Showing posts with label BV Org. Show all posts
Showing posts with label BV Org. Show all posts

မင်းတပ်မြို့နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ

မင်းတပ်မြို့နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ
==================================
အမျိုးသားလွှတ်တော်
၁။ဦးဟာရှိန်ဘွေ ( ကြံ့ခိုင်ရေးပါတီ)
၂။ဦးကီးတမ် ( တိုင်းရင်းသားစည်းလုံးညွှတ်ရေးပါတီ)
၃။ဦးရှိန်းထွန်း (ချင်းတိုးတက်ရေးပါတီ)
၎။ဦးမောင်နိုင် ( ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
၅။ဦးမာန်လောမောင်း( NLD)
၆။ဒေါ်ဟုန်းရောင် ( ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)

ပြည်သူ့လွှတ်တော်
၁။ဦးနိုင်းလိန်း ( ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
၂။ဦးဟုန်းငိုင်း ( ကြံ့ခိုင်ရေးပါတီ)
၃။နေလင်းအေါင် ( NLD )
၎။ဒေလိုင်းကီး ( ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)
ပြည်နယ် ၁
၁။ဦးဟာရှိန်းကီး ( ချင်းဒီမိုကရေစီအဖွဲ့)
၂။ဦးနိန်နိုင် ( ကြံ့ခိုင်ရေးပါတီ)
၃။အောင်သန်း ( NLD)
၎။ဦးလိန်းထန်း ( ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)
၅။ဦးလောဟုန်းကီး ( တသီးပုဂ္ဂလ)
၆။ဒေါ်လိန်စိမ်း ( ချင်းတိုးတက်ရေးပါတီ)
ပြည်နယ် ၂
၁။ဦးအွမ်ယော ( ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
၂။ဦးထန်းလိန်း ( ပြည်ခိုင်ဖြိုးပါတီ)
၃။ဦးတိတ်ထန်း ( NLD)
၎။ဦးရွှီနိုင်း ( ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ)

ရှမ်းနီတိုင်းရင်းသာများမှဆန်အိတ် (၅၀) လှူဒါန်း

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ များအတွက် ရှမ်းနီတိုင်းရင်းသာများက ဆန်အိတ်များလာရောက်လှူ ဒါန်းခဲ့ကြောင်း တီးတိန်မြို့ TYF မှ တာန် ဇင်မာန် ကပြောသည်။
လှူ ဒါန်ခဲ့သည့် ဆန်အိတ် အရေအတွက်မှာ အိတ်၅၀ ဖြစ်သည်။ အဆိုပါဆန်အိတ်များ အား ကလေးမြို့မှ ကားဖြင့် သယ်ယူခဲပြီ TYF မှ လက်ခံပြီး ရေဘေးသင့်၊မြေဘေး သင့် ကျေးရွာတစ်ချို့ ဖြစ်သော တွီးဗျဲလ်ကျေးရွာကိုဆန်၁၀အိတ်၊ တမ်ပီးကျေးရွာကို ဆန်၅အိတ်၊ထန်နွဲကျေးရွာကို ဆန် ၁၀ အိတ်၊လိုင်ဘုံကျေးရွာကို ဆန် ၅ အိတ်၊တွီးဆောင်းကျေးရွာကို ဆန် ၅ အိတ် စသည့် ရွာများအား ဒီနေ့ ဆန်အိတ်များကို ကလေးမှတီးတိန်သို့ သယ်ဆောင်လာရင်းလှူ ဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ လှူ ဒါန်းရခြင်းသည် ဇူလိုင် နောက်ဆုံးပတ် အတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် မြေများပြို ကျ ကာ ကျေးရွာများ ပျက်စီးခဲ့သည့် ဒေသခံပြည်သူများစားဝတ်နေရေး ခက်ခဲမှာကို မကြည့်ရက်သောကြောင့်ဖြစ်သည် ဟု နောင်ပိုအောင် ကျေးရွာမှ ကို စိုင်းအောင်မျိုးဇော် က သြဂုတ် ၁၄ ရက်နေ့ကပြောသည်။

- Mungno

Zomi Students Association donate to Victims Camps in Tedim, Chin State

Zomi Students Association - Universities Myanmar donate foods, household medicines and utilities to Victims Camps in Tedim
August 9, 2015
Due to the heavy rain and massive landslides in the villages, such as Kah Ngen and Vong Mual villagers in Tedim township are moved to the disaster victims camps, (1) and (2) opened in Tedim, Chin state. And there the Zomi Students Association -Myanmar has donated foods, household medicines and utilities.

The camps are opened in Sakollam Baptist Church, Camp 1 and Sakollam Roman Catholic Church Camp 2. There are about 250 villagers in the camps.
.....

ဇိုမီးကျောင်းသားများအသင်း- မြန်မာပြည် မှ တီးတိန်မြို့ရှိ သဘာဝဘေးသင့် ပြည်သူများ ကယ်ဆယ်ရေး စခန်းများ သို့ပေးအပ်လှူဒါန်း
သြဂုတ် ၉၊ ၂၀၁၅
အဆက်မပြတ် မိုးရွာသွန်းခြင်းကြောင့် ရွာလုံးကျွတ် မြေပြိုသည့် ဘေးနဲ့ တွေ့ကြုံနေသော ကဂင်ကျေးရွာ နဲ့ ဝုန်မွောလ် ကျေးရွာ ပြည်သူများ အတွက်ဖွင့်လှစ်ထားသော တီးတိန်မြို့ရှိ သဘာဝဘေးသင့် ပြညာသူများ ကယ်ဆယ်ရေး စခန်း (၁) နှင့် (၂)သို့ ဇိုမီးကျောင်းသားများအသင်း- မြန်မာပြည် မှ အစားအသောက၊် အခြေခံလိုအပ်သောဆေးဝါးများနှင့် အသုံးအဆောင်ပစွည်းများ ပေးအပ်လှူဒါန်း ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေး စခန်း (၁) နှင့် (၂) တွင် သဘာဝဘေးရှောင် ပြည်သူ ပေါင်း ၂၅၀ ကျော်ရှိကြောင်း သိရသည်။




NLD 2015 Election MP candidates





မြန်မာနိုင်ငံ ရေဘေးသင့်ဒေသတွေ ကုလထောက်ပံ့

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ကြာသပတေးနေ့နှောင်းပိုင်းက ၀င်ရောက် တိုက်ခတ်သွားတဲ့ ကိုမန် ဆိုင်ကလုံး မုန်တိုင်းကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေ တဲ့ ဒေသတွေမှာ UN OCHA ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးရုံးက ထောက်ပံ့နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ တယ်လို့ သောကြာနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောပါတယ်။
 “ မုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ဖက်အစွန်းကို ရက်အတန်ကြာ ၀င်ရောက် တိုက်ခတ်သွားပြီး အဲဒီမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ဒေသတွင်း သွားလာရေး အခက်အခဲတွေလည်း ဖြစ်ပေါ်ပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ လည်း ပြတ်တောက်ခဲ့ပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာရှိတဲ့ လေဆိပ် ဟာလည်း အခုချိန် ပိတ်ထားရတုန်း ဖြစ်ပါတယ်။ စစ်တွေမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ပျက်ဆီး ဆုံးရှုံးမှု ဘယ်လောက်အထိ ရှိခဲ့တယ်ဆိုတာကို အကူအညီပေးရေး အဖွဲ့အစည်းတွေက လိုက်လံ စစ်ဆေးနေပါတယ်။”
ရခိုင်ပြည်နယ်အတွင်းက တခြားမြို့နယ်တွေမှာ ပျက်ဆီး ဆုံးရှုံးမှု ဘယ်လောက်အထိ ဖြစ်ခဲ့တယ်ဆိုတာတော့ အခုချိန်မှာ မသိနိုင်သေးပေမယ့် ရာသီဥတု အခြေအနေကောင်းတယ်ဆိုရင် အစိုးရနဲ့ ပူးတွဲပြီး ဒီကနေ့မှာ ပျက်ဆီး ဆုံးရှုံးမှု အခြေအနေတွေကို စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
အစိုးရရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့ တခြား လူမှုရေး အသင်းအဖွဲ့တွေကလည်း ဒေသခံတွေကို အကူအညီပေးနေတဲ့အကြောင်း OCHA ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)


၁။ ပါတီဥက္ကဋ္ဌ-ပူကျင့်ရှင်းထန်
၂။ ပါတီဝင်အရေအတွက်- ရှစ်ထောင်ကျော်
၃။ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒ နယ်-တွန်းဇံ၊ တီးတိန်၊ ကလေး၊ တမူး၊ ဖလမ်းနှင့် ဟားခါးမြို့နယ်တို့၌ အနည်းဆုံးနေရာ ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ-ချင်းအစား ဇိုမီးဟု ခေါ်ဆိုရန်နှင့် ဒီမိုကရေစီစနစ်အရ ပြည်သူများက ရွေးချယ်သော အစိုးရပေါ်ပေါက်ရေး။
၅။ ကိုယ်စားလှယ်လောင်းသတ် မှတ်ချက်-ပညာတတ်ဖြစ်ရမည်။ အသက်အရွယ်ရင့်ကျက်သူဖြစ်ရမည်။ သို့သော် ကျား၊ မ မခွဲခြားထား။
၆။ ပါတီရန်ပုံငွေ-ပါတီဝင်များ၏ ထည့်ဝင်ငွေဖြင့် အဓိကလည်ပတ်သည်။
၇။ ပါတီနောက်ခံသမိုင်းကြောင်း- ၁၉၈၈ အရေးအခင်းပြီးနောက် ဇိုမီးအမျိုးသားကွန်ဂရက်(ZNC)အဖြစ် စတင်ဖွဲ့စည်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင်  လေးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်နေရာရွေးချယ်ခံရ၊ ၂၀၁၂ သြဂုတ်တွင် ZNC အစား ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲ ရောက်လို့ရှိရင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဘယ်လို ဆောင်ရွက်မလဲ။
ဇိုမီးကိုတော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ချင်းလို့ မခေါ်ဘဲ ဇိုမီးလို့ပဲခေါ်ရန်ဆိုတာ မူရှိပြီးသား။ အခြေခံဥပဒေပြင်ဆင်ရေးက တော့ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ မကိုက်ညီဘူးဆိုတာ ကျွန်တော်တို့မြင်တယ်။ ပြင်ဆင်ချင်တာတင်မကဘူး။ သုံးဖို့ တစ်ခုမှ မကောင်းဘူးလို့ ကျွန်တော်တို့မြင်တယ်။ အသစ်ပြန်ရေးမှကောင်းမယ်။ ဘာလို့လဲဆိုတော့ အခွင့်ထူးခံလူတန်းစားက အခြေခံဥပဒေမှာရှိတယ်။ အခွင့်ထူးခံလူတန်းစားရှိနေသရွေ့ ကျွန်တော်တို့ပြည်ထောင် စု မြန်မာနိုင်ငံတော်ဟာ ဘယ်တော့မှ ဒီမိုကရေစီဖြစ်မလာနိုင်ဘူး။
လွှတ်တော်ထဲ ရောက်ခဲ့ရင် ပြည်တွင်းငြိမ်းချမ်းရေးမှာ ဘယ်လို ဆောင်ရွက်ဖို့ ရှိလဲ။
လွှတ်တော်ထဲ မရောက်ရင်လည်း အခု လုပ်နေတာပဲ။ တိုင်းရင်း သား အဖွဲ့တွေ သေနတ်ကိုင်ပြီး အစိုးရကို တိုက်နေတယ်။ ကျွန်တော် တို့ ပြောပါတယ်။ မလုပ်ရဘူး။ ဒါနဲ့ ဖြေရှင်းလို့မရဘူး။ အေးအေးဆေး ဆေးဆွေးနွေးဖြေရှင်း ရမယ်ဆိုတာ။
ပြည်သူတွေရဲ့ဝင်ငွေ၊ ထွက်ငွေ မျှတအောင် ဘယ်လိုကူညီဆောင်ရွက် ပေးဖို့ရှိလဲ။
စီးပွားရေးက Free market economy ပေါ့။ အစိုးရနဲ့တင် မလုံလောက်ဘူး။ ပညာတတ်တွေကအစ ငွေကြေးတတ်နိုင်တဲ့ သူတွေ အားလုံးက လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရမယ်။
ပြည်သူတွေက ဘာကြောင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသင့်လဲ။
ကျွန်တော်တို့ပြည်သူတွေ မဲပေးကြတာ အဓိကက တွန်းဇံ၊ ကလေး၊တီးတိန်တို့က ဇိုမီးတွေ ဒီလူတွေက ပေးတာများတာ။ နောက် ဒီမိုကရေစီလိုချင်ကြတယ်။ နောက် ဖက်ဒရယ်လည်းပဲ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ် အရင်းခံပြီးတော့ ပြည်ထောင်စုတည်ဆောက်ရမှာဆိုတော့ ဒါကို လိုချင်လို့ ပေးကြမှာပါ။
သမ္မတရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ဒါကတော့ စိတ်နေသဘောထားက တကယ်တမ်း ပြည်သူလူထုနဲ့တစ်တန်းတည်း ဖြစ်မယ့်လူ၊ တကယ်လည်း အရည်အချင်းရှိတဲ့သူဖြစ် သင့်ပါတယ်။
ပါတီဥက္ကဋ္ဌအသက်-(၇၇)နှစ်
ပညာအရည်အချင်း-B.A(Law) -LLB
နိုင်ငံရေးဖြတ်သန်းမှု-၁၉၈၉ တွင် ZNC ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)တွင် ပါဝင်၊  ၂၀၁၂ တွင် ZCD ဥက္ကဋ္ဌတာဝန် ယူ၊ ၁၉၇၃ မှ ယနေ့အချိန်အထိ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် (၁၁) ကြိမ်ဖမ်းဆီးထိန်း သိမ်းခြင်းခံရ။
အလုပ်အကိုင်- ရှေ့နေ၊ နိုင်ငံရေးသမား။
စံပြပုဂ္ဂိုလ်-ဦးချန်ထွန်းအောင် (ဥပဒေပညာရှင်)၊ အေဘရာဟင် လင်ကွန်း။
ဆက်သွယ်ရန်လိပ်စာ - ၀၉-၄၀၁၅၄၀၅၃၁

CBC (ZBC) vs ZBCM

ချင်း နှင့် ဇိုမီး ဆိုလျှင် အမြဲလိုလို ထည့်ပြောလေ့ရှိတာက ZBC နှင့် CBC

ZBC (Zomi Baptist Convention) သည် CBC (Chin Baptist Convention) ဟု ပြောင်းလဲ ခေါ်ဆို လာကာ  ZBC နာမည်နဲ့ ဖြစ်ဖြစ် CBC နာမည်နဲ့ ဖြစ်ဖြစ် MBC (Myanmar Baptist Convention) လက်အောက်တွင်ရှိနေပါသည်။

CBC (ZBC) သည် MBC မှတစ်ဆင့် ပြည်တွင်းပြည်ပမှအစ စီမန်ခံ့ခွဲကာ အသေးအမွှားလောက်သာ ကိုယ့်ကိုယ်ကို စီမှန်နိုင်ပါသည်။
သို့သော်
ZBC မှ ဖြစ်ပွါးလာသည့် ZBCM (မြန်မာပြည်တွင်း ဇိုမီး နှစ်ခြင်းအသင်းတော်များ) သည် MBC လက်အောက်တွင်ဆက်မနေပဲ  ပြည်တွင်းပြည်ပမှအစ စီမန်ခံ့ခွဲမှုများကို ZBCM ကိုယ်တိုင်ကပဲ ဦးဆောင်နေပါသည်။

CBC မှ ဆက်သွယ်လိုသော ဥပမာ အမေရိကန်က နှစ်ခြင်းရုံးချုပ်ကို MBC မှ တစ်ဆင့် ဆက်သွယ်ရသော်လည်း ZBCM က MBC ကို လုံးဝ မလိုအပ်ပဲ ဒါရိုက် ဆက်သွယ်လို့ရ ကာ
ZBCM သည် မြန်မာအစိုးရကော အမေရိကန်က နှစ်ခြင်းရုံးချုပ်ကပါ တရားဝင် အသိမှတ်ပြုခြင်းကို ရနေတာ ဖြစ်ပါသည်။

Steps:
CBC > MBC > WBA (World Baptist Alliance)
ZBCM > WBA (World Baptist Alliance)

A church in Chin State > CBC > MBC > WBA
A church in the whole Myanmar > ZBCM > WBA

ဤကဲ့သို့ပဲ အမေရိကန်တွင်းရှိ ပြည်နယ်အသီးသီးမှ ဇိုမီး နှစ်ခြင်းအသင်းတော်များ စုစည်းကာ ZBCA (Zomi Baptist Churches of America) ဟုအမည်ပေးထားပါသည်။

Chin –Lushai-Kuki မျိုး နွယ်စု အားလုံး ပြန်လည်ပေါင်း စည်းရေး အတွက် ကြိုးပမ်းလုပ် ဆောင်သူ Pu R. Thangmawia ကွယ်လွန်

ဗြိတိသျှကိုလိုနီအုပ်ချူပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်စသည့် သုံးနိုင်ငံတွင် သီးခြားအုပ်ချူပ်မှုစနစ်အောက် ၌ နေထိုင်ခဲ့ကြရသောChin-Lushai-Kuki မျိုးနွယ်စုများအားလုံး အုပ်ချူပ်မှုတစ်ခုအောက်သို့ပြန် လည်ပေါင်းစည်းနေ ထိုင်ရေးအတွက်  အစဉ်တစိုက်ကြိုးပမ်း လုပ်ဆောင်လာခဲ့သူအသက် (၈၀) ရွယ် Pu R.Thangmawia သည် ဇူလိုင် ၂၀ ရက်နေ့ကဆွီဇာလန်နိုင်ငံတွင် ကွယ်လွန်သွားခဲ့သည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zo Reunification Organisation (ZoRO) အဖွဲ့၏ ဥက္ကဌလည်းဖြစ်သည့် Pu R. Thangmawia သည် ကမ္ဘာ့ကုလသမဂ္ဂဗဟိုဌာနချူပ် ဆွီဇာလန်နိုင်ငံ Geneva တွင် ဇူလိုင်လ ၂၀ မှ ၂၄ရက်နေ့အထိ ကျင်းပလျက်ရှိသော UN 8th Session on Expert Mechanism on The Rights of Indigenous People အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့်အချိန်ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်(မြန်မာစံတော်ချိန်)တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။


မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာ၏ဖော်ပြချက်အရ Pu R. Thangmawia သည် သူတည်းခိုသော ဟိုတယ် ရေချိုးခန်းတွင် သတိမေ့မျောနေသည်ကို တွေ့မြင်ကြပြီးနောက် ဆေးရုံးသို့ပို့ဆောင်ကြသည့်အချိန်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သူသည် ဆီးချို (Diabetes) ရောဂါဝေဒနာခံစားနေ ရ သူဖြစ်ပြီး Stroke ဖြစ်ခြင်းကြောင့် ယခုကဲ့သို့သေဆုံးရခြင်းဖြစ်နိုင် သည်ဟု သတင်းစာတွင်ဖော်ပြထားသည်။
မျိုးချစ်စိတ်ပြင်းထန်သော Pu R. Thangmawia သည် ၁၉၆၆ ခုနှစ် မီဇိုရမ်လွတ်မြောက်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို ဆွဲကိုင်ပြီး အိန္ဒိယဗဟိုအစိုးရကို တော်လှန်ခဲ့ကြသော Mizo National Front (MNF) လှုပ်ရှားမှုများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပြီး၊ MNF မြေအောက် အစိုးရတွင် လွှတ်တော်အမတ် (Senator) တစ်ဦးဖြစ်ခဲ့သည်။



နောက်ပိုင်းတွင် ZoRO အဖွဲ့ကို စတင်ဖွဲ့စည်းသည့်အချိန်တွင်လည်း ပါဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ်ကစတင်ကာ ဥက္ကဌတာဝန်ကို ကွယ်လွန်သည့်အချိန်ထိ ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်။

ZoRO တွင် စတင်တာဝန်ထမ်းဆောင် သည့်အချိန်မှစပြီး Pu R. Thangmawia သည် ကမ္ဘာ့ကုလသမဂ္ဂလက်အောက် ရှိ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာ စာချူပ်များကို ဆွဲကိုင်ကာ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် သုံးနိုင်ငံတွင် ပြန့်နှံ့နေ ထိုင်ခဲ့ကြရသော  Chin-Lushai-Kuki မျိုးနွယ် စုများအား လုံး အုပ်ချူပ်မှုတစ်ခု (One Administration) အောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွပြန်လည်နေထိုင်ခွင့်ရရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းလုပ်ဆောင်ခဲ့သူဖြစ်သည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပဏာမရွေးချယ်

Zomi Version >> Click

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်(ZCD)ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပဏာမရွေးချယ် ထားလိုက်ပြီဟု သိရသည်။
ချင်းပြည်နယ် တီးတိန်မြို့ ZCD ပါတီရုံးချုပ်၌ ယမန်နေ့က ကျင်းပသော ပါတီညီလာခံတွင် မြို့နယ် အသီးသီးမှ ပါတီကိုယ်စားလှယ်များက လာမည့် ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ တင်သွင်းခဲ့ကြသည်ဟု ZCD ပါတီမှ ပြောခွင့်ရ ပူး Anthony Kap Khan Khual က ပြောသည်။
“လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်အတည်ပြုတဲ့အဆင့်တော့ မဟုတ်သေးဘူး။ မြို့နယ် အသီးသီးက Nominate (လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အဲဒါတွေ အားလုံးကို ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက ပြန်လည်စီစစ်ပြီး ဒီလမကုန်ခင် ရွေးချယ်အတည်ပြုသွားမှာပါ’’ဟု ပူး Anthony က ပြောသည်။
ပူးကျင့်ရှင်းထန်ဦးဆောင်သော ZCD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်၊ တွန်းဇံ၊ ဟားခါး၊ ကလေး၊ တမူးမြို့ နယ်စသည့် မဲဆန္ဒနယ်မြေ စုစုပေါင်းအနည်း ဆုံး ၁၅ နေရာ တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယခုလက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသည် စာရင်းများမှာ တီးတိန်တွင် ၈ ဦး၊ တွန်းဇံတွင် ၉ ဦး၊ ကလေးမြို့တွင် ၃ ဦး၊ ဟားခါးတွင် ၁ ဦး စုစုပေါင်း  ၂၀ ဦး ရှိသည်ဟု သိရသည်။
၁၉၉၀ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ် ၀ါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သော ZCD ပါတီဥက္ကဌ ပူးကျင့်ရှင်းထန်သည် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
 မြို့နယ်ပါတီအသီးသီးမှ တင်သွင်းသော လွှတ်တော်လှယ်လောင်းများ၏ အမည်စာရင်းများမှာ-
ကလေးမြို့
1. Pu Gin Sian Kham
2. Pu Kap Khan Khual
3. Pu Ngul Do Tuang
ဟားခါး
1. Pu Khup San Thang
တီးတိန်
1. Pu Chin Sian Thang
2. Pu Gin Kam Lian
3. Pu Ngin Thang
4. Pu Thang Deih Khup
5. Pi Kam Khan Dim
6. Pi Ciin Do Niang
7.Pu Zam Za Mung leh Pu Nung Sian Tuang
တွန်းဇံ
1. Pu Do Khan Lian
2. Pu Pau Lun Min Thang
3. Pu Cin Suan Mang
4. Pu Mung Lan Thang
5. Pu Langh Kap Thang
6. Pi Cing Ngaih Mang
7. Pu Kham Khan Thang
8. Pu H Vum Za Nang
9. Pu Thang Za Mang







ချင်းဒီမိုကရေစီအဖွဲ့ချုပ် (Chin League for Democracy -CLD)

ချင်းဒီမိုကရေစီအဖွဲ့ချုပ် (Founded in 2014)

နိဒါန်း။
ချင်းလူမျိုးတို့သည် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ မကျရောက်မီ ကိုယ့်ကြမ္မာကို ဖန်တီးလျက် မိမိတို့နယ်မြေဒေသကို လွတ်လပ်စွာ စီမံအုပ်ချုပ်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ် လက်အောက်သို့ ကျရောက်သည့်အခါတွင် ချင်းတောင်တန်းဒေသကို ၁၈၉၆ခုနှစ်၊ ချင်းတောင်တန်းဒေသဥပဒေ (Chin Hills Regulation, 1896)ဖြင့် အုပ်ချုပ်ခဲ့သည်။ ချင်းတိုင်းရင်းသားတို့သည် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ရှမ်း၊ ကချင်၊ တိုင်းရင်းသားများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာအစိုးရကိုယ်စားလှယ်များနှင့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှုဖြင့် ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးအတူရယူခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်တံ့ခိုင်မြဲရေးအတွက်လည်း ချင်းလူမျိုးများသည် သစ္စာရှိစွာ ပါဝင်ဆောင်ရွက် ခဲ့ကြသည်။
ချင်းတိုင်းရင်းသားတို့သည် ပင်လုံစာချုပ်အရ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖွဲ့စည်း တည်ထောင်သော ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်ခဲ့ရာ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချင်းတောင်တန်းဒေသကို ချင်းဝိသေသတိုင်းဟုလည်းကောင်း၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်နယ်ဟုလည်းကောင်း၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၉အရ ချင်းပြည်နယ်ဟုလည်းကောင်း ပိုင်းခြားသတ်မှတ်ထားပါသည်။
ချင်းလူမျိုးများသည် ချင်းပြည်နယ်အတွင်းတွင်သာ စုစည်းနေထိုင်ကြခြင်းမဟုတ်ဘဲ ချင်းပြည်နယ်ပြင်ပ မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားတွင် ပြန့်ကျဲနေထိုင်လျက်ရှိပါသည်။ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် စစ်မှန်သောဒီမိုကရေစီရရှိရေးနှင့်အတူ စစ်မှန်သောပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အခြားတိုင်းရင်းသားများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည် ဆောင်ရွက်ရန်လိုအပ်လာပါသည်။ သို့ဖြစ်၍ ချင်းအမျိုးသားတစ်ရပ်လုံးအရေးအတွက် စည်းလုံး ညီညွတ်စွာ ရပ်တည်ဆောင်ရွက်နိုင်ရန် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို (၁-၄-၂၀၁၄)ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပါသည်။

ပါတီ၏ ရည်မှန်းချက်

ပါတီ၏ ရည်မှန်းချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်နှင့် တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုရှိသည့် စစ်မှန်သော ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊
(ခ) တိုင်းရင်းသားလူမျိုးများအားလုံးနှင့်အတူ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး နှင့် မိမိတို့ကြမ္မာကို လွတ်လပ်စွာ ဖန်တီးခွင့်ရရှိရေး၊
(ဂ) ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးကိုရှေးရှု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် တန်းတူညီမျှသော အခွင့်အလမ်းများ ရရှိရေးနှင့် တပြေးညီဖွံ့ဖြိုးတိုးတက်စေရေး။
(ဃ) ချင်းပြည်နယ်ပြင်ပ၌ ပြန့်ကျဲနေထိုင်ကြသော ချင်းလူမျိုးအနေဖြင့် ဥပဒေအရ ရပိုင်ခွင့်များ အပြည့်အ၀ရရှိနိုင်ရေး၊
(င) ချင်းအမျိုးသားရေးတွင် ချင်းအမျိုးသားတစ်ရပ်လုံး တစ်လုံးတစ်ဝတည်းဖြင့် လက်တွဲ ဆောင်ရွက်နိုင်ရေး၊
(စ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က လက်မှတ်ရေးထိုးအတည်ပြုပြီးဖြစ်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ချင်းလူမျိုးအားလုံး အပါအ၀င် နိုင်ငံသားတိုင်း အပြည့်အ၀ ခံစားရရှိနိုင်ရေး၊
(ဆ) တိုင်းရင်းသားလူနည်းစုများနှင့် ချင်းတိုင်းရင်းသားတို့၏ အခွင့်အရေးကို ထိခိုက် နစ်နာမှုမရှိစေရန် လုံလောက်သော အကာအကွယ်ရရှိရေး၊

ပါတီ၏အခြေခံမှုများ

ပါတီ၏ အခြေခံမူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ပါတီသည် စစ်မှန်သော ဒီမိုကရေစီစနစ်ကို အစဉ်ကျင့်သုံးသည်။
(ခ) ပါတီသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံး ညီညွတ်ရေးကို အစဉ်ရှေ့ရှုသည်။
(ဂ) ပါတီသည်ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကို အလေးထားဆောင်ရွက်သည်။
(ဃ) လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် စနစ်တကျထွန်းကားလာရေးအတွက် အလေးထား ဆောင်ရွက်မည်။
(င) စစ်မှန်သော ဒီမိုကရေစီရရှိရေး၊ စစ်မှန်သော ပြည်ထောင်စုစနစ်တည်ဆောက်ရေးနှင့် တိုင်းရင်းသားလူမျိုးများအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လှုပ်ရှား ဆောင်ရွက်သော
နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲ ဆောင်ရွက်မည်။
(စ) ချင်းအမျိုးသားရေးအတွက် ရည်မှန်းချက်နှင့် မူဝါဒချင်းတူညီသော ချင်းနိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မည်။
(ဆ) ချင်းပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများအရေးကိစ္စအ၀၀နှင့် စပ်လျဉ်း၍သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအာဏာပိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှု အဖွဲ့အစည်းများ၊
နိုင်ငံတော်အဆင့် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်။
(ဇ) ပညာရေး၊ ကျန်းမာရေး၊ လူမှုဘ၀မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် ဆောင်ရွက်သွားမည်။

cldinfo2014@gmail.com

NLD နဲ့ တိုင်းရင်းသားပါတီများ ပြိုင်ဘက်ဖြစ်နေလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြိုင်အရွေးခံမယ်ဆိုရင် တိုင်းရင်းသားပါတီတွေအတွက် နစ်နာနိုင်စရာအကြောင်း ရှိပါသလား။ တိုင်းရင်းတွေ လိုချင်နေတဲ့ အခွင့်အရေးတွေကိုကော NLD အနေနဲ့ မပြည့်အဝ ဖေါ်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီတွေက ယုံကြည်ကြပါရဲ့ လား ဆိုတာတွေကို SNDP ကျားဖြူအမတ် ဦးရဲထွန်း၊ NLD ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်၊ SNLD ကျားခေါင်းပါတီ ဝါရင့်ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်တို့နဲ့ ဦးကျော်ဇံသာတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်း ခင်များ … အခု ၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားဒေသတွေကို စည်းရုံးရေးဆင်းပါတယ်။ အဲဒီအခါမှာ တိုင်းရင်းသားတချို့ ဆီက အသံတွေ ဘာကြားလာရသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာလာပြီး သူတို့ပါတီတွေနဲ့ ယှဉ်ပြီးအရွေးခံမယ့်ကိစ္စကိုတော့ နည်းနည်း သူတို့ကို ဦးစားပေးသင့်တယ့်သဘောမျိုး ပြောကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးရဲထွန်းရဲ့  အမြင်ကို ပထမဦးဆုံး ပြောပေးပါ။

ဦးရဲထွန်း ။ ။ ကျနော့်ရဲ့  အမြင်ကတော့ အဲဒီလို ဦးစားပေးတာ၊ ရှောင်ပေးတာဆိုတဲ့ဟာကတော့ နှစ်ပါတီစလုံးရဲ့  သဘောထားနဲ့ ဆိုင်တာပေါ့။ ဒါပေမဲ့ ဒီမိုကရေစီစနစ်မှာတော့ ဒီလိုပဲ ပြိုင်ကြရမှာ။ ဘယ်ပါတီက ဘယ်ပုဂ္ဂိုလ်က ပြည်သူလူထု အကျိုးစီးပွားကို တကယ်ဆောင်ရွက်နိုင်မလဲ။ တကယ်ကိုယ်စားပြုနိုင်သလဲ ဆိုတာကို အလုပ်နဲ့သက်သေပြကြရမယ်။ ဒါကြောင့် ဒီလိုပြိုင်ချင်းအတွက်ကို ကျနော့်အနေနဲ့ တဦးချင်းသဘောထားကို ပြောမယ်ဆိုရင်တော့ ဘာမှထင်မြင်ချက် မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဦးရဲထွန်းတို့ ပါတီ။ ဟိုတုန်းက နိုင်ခဲ့တဲ့ ALD ရခိုင်၊ SNLD တို့ အဲဒီလို ပါတီတွေကတော့ တိုင်းရင်းသားဒေသမှာ ဘယ်သူယှဉ်လာလာ ခင်များတို့ပါတီတွေက အနိုင်ရနေတယ်။ ထိပ်ဆုံးကနေတယ်ဆိုတဲ့ သဘောမျိုးတော့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်တယ်လို့ပြောတဲ့ တိုင်းရင်းသားတချို့ က သူတို့က ပါတီငယ်တွေဖြစ်တယ်။ ဖွဲ့စပါတီတွေ ဖြစ်တယ်။ အဲဒါကြောင့် သူတို့ဟာ သူတို့အင်အားကို သူတို့ စိတ်မချလို့ စိုးရိမ်စိတ်နဲ့ ပြောတယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စကို ဘယ်လောက် စာနာနိုင်ပါလဲ။

ဦးရဲထွန်း ။ ။ ကျနော်ကတော့ အခုပြောတဲ့ သဘောထားတွေကတော့ ကျနော့် တဦးချင်းရဲ့  သဘောထားတွေပါ။ ကျနော်ကတော့ ဒီမိုကရေစီကို ယုံကြည်တယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေက ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အဲဒီတော့ ပြိုင်ဆိုင်မှုစနစ်ဆိုတာ ဒီမိုကရေစီစနစ်မှာ မှတ်ကျောက်တခုပဲ။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလို ပြိုင်ဆိုင်တာကိုတားတယ်။ မပြိုင်ပါနဲ့လို့ စိုးရိမ်တာကိုက ဒီမိုကရေစီ မဆန်ဘူးလို့ ယူဆတယ်။ ပြိုင်ရမယ်။ ဘယ်သူက ပြည်သူလူထုကို တကယ် ကိုယ်စားပြုသလဲ။ တကယ် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ ကျနော်တို့က ကာလတခု ဖြတ်သန်းပြီးမှ သိမှာ။ တိုင်းရင်းသားပါတီလို့ နံမည်ခံထားလို့လဲ တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွားကို တကယ် ကိုယ်စားပြုတဲ့ပါတီ၊ တကယ် ကိုယ်စားပြုတဲ့လူ ဖြစ်ချင်မှလဲဖြစ်မှာပေါ့။ NLD ပါတီကလဲ တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်ပြောပြီး တကယ့်လက်တွေမှာ တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွား၊ တိုင်းရင်းသားတွေရဲ့  တန်းတူအခွင့်အရေးရဖို့ဆိုတာကို ဖော်ဆောင်နိုင်တဲ့ ပါတီ ဖြစ်ချင်မှဖြစ်မှာပေါ့။ ဆိုလိုချင်တာက ယှဉ်ပြိုင်ပြီးတော့ လက်တွေ့လုပ်တဲ့ ဖြစ်စဉ်တခု ဖြတ်သန်းပြီးမှသာ ဒါကို သိနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ယှဉ်ပြိုင်တာကို ကျနော်ကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆန့်ကျင်တာ၊ ကန့်ကွက်တာ၊ စိုးရိမ်တာ မရှိဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တိုင်းရင်းသားပါတီတွေက လိုလားကြတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားအရေးကိစ္စမှာ တိုင်းရင်းသားပါတီတွေ အထူးသဖြင့် ဦးရဲထွန်းပါတီရဲ့  ခံယူချက်နဲ့ တန်းတူရှိတယ်လို့ ယူဆပါလား။

ဦးရဲထွန်း ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ NLD ပါတီက အခု တိုင်းရင်းသားပါတီတွေ အာရုံစိုက်နေတဲ့ ကျနော်တို့နိုင်ငံကို ဖယ်ဒရယ်စနစ် ပီသအောင်၊ ဖယ်ဒရယ်စနစ်ပီပြင်အောင် ဖော်ဆောင်သွားဖို့ဆိုတဲ့ စိတ်ဝင်စားမှုမျိုး အားနည်းနေတာတော့ တွေ့ရတယ်။ သူတို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ပါတီ ပေါ်လစီတွေမှာ ချပြတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းတွေမှာ မတွေ့ရဘူး။ အဲဒါကို ထောက်ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့  တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဆိုတာ ဘာ၊ ဖယ်ဒရယ်စနစ်ဆိုတာ ဘာဆိုတာကို သူတို့ နားလည်မှု အားနည်းတာ၊ စိတ်ဝင်စားမှု အားနည်းတာကို ကျနော် သတိထားမိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမနန်းခင်ထွေးမြင့် သဘောထားကို သိချင်ပါတယ်။ တိုင်းရင်းသားတွေဘက်က စိုးရိမ်စိတ် ရှိကြပါတယ်။ ဒေသခံပါတီတချို့ ပေါ့။ ဆရာမကိုယ်တိုင် တိုင်းရင်းသူကိုယ်စားလှယ် တယောက်ဖြစ်တယ်။ NLD မှာ လှုပ်ရှားနေတယ်ဆိုတော့ အဲဒီ တိုင်းရင်းသားတွေရဲ့  စိုရိမ်မှုကို ဆရာမအနေနဲ့ ဘယ်လို သဘောထားပါလဲ။ သူတို့ရဲ့  စိုးရိမ်မှုကို နားလည်နိုင်ပါလား။ ဘာလို့ ဖြစ်ကြတယ် ထင်ပါလဲ။

ဒေါ်နန်းခင်ထွေးမြင့် ။ ။ တိုင်းရင်းသားတွေကို ကျမ နားလည်ပေးနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နဂိုကတည်းက တိုင်းရင်းသားတွေရဲ့ အရေးကို စဉ်းစားလာတယ်။ စဉ်းစားလာတယ်ဆိုတာ အခုမှ မဟုတ်ပါဘူး။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တိုင်းရင်းသားတွေပေါ် ထားရှိတဲ့သဘောထားတွေကို ယုံကြည်လို့၊ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ ကျမတို့ခေါင်းဆောင်တွေရဲ့  သဘောထားကိုလည်း ယုံကြည်တယ်။ ဒီအတွက် ကျမ ပြောချင်တာကတော့ တိုင်းရင်းသားတွေအနေနဲ့ ဒီအတွက် စိုးရိမ်စရာမလိုဘူး။ ကျမက အထဲထဲမှာ ထဲထဲဝင်ဝင် လုပ်ကိုင်နေတဲ့ လူတယောက်အနေနဲ့ ဒီလိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေရဲ့  ရွေးကောက်ပွဲ မဲအနိုင်အရှုံးအပြင် တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေးဆန္ဒ ပြည့်ဝရေးကိစ္စကလည်း ဒီနေရာမှာလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ အခု တိုင်းရင်းသားတွေ တောင်းဆိုတာ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးကို ပြောနေကြပါတယ်။ တိုင်းရင်းသားတွေရဲ့  ဆန္ဒအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  သဘောထားက ဘယ်လို ရှိပါလဲ။

ဒေါ်နန်းခင်ထွေး ။ ။ အခုမှ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  Manifesto စ ရေးကတည်းက ကျမတို့ တိုင်းရင်းသားပြည်ထောင်စုစစ်စစ်မူ ဆိုပြီးတော့ ဖယ်ဒရယ်ကို ကျမတို့က ဟိုအရင်ကတည်းက ပြောခဲ့တယ်။ ဒီတိုင်းရင်းသားတွေ လိုအပ်တဲ့ ဖယ်ဒရယ်ကို တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဘာတို့ တောင်းဆိုထားတဲ့ဟာတွေက ဟိုအရင် မယ်သရောထမှာ လုပ်တဲ့အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းပြောင်းတင်းတင်း ထောက်ခံပြီးတော့ ဆွေးနွေးခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွှန့်လွင် ခင်များ … ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စကတည်းက ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မူကို လက်ခံခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံထားတဲ့ ဖယ်ဒရယ်မူစစ်စစ်ဟာ တိုင်းရင်းသားတွေရဲ့  လိုအပ်ချက်နဲ့ ထပ်တူကျတယ်လို့ ပြောနိုင်ပါလား။

စိုင်းညွှန့်လွင် ။ ။ တကယ်လိုသာ သူတို့ ပြောသလို ဖယ်ဒရယ်စစ်စစ်မူကို လက်ခံခဲ့တယ်ဆိုရင် ကျနော်တို့ ကိုယ့်ဘာသာကိုယ်၊ တိုင်းရင်းသားပါတီတွေ ထူထောင်စရာ မလိုတော့ဘူး။ အဲဒီအထဲကို ကျနော်တို့ ခြေဆုန်ပစ် ဝင်သွားမှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်အချက်ကို မေးခွန်းထုတ်လိုပါလဲ။ သူတို့ ဖယ်ဒရယ်စစ်စစ်မူဟာ တိုင်းရင်းသားတွေ လိုချင်တဲ့ဟာနဲ့ အံ့ဝင်ခွင်ကျ မဖြစ်ဘူးဆိုရင်။

စိုင်းညွှန့်လွင် ။ ။ အရှင်းဆုံး ပြောရရင် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ်ဆွေ အရင်းခေါက်ခေါက်တွေပါ။ အမြဲတမ်းလည်း ဆက်သွယ်နေကြတာပါ။ ဒါပေမဲ့ ကျနော်တို့ ဆွေးနွေးထားတာ တခါမှ မရှိပါဘူး။ အပြည့်အစုံ ပြောရမယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က Commitment ဖြစ်မယ့် ကိစ္စတွေမှာ ရှောင်လွှဲခဲ့တယ်။ တိုင်းရင်းသားတွေဘက်က ဖြစ်စေချင်တယ်။ Commitment တခုခု ရှိစေချင်တယ်။ ဒါပေမဲ့ အဲဒါ ဘာမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် အခက်အခဲတွေ ဖြစ်သွားတာ။ နောက်တချက် ကျနော် ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ ၉၀ ပြည့်နှစ်တုန်းနဲ့ မတူတဲ့အချက် တချက်ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်နယ် (၇) ခုမှာ တိုင်းရင်းသားပါတီတွေဆိုတာ (၉၀) တုန်းကလို တခုစီ မဟုတ်တော့ဘဲ၊ အုပ်စု (၂) ခု ဝင်ပြီးပြိုင်နေသလို ဖြစ်နေတယ်။ အဲဒါကို ဦးကျော်ဇံသာ နားလည်မှာပါ။ ပြည်နယ်တိုင်း ပြည်နယ်တိုင်းမှာ အုပ်စုတွေ ရှိတယ်။ ပါတီတခုတည်းကို ကိုယ်စားပြုပြီး ပြိုင်တဲ့ဟာ မဟုတ်တော့ဘဲ။ အဲဒီ လူမျိုးထဲမှာပဲ လူမျိုးထဲမှာပဲ ပါတီ (၂) ခုဖြစ်တယ်။ (၃) ခု ဖြစ်တယ်။ (၄) ခုဖြစ်တယ်။ အခု ၂၀၁၅ မှာ ဒါက ထူးခြားမှုဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအကဲခတ်တွေ တော်တော်များများက မဲတွေကွဲပြားသွားမှာကို စိုးရိမ်တယ်။ အဲဒီကြားထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်တွေမှာ ဝင်လိုက်ရင် မဲတွေကွဲပြားသွားမယ်။ အဲဒါကို စိတ်ပူကြတာပါ။ မဟာမိတ်အချင်းချင်းဆိုတော့ ညှိနှိုင်းသင့်တယ်။ အဲဒီ အယူအဆတွေနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိတော့ အရိုးသားဆုံ ပြောရရင်တော့ မဲဆန္ဒနယ်မြေတွေ ပတ်သက်လို့ အသေးစိတ် ဘာမှ မဆွေးနွေးနိုင်ကြဘူး။ အဲဒီအတွက်တော့ အခက်အခဲ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်းတို့ရဲ့  NLD ပါတီအပေါ် ဦးရဲထွန်းရဲ့  တဦးတည်းအမြင်ကို ကျနော် တန်းဖိုးထားပါတယ်။ ဒါပေမဲ့ ပါတီအနေနဲ့ အမြင်ကို အမတ်တယောက်အနေနဲ့ ဘယ်လောက် သိပါလဲ။ NLD တိုင်းရင်းသားအရေးအပေါ် ဦးရဲထွန်းတို့ရဲ့  ကျားဖြူပါတီရဲ့  သဘောထား။

ဦးရဲထွန်း ။ ။ ကျနော်တို့ တိုင်းရင်းသားအရေးကိစ္စနဲ့ ကျနော်တို့ပါတီရဲ့  သဘောထားကတော့ ဖယ်ဒရယ်စနစ်ကို သွားဖို့ပါပဲ။ ဖယ်ဒရယ်စနစ်ကို သွားဖို့ရာ ကျနော်တို့က ယခုလက်ရှိ ပြည်နယ် (၇) ခုနဲ့ တိုင်းဒေသကြီး (၇) ခု (၁၄) ခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိုင်းခြားထားတဲ့အတိုင်းကို ကျနော်တို့က လက်ခံတယ်။ သို့သော် အဲဒီ ပြည်နယ်နဲ့တိုင်းဒေသကြီးကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာ၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာတွေကို ဖယ်ဒရယ်စနစ်တခု ပီပီပြင်ပြင်ဖြစ်အောင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ အနေအထားမျိုးအထိရောက်အောင် တိုးချဲ့ ပေးသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ထားပါတယ်။ အဲဒီတော့ SNLD လို့ခေါ်တဲ့ ကျားခေါင်းပါတီနဲ့ ကွဲလွဲတာကတော့ သူတို့က ပြည်နယ် (၈) ပြည်နယ်။ ဗမာက တိုင်းဒေသကြီး (၇) ခုကို ပေါင်းပြီးတော့ ပြည်နယ် (၁) ခုအနေနဲ့  (၈) ပြည်နယ်။ လူမျိုးအလိုက် ပြည်နယ် (၈) ခုကို သူတို့က အသိအမှတ်ပြုတယ်။ ဖယ်ဒရယ်စနစ်ကို သွားကြတာတော့ အတူတူပါပဲ။ ကွဲပြားခြားနားတာကတော့ (၁၄) ပြည်နယ်လား။ (၈) ပြည်နယ်လား ကိစ္စမှာလား ကွဲပြားခြားနားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD ရဲ့  သဘောထားကို ဒီကိစ္စ ဖယ်ဒရယ် ဘယ်နှစ်ခု ပါဝင်မယ်ဆိုပြီးတော့ သဘောထားရှိပါလဲ။

ဦးရဲထွန်း ။ ။ NLD က ဖယ်ဒရယ်စနစ်သွားဖို့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် ရှင်းရှင်းလင်းလင်း မသိပါဘူး။ သူတို့ ချမှတ်ထားတာ ရှိကောင်းရှိမယ်။ သို့သော် လောလောဆယ်အားဖြင့် မကြာခဏ သူတို့ ပြောနေတာက (၄၃၆) ပြင်ဆင်ရေးနဲ့ (၅၉(စ) ပြင်ဆင်ရေးကိစ္စမှာ အာရုံစိုက်နေတဲ့အတွက် ဒီဟာနဲ့ ပတ်သက်လို့ သူတို့ ပေါ်လစီ ရှိကောင်းရှိနိုင်ပေမယ့် ကျနော်တော့ ထပ်ခါတလဲလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖယ်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်းပြည်ရဲ့  ဒီနေ့ ပထမဦးဆုံး ဖြေရှင်းရမယ့် ပြဿနာအဖြစ်နဲ့ ရှေ့ တန်းမတင်ထားဘူးဆိုတာကို သတိထားမိပါတယ်။

CNDP မှ Census Results အမြင် နှင့် Statement

ဗဟို သန်းခေါင်စာရင်းကော်မရှင် နှင့် လူဝင်မှုကြီး ကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ CNDP မှ အကြံပြုတင်ပြ ချက်များ



Kawlgam lam aa Zomi Council te in Zumhonna nei ding




ချင်းပြည်နယ်မှာ ချင်းပါတီတွေ အစိုးရဖွဲ့စည်း အုပ်ချုပ်နိုင်ရေး ဆွေးနွေး

လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအပြီး မှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ချင်းပြည်နယ်မှာ အစိုးရတာဝန်မယူသင့်တော့ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ် က ပြောပါတယ်။
လက်ရှိအစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင် ခဲ့တာမရှိတဲ့အတွက် တာဝန်မထမ်းဆောင်သင့်တော့ ဘူးလို့ ဦးဇိုဇမ်က RFA ရဲ့ မေးမြန်းချက်ကို ဖြေကြား ခဲ့တာဖြစ်ပါတယ်။
"အခုချင်းပြည်နယ်မှာ အစိုးရအနေနဲ့ တာဝန်ယူ ထားတဲ့အဖွဲ့တွေ ပါတီပေါ့နော် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ကတော့ သူတို့ဆက်လက်ပြီးတော့ မလုပ်သင့်တော့ဘူးလို့ ကျနော် အဲ့လိုပဲပြတ်ပြတ် သားသား သူတို့ကိုအကြံပြုချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၅ နှစ်တာကာလမှာ လုပ်သင့်လုပ်ထိုက် တဲ့ကိစ္စတွေ တော်တော်များများ သူတို့မလုပ်နိုင်ခဲ့ဘူး၊ ပြည်ထောင်စုအစိုးရအနေနဲ့ ချပြထားတဲ့ဘက် ဂျက်ငွေတွေတောင်မှ သေသေချာချာ မကိုင်တွယ်နိုင်တဲ့ အခြေအနေမှာလည်းရှိတယ်၊ ဖွံ့ဖြိုးတိုးတက် မှုနောက်ကျတာကလည်းပဲ ဒီဘက်ဂျက်ကိုကိုင်ခွင့်ရှိတဲ့ စီစဉ်ညွှန်ကြားနိုင်တဲ့ အခြေအနေရထားတဲ့အဖွဲ့ အစည်းအပေါ်မှာ အများကြီးမူတည်တယ်"
ရန်ကုန်မြို့ Summit Parkview Hotel မှာ ချင်းအမျိုးသားနိုင်ငံရေးပါတီ ၁ဝ ပါတီဟာ လာမယ့် ၂ဝ၁၅ ရွေးကောက် ပွဲအပြီးမှာ ချင်းပါတီတွေနဲ့ ချင်းပြည်နယ်အစိုးရ ဖွဲ့နိုင်ရေးအတွက် ဘယ်လိုကြိုးပမ်းရမလဲ ဆိုတာကို ဆွေးနွေးနေ ကြတာဖြစ်ပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ချင်းပါတီတွေအားလုံး အတူတကွပူးပေါင်း ဆောင်ရွက် သွားဖို့ကို အဓိကထားဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

လက်ရှိပညာရေးအတွက် CNDP တင်သွင်းသည့် စာတမ်း

တိုင်းရင်းသား ပြည်သူများ လိုလားသော ပညာရေးစနစ် ပေါ်ပေါက်လာရေး အမျိုးသား ပညာရေးဥပဒေကြမ်း ပြင်ဆင်ဖြည့်စွက်နိုင်ရေး ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ အမျိုးသားလွှတ်တော်သို့ တင်သွင်းသည့် စာတမ်း
၁။ ဤဥပဒေ၏ အမည်နှင့်ပတ်သက်၍ ---- “အမျိုးသား ပညာရေးဥပဒေ” ဆိုသည့် စကားရပ်အစား “ပြည်ထောင်စု ပညာရေးဥပဒေ”ဟု ပြင်ဆင်သင့်ပါသည်။ (အကြောင်းမှာ - ‘အမျိုးသား’ ‘Nation/National’ ဆိုသည့် စကားလုံးသည် လူမျိုးဖြစ်တည်မှုကို အခြေခံသည့်အတွက် လူမျိုးပေါင်းစုံ နေထိုင်သော မြန်မာနိုင်ငံ ကဲ့သို့သော Multinational-State အနေအထားတွင် အတတ်နိုင်ဆုံး ရှောင်ရှား သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူအရ မြန်မာနိုင်ငံကို ‘ပြည်ထောင်စု’ ဟု ခေါ်တွင်လျက်ရှိသည်နှင့်အညီ ပြည်ထောင်စုစိတ်ဓတ်ကို မြှင့်တင်သောအားဖြင့် ‘အမျိုးသား’ ဆိုသည့်အစား ‘ပြည်ထောင်စု’ ဟု ပြင်ဆင်စေလိုခြင်းဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်းဆိုရသော် ‘အမျိုးသား’ ဆိုသည့် စကားလုံးကို အစိုးရက တစ်ပြည်လုံး ခြုံငုံ၍ ယခုကဲ့သို့ သုံးနှုန်းခြင်းကို တိုင်းရင်းသားလူနည်းစုများအနေဖြင့် သံသယ စိတ်များ ၀င်တတ်ပါသည်။)

၂။ “မြန်မာစကား” ဟူသည့်စကားရပ်ကို ----- “ဗမာစကား” ဟု ပြင်ဆင်သင့်သည်။ (၁၉၇၃- စကားရပ်များ အနက်အဓိပ္ပယ်ဖွင့်ဆိုရေးဥပဒေ တွင် ‘‘မြန်မာ’ ဆိုသည်မှာ ဤနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ ရခိုင်၊ မွန်.. စသည်များ ခြုံငုံသည်ကိုတွေ့ရသည်။ ယခုတိုင်းပြည်မှာ ရုံးသုံးဘာသာစကားအဖြစ် သုံးစွဲလျက်ရှိသော ဘာသာစကားသည် အထက်တွင်ဖော်ပြထားသော တိုင်းရင်းသား လူမျိုးများထဲက ဗမာလူမျိုးများ၏ စကား ဖြစ်ပါသည်။ ယင်းကို ရောထွေးသုံးနှုန်းရန် မသင့်ပေ)
၃။ ဗဟိုချုပ်ကိုင်မှုလျှော့ချသင့်သည်။ ----- အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံအများစုသည် ပညာရေးစနစ်တွင် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည် ကိုတွေ့ရသည်။ ယင်းသည် ဖက်ဒရယ်စနစ်တွင် မရှိမဖြစ် လိုအပ်သော အချက်လည်း ဖြစ်သည်။ ထို့ကြောင့် အခြေခံပညာကျောင်းဖြစ်သော မူလတန်းမှ အထက်တန်းထိ ပညာရေးစနစ် စီမံခန့်ခွဲပိုင်ခွင့်အာဏာ၏ အများစုကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်များ၏ လုပ်ပိုင်ခွင့်တွင် ထားရှိသင့်သည်။ သင်ရိုးညွှန်တမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် သင်ရိုးညွှန်းတမ် ရေးဆွဲရေးကော်မတီ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးကော်မတီ ဟု အဆင့်(၂)ဆင့် ဖွဲ့စည်းစေပြီး လုပ်ပိုင်ခွင့် ၅၀/၅၀ဖြင့် ပူးတွဲရေးဆွဲသင့်သည်။
၎။ Three Languages System -- စာသင်ကြားရေးနှင့် ပတ်သက်၍ “အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အခန်း (၄)၊ (င) တွင် ပါရှိသာ “ဘာသာစကား သုံးမျိုး(သင်ကြားရေး) စနစ်” ကို မိမိတို့ပါတီ အနေဖြင့် အပြည့်အ၀ထောက်ခံကြောင်း တင်ပြလိုပါသည်။ သို့သော် ဤနေရာတွင် သုံးနှုန်းသည့် ‘မိခင်ဘာသာ စကား’ ဆိုသည့်စကားရပ်အစား ‘တိုင်းရင်းသား မိခင်ဘာသာစကား’ ဟု ပြင်ဆင်စေလိုပါသည်။ (အချို့ပုဂ္ဂိုလ်များက Multilingual Education System ကို တိုင်းပြည် စည်းလုံးရေး ထိခိုက်နိုင်သည်၊ သင်ကြားရန် ရှုပ်ထွေးနိုင်သည်၊ ကုန်ကျစရိုတ်များနိုင်သည်၊ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ဝေဖန်ကြသည်။ အမှန်မှာ တိုင်းရင်းသားများကို မိခင်ဘာသာစကား မသင်ကြားစေခြင်းသည်သာ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ပျက်ပြားစေပါသည်။ တိုင်းရင်းသားဘာသာစကား သင်ကြားရေးသည် သက်ဆိုင်ရာ တိုင်းရင်းသားများ အခွင့်အရေး ဖြစ်သည်နှင့် အညီ ပြည်ထောင်စု အစိုးရနှင့် ဗမာအစ်ကိုကြီးဖက်မှ အလွန်အကျွံ မစိုးရိမ်သင့်ပဲ သက်ဆိုင်ရာ တိုင်းရင်းသားများကို စိတ်ချလက်ချ လွှဲအပ်သင့်ပါသည်။ သက်ဆိုင်ရာ တိုင်းရင်းသားတို့အနေဖြင့် သင်ကြားရေးအတွက် ပြင်ဆင်မှုပြုလုပ်ပြီး အဆင်သင့်ဖြစ်သည့်အချိန်တွင် သင်ကြားရန်သာရှိပါသည်။ မြန်မာနိုင်ငံ ထက် လူမျိုးစု ဘာသာစကားကွဲ (dialect) ပိုများသော အင်ဒိုနီးရှား - (၇၀၆)မျိုး၊ အိန္ဒိယ ၄၄၇၊ ဖိလစ်ပိုင် ၁၈၁၊ မလေးရှား ၁၃၈၊ နီပေါ ၁၂၁ မျိုး၊ စသည့် အိမ်နီးချင်း နိုင်ငံများပင်လျှင် ဤအတွက် ရှေ့တန်းရောက် နေကြပါပြီ။ ကမ္ဘောဒီးယား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများဆိုလျှင် တိုင်းရင်းသား မိခင်ဘာသာ စကားများကို သင်ကြားရေးဘာသာစကား (Language of Instruction) အနေနဲ့ စတင်သင်နေပါပြီ။
၅။ ကျောင်း Uniform ၀တ်စုံနှင့် ပတ်သက်၍ - စိမ်း/ဖြူ ကို ဆက်လက်အသုံးပြုရန် ထောက်ခံ တင်ပြပါသည်။ သို့သော် ကျောင်းစိမ်းကို လုံချည်သက်သက်ဖြင့်သာ ၀တ်ဆင်ခွင့်ပြုခြင်းသည် တောင်တန်းနေ တိုင်းရင်းသားများအတွက် အဆင်မပြေမှုများ ရှိပါသည်။ တောင်တန်းတိုင်းရင်းသား အများစုသည် လုံချည်ကို ရိုးရာယဉ်ကျေးမှုအရ ၀တ်ဆင်ထားခြင်း မရှိသည့်အပြင် ပထ၀ီ်နေရာဒေသနှင့် အေးစက်သော ရာသီဥတုအရ အဆင်မပြေမှုများ ရှိပါသည်။ သို့ဖြစ်၍ စိမ်း/ဖြူကို အခြေခံ၍ ၀တ်စားဆင်ယဉ်မှုအပိုင်းတွင်မူ မတူကွဲပြားမှုကို အသိအမှတ်ပြုသောအားဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအလိုက် သတ်မှတ်ပိုင်ခွင့်ရှိသင့်သည်။
၆။ အစိုးရ အခြေခံပညာကျောင်း ဖွင့်လှစ်ချိန်(ရာသီ) - ပြန်လည်သုံးသပ်သင့်ပါသည်။ အခြေခံအားဖြင့် မိုးတွင်းနှင့် ဆောင်းတွင်းများသည်၊ အထူးသဖြင့် တောင်တန်းဒေသ တိုင်းရင်းသား ကျောင်းသား/သူ ကလေးများအတွက် ကျောင်းတက်ရန် အခက်အခဲရှိပါသည်။ ထို့ပြင် တောင်ယာလုပ်ငန်း လုပ်ဆောင်လျက်ရှိသည့်အချိန်၊ စားဝတ်နေရေး ခက်ခဲသည့်အချိန် ဖြစ်သောကြောင့် မိဘအုပ်ထိန်းသူများက သားသမီးများကို အချိန်ပြည့် ဂရုစိုက် ပံ့ပိုးကူညီရန် အခက်အခဲများရှိကြပါသည်။ ယင်းကို ထည့်တွက်စဉ်းစားလျက် ကျောင်းဖွင့်ရာသီကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။
ကျေးဇူးတင်ပါသည်။
ဌာနချုပ်
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ
ရက်စွဲ - ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်။

ပလက်ဝနယ်ခံ များသည် CNA အပေါ် မတင်ကာ မကျေမနပ်ဖြစ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်တွင် တောရိုင်း ဆင်အကောင်ရေ စုစုပေါင်း ၅၀ကျော်ရှိနေသေးကြောင်းကို ၂၀၁၁ခုနှစ် တရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့  အဆိုအရ သိရပါတယ်။ သို့ သော် အကောင်ရေ ၅၀ဟာ အမဖြစ်ပြီး အထီး ၄ကောင်သာ ရှိကြောင်းကို သိရှိရသည်။
နိုင်ငံတော် ပေးတဲ့တာဝန်အရ တရိစ္ဆာန်မျိုး မပြုတ်အောင် ကျွန်တော်တို့ အစွမ်းကုန် စောင့်ရှောက်ထားပါတယ်။ သို့ သော် CNA,F ထိန်းချုပ်နယ်မြေကို ကျွန်တော်တို့ ဝင်ရောက် စောင့်ရှောက်ခွင့် မရခဲ့ဘူး ဆင်အုပ်ကြီးများသည် ထိုနေရာကို ဝင်ရောက် ကျက်စားတတ်လျှက်ရှိကာ CNAထိန်းချုပ်နယ်မြေထဲ ဝင်ရောက်ကျက်စား ခဲ့ပြီဆိုရင် အထီးတစ်ကောင်ပြီး တစ်ကောင် ပြန်ပေါ်မလာတော့ကြောင်း တာဝန်ရှိ ပုဂ္ဂို လ်တစ်ဦးက ဝမ်းနည်းစွာ ပြောဆိုခဲ့ပါတယ်။ ၂၀၁၄ခုနှစ် လေ့လာအတည်ပြုချက်အရ အထီး တစ်ကောင်သာ ကျန်ရစ်တော့ပြီကို တွေ့ ရပါတယ်။ တောင်ပိုင်းချင်းပြည်သူလူထုနဲ့ ပလက်ဝနယ်ခံ များသည် CNA အပေါ် မတင်ကာ မကျေမနပ်ဖြစ်ကြကြောင်းနဲ့  ပလက်ဝနယ်မှ အမြန်ထွက်ခွါစေချင် ကြကြောင်းကိုလည်း သိရှိရသည်။ Southern Chin Blood





ချင်းပြည်တောင်ပိုင်း ပလက်ဝနယ်အတွင်း CNA/CNF

ချင်းပြည်တောင်ပိုင်း ပလက်ဝနယ်အတွင်း CNA ဝင်ရောက် နေရာယူအပြီးမှာ မြစ်ချောင်းများ၌ ဗုံးခွဲ ငါးဖမ်းခြင်းကို အတားအဆီးမရှိ ကျယ်ကျယ်ပြန့် ပြန့့် လုပ်ကိုင်ကြသည်ကို တွေ့ ရတယ်ဟု အမည်မဖော်လိုသူ နယ်ခံတစ်ဦးကဆိုသည်။

ကျွန်တော်တို့  ပလက်ဝနယ်သားများ ငါးဟင်း မစားရတော့ဘူး ကလေးငယ်များ ဥနှောက် အဟာရဖြစ်စေတဲ့ ငါးဓာတ်လည်း အပြည့်အဝ မရနိုင်တော့ဘူးဗျ ဘာဖြစ်လို့ လဲဆိုတော့ CNAခွင့်ပြု ချက်ဖြင့် ဗုံးခွဲ ငါးဖမ်း မှုကြောင့် ငါးရှားပါးလာခြင်းဖြစ်တယ်။ အရင်ဆို ငါးအရမ်းကို ပေါများပြီး ယခုနောက်ပိုင်း မရှိတော့ဘူးဗျ ။ ရေသတ္တဝါမျိုးပြုတ်မှာကို ဒေသခံအားလုံး အရမ်းစိုးရိမ် နေကြကြောင်း ၄င်းကထပ်ဆိုသည်။

ရေသတ္တဝါမျိုးပြုတ်စေမည့် CNA လုပ်ရပ်အပေါ် ပလက်ဝနယ်သားများ ဒေါသထွက် မကျေမနပ်ဖြစ်ကြကြောင်းနဲ့ ပလက်ဝနယ်ရှိ CNA ဋ္ဌာနချုပ်ကို အမြန်ရွေ့ပြောင်းစေလိုကြောင်း ပလက်ဝနယ်ခံများ အဆိုအရ အသိရှိရသည်။

ချင်းပြည်တောင်ပိုင်းနယ်က စာလ်ထောင်ရွာသားတွေ CNF ပုဂ္ဂိုလ်ကို ကြို ဆိုတယ်ဆိုတာ ထောက်ခံလို့ မဟုတ်ဘူး ငြိမ်းချမ်းရေးကို ကြို ဆိုတဲ့ သဘောပဲ အစိုးရနဲ့ ပေါင်းသင်းလာတော့ စစ်ကြေး အကောက်မခံရတော့သလို ဥပဒေမဲ့ လုပ်ရပ်လည်း ကျယ်ကျယ်ပြန့် ပြန့်  လုပ်ခွင့်မရတော့တဲ့ အတွက် ဝမ်းမြောက်ကြိုဆိုခြင်း သက်သက်ဖြစ်ပါတယ်။

    CNAအဖွဲ့ မှာ အရာရှိ အပေါင်းအပါဝင်နဲ့  အများပြားဆုံးလူမျိုးဟာ မြောက်ပိုင်းသားများဖြစ်ကြသည်။ မြောက်ပိုင်းသားများ ဖြစ်ကြပြီး အဘယ်ကြောင့် မြောက်ပိုင်းနယ်၌ ဋ္ဌာနချုပ်မတည်ခဲ့ရသလဲ မေးမြန်းခဲ့မှု အပေါ် ကျွန်တော်ရဲ့ သုံးသပ်ချက်ကို ဖြေပြပေးမှာ ဖြစ်ပါတယ်။

    (၁) ချင်းပြည်နယ်၌ ကုန်း၊ရေ လမ်းပမ်းဆက်သွယ်ရေး အကောင်းဆုံးနေရာဟာ ပလက်ဝနယ်ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးအတွက် ပလက်ဝနယ်ကို မျက်စိကျ အားကျခဲ့ရခြင်းဖြစ်တယ်။
    (၂) သစ်၊ ဝါး ၊ ရှားပါး တရိစ္ဆာန်နှင့် အဖိုးတန် သစ်ဥ သစ်ခွ ပေါများတဲ့နေရာဟာ ပလက်ဝနယ် ဖြစ်ပါတယ်။ ဒါကြောင့် စီးပွါးရေးမျက်စိအမြင်ဖြင့် ပလက်ဝနယ်ကို အားကျ ခဲ့ရခြင်းဖြစ်တယ်။
    (၃) အပစ်အခပ် ရပ်ဆဲရေး အဆင်မပြေပါက စစ်ပြန်ဖြစ်ပွါးနိုင်သည့်အတွက် မြောက်ပိုင်းပြည်သူနဲ့ နယ်မြေ မထိခိုက်အောင် ပလက်ဝနယ်မှာ ဋ္ဌာနချုပ် တည်ခဲ့ရခြင်းဖြစ်တယ်။ CNF/A အရာရှိများ မိမိလူမျိုး မိမိပြည်သူ မြေဇာပင် ဖြစ်မှာကို ကြိုတင်ကာကွယ်စီစဉ်ခဲ့ခြင်းဖြစ်တယ်ဟု သုံးသပ် အဖြေရှာမိပါတယ်။
    Southern Chin Blood

ဖလမ်းမြို့တွင်စတုတ္တမြောက် CNF စီးပွားရေးရုံး ဖွင့်လှစ်

၁၈ ဖေဖေါ်ဝါရီလ ၂၀၁၅
အစိုးရနှင့် ပဏာမ ငြိမ်ချမ်းရေး ရယူထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) သည် ၄င်းတို့၏ စတုတ္တမြောက် စီးပွား ရေးရုံးကို ချင်းပြည်နယ် ဖလမ်းမြို့တွင် ဖေဖေါ်ဝါရီ (၁၇)ရက်နေ့က CNF ဥက္ကဌ ဟောင်း ဒေါက်တာ ဇလှေထန်း နှင့် ချင်းပြည်နယ် ဥပဒေချုပ် ပူး ကပ်တျဲာလ်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ရုံးဖွင့်ပွဲ အခမ်းအနားသို့ CNF ဖက်မှ အထွေထွေ အတွင်းရေးမှူး (၃) ပူး ခွါအုပ်လျန်၊ ထန်တလန် ဆက်ဆံရေးရုံး အရာရှိ ပူး အိပ်ခ်ျစီ ရာလ်နှင်း၊ တီးတိန်ဆက်ဆံရေးရုံးမှ တာဝန်ရှိများ နှင့် ခေါင်းဆောင် များ၊ အစိုးရဖက်မှ ချင်းပြည် နယ် နယ်လုံ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး နှင့် ဌာနဆိုင်ရာ၊ နိုင်ငံရေးပါတီ၊ မြို့မိမြို့ ဖ၊ ဘာသာရေးအသင်း အဖွဲ့၊ လူမှုအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိများ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရ သည်။


ဖွင့်ပွဲအခမ်းအနားတွင် CNF ဥက္ကဌ ဒေါက်တာဇလှေထန်းမှ အမှာစကားပြောကြားခဲ့ရာမှာ ယနေ့ ဖလမ်းမြို့မှာ စီးပွား ရေးရုံး ဖွင့်လှစ်တာဟာ အစိုးရနဲ့ အပစ်အခပ်ရပ်စဲပြီး ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်ပါအတိုင်း ငြိမ်း ချမ်းရေး ဖော်ဆောင်တာနဲ့ တဆက်တည်း ပြည်သူလူထု လိုလား တောင့်တနေတဲ့ စီးပွားရေး ၊ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ဖို့အ တွက် ဖြစ်ကြောင်း ထိုသို့ လုပ်ဆောင်ရာမှာ အစိုးရနဲ့ လက်တွဲသွားမှာဖြစ်ပြီး လူထုနှင့် ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက အစိုးရနှင့် CNF ငြိမ်းချမ်းရေး ဖြစ်စဉ် ကို ရှင်းလင်းပြီး ပြည်နယ်အဆင့် သဘောတူညီချက် (၇) နှင့် ဒုတိယ အကြိမ် ပြည် ထောင်စု အဆင့် သဘောတူညီချက် (၁၆) ပါ အ တိုင်း CNF နဲ့ လက်တွဲပြီး ဖော်ဆောင်နေတာဖြစ်ကြောင်း ထိုသို့ ဖော်ဆောင်ရာမှ အစိုးရတာဝန်ရှိများ၊ မြို့မိမြို့ ဖများ နှင့် ဒေသခံပြည်သူတွေက ပံ့ပိုးကူညီရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပဏာမ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ချင်းပြည်နယ်အစိုးရနှင့် CNF သည် ဒိန်းမတ် အခြေစိုက် DANIDA မှ တဆင့် ချင်းပြည်နယ်အတွင်း အထက်တန်းကျောင်းများတွင် ကွန်ပြူတာ နှင့် အင်တာနက် တပ်ဆင်ခြင်း၊ ဂျပန် Nippon Foundation မှ ရရှိသည့် ဆန်များကို ဖြန့်ဝေပေးခြင်း၊ လူထု ကျန်းမာရေးအတွက် ပံ့ပိုးပစ္စည်းများကို ပြည်သူထံ ဖြန့်ဝေပေးခဲ့သည်။

ထို့အပြင် ၀န်ကြီးက ဖေဖေါ်ဝါရီ (၂၀) ကို ချင်းအမျိုးသားနေ့အဖြစ် လည်းကောင်း၊ ဇန္န၀ါရီ (၃) ရက်နေ့ကို ချင်းပြည် နယ်နေ့အဖြစ်လည်းကောင်း ပြန်လည်သတ်မှတ် ကျင်းပနိုင်သည်မှာလည်း အစိုးရနှင့် CNF ၏ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဖလမ်းမြို့မမြို့ဖ ဒုတိယ ဥက္ကဌ Pu Ca Mang က " မိမိတို့ ဖလမ်းမြို့မှ စီအဲန်အက်ဖ် စီးပွားရေး ရုံးဖွင့်လှစ်တာကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ဖလမ်းနယ်အတွင်း ကွန်ပြုတာ၊ ဆန်အိတ်၊ ဆိုလာမီးတွေ ဖြန့်ဝေပေးမှု၊ အစိုးရမှ ပညာရေးကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွေ ဆောင်ရွက်ပေးမှုတွေ အပေါ် ၀မ်းသာကြောင်းဒေ သခံတွေရဲ့ လူမှုဘ၀ တိုးတက်ဖွံ့ဖြိုးဖို့ ဆက်လက်ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်း လုပ်ဆောင်ချက်များအ ပေါ် ဘုရားသခင်ကောင်းချီးပေးစေကြောင်း" ပြောကြားခဲ့သည်။

Lucky 7 အဖွဲ့မှ ခေါင်းဆောင်၊ ယခင် မဆလ ကာလက ဖလမ်းမြို့နယ် ပြည်သူ့ကောင်စီ ဥက္ကဌဟောင်း Pu Thang Kim ကလည်း ယခင်က CNF အပေါ် အမြင်လွဲမှားမှုတွေကို သင်ပုန်းချေပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ဒေသ ဖွံ့ဖြိုး ရေးတွေမှာ ပူးပေါင်းပါဝင်သင့်ကြောင်း၊ စီအဲန်ကို သူပုန်အဖြစ် မမြင်သင့်တော့ကြောင်း၊ လူထု အကျိုးစီးပွား အတွက် တော်လှန်ရေး လုပ်နေသူအဖြစ် မြင်သင့်ကြောင်း ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို မွန်းလွဲ နှစ်နာရီမှ စတင်ပြီး ညနေ ၅ နာရီတွင် ပူး ခွါအုပ်လျန် ကျေးဇူးတင် စကားပြောကြားမှု ဖြင့် အဆုံးသတ်ခဲ့ပြီး CNF မှ ညနေစာဖြင့် တည်ခင်းဧည့်ခဲ့ကြောင်း သိရှိရ သည်။
ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့သစ်၊ ပလက်ဝမြို့၊ မင်းတပ်မြို့ နှင့် ယခု ဖလမ်းမြို့များတွင် စီးပွားရေးရုံး (၄) ခု ကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ခိုနုမ်းသုန်သတင်း

ဇိုမီးတိုင်းရင်းသားအပါအဝင် နိုင်ငံရေးပါတီ ၈ ပါတီ




VOA: ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ 2015 ရွေးကောက်ပွဲပြင်ဆင်မှု