်းတော်၊ တောင်ဖီလာအေဂျီအသင်းတော်၊ ပြည့်စုံ သောသတင်းကောင်းအသင်းတော်၊ ထန်းကျင်ေ အာက်မေ့ဘွယ်ရာနှစ်ခြင်းအသင်းတော်၊ တာဟန်းနှစ် ခြင်းအသင်းတော်၊ တာဟန်းစီးယင်းနှစ်ခြင်းအသင်းတော်၊ ရိုမင်ကက်သလစ် အသင်းတော်များမှ ပုဂ္ဂိုလ်များနှင့်အတူ ချင်းတက္ကသိုလ်ကျောင်းသူ/သားများနှင့် ဗုဒ္ဓဘာသာဝင် များစုစုပေါင်း ၃၀၀ ကျော်ပူးပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။
ယခုသချိုင်းမြေအား ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံပူးပေါင်းပြီး မူကြိုေ ကျာင်း၊ နှစ်တစ်ရာပြည့်ပန်းခြံ၊ စာကြည့်တိုက်၊ ဘိုးဘွားရိပ်သာ စသည်ဖြင့် အများပြည်သူအကျိုးကို ဆက်လက်ဖော်ဆောင်သွားရန် ရည်ရွယ် ထားခြင်းဖြစ်ကြောင်း ပါစတာစီဂျေဟရန်မှုန်းကဆိုသည်။
တောင်ဖီလာရွာကို ၁၉၁၄ ခုနှစ်မှစတင်တည်ထားခြင်းဖြစ်ပြီး ရွာတည်းက တည်းကပင် အဆိုပါနေ ရာကို သချိုင်းမြေအဖြစ်အသုံးပြုခဲ့ကာ ၁၉၇၀ ခုနှစ်တွင် သက်သေခံမြေစာရင်း ပုံစံ ၁၀၅(က) ဖြင့် ခရစ်ယာန် သာသနာ ပိုင်နယ်မြေအဖြစ် အစိုးရကသတ်မှတ်ပေးခဲ့ပြီး ယနေ့အချိန်အထိ ခရစ် ဂုဏ်း ပေါင်းစုံက ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့်ဒေသဖြစ်ကြောင်း ခရစ်ယာန်အသိုင်းအ၀ိုင်းမှ သိရသည်။
Photo: Hrang Hmung

Chin state -2015 Tan 10 results analysis

Northern Chin State
Haka = 458/1779 (D ngah: 4D-4, 3D-5, 2D-9, 1D-27)
Thantlang = 34/399 (D ngah: omlo)
Falam 154/1153 (D ngah: 6D-1, 5D-1, 4D-1, 3D-3, 2D-8, 1D-50)
Tedim = 384/1535 (D ngah: 3D-3, 2D-17, 1D-84)
Tonzang = 57/475 (D ngah: 1D-5)

Southern Chin State
Mindat = 202/982 (D ngah: 3D-1, 2D-1, 1D-24)
Matupi = 119/1496 (D ngah: 3D-2, 2D-3, 1D-7)
Kanpatlet = 112/489 (D ngah: 3D-1, 2D-4, 1D-20)
Paletwa = 114/1401 (D ngah: 2D-1, 1D-15)

Tedim lam ah a teng, mi a tamzawk hangin, Khalkha ah laihuan mi tamzaw hi.
Mimal in, Khalkha lam pan a ong tam penpen aa, a zom ah Tedim hi-in, tua khit ciang Falam hi aa, Thantlang in zomin, Tonzang ah a tawm penpen a hihi.

Falam pan a huan pen, Tedim leh Khalkha zah phalo napi, D ngah pen Chin State bup ah, a tam penpen a hihi. (Mi tawmin a pil tam uh) Thantlang pan a huan a tawm pen a hihmah bangin, D ngah zongh omlo hi. 
D ngah pen Falam ah tampen in, Khalkha ah tam 2 na ahihi.

Pilna thupit sak ding kisam aa, sum leh pai lunggulh in gamdang zuat san, kawlgam pilna thupit simlo in i om khak aa leh, mailam hun ciang, zumkong mangkong ah a tu ding kitawm semsem ding aa, thuneihna ngah zolo in, mi khutnuai ah automatic in a kitung ding a hihi.